Monday, February 16, 2009


ကျမ ငယ်ငယ်က ဓါတ်ပုံလေးပါ

မနက်မိုးလင်းကာစအချိန်ပေါ့
အရမ်းအေးနေလို့စောင်ပုံထဲကမထွက်နိုင်ဘူး

ချစ်ချစ်ကပေးထားတဲ့အရုပ်လေးပေါ့

အရင်တုန်းကပုံလေးပေါ့
အခုပုံနဲ့တော့တခြားဆီပဲ

ချစ်သူများနေ့မှာ သူငယ်ချင်းတစ်ယောက်ကပေးတာ

ကျမ နှစ်သက်မိသော ဓါတ်ပုံတစ်ပုံ

အလွန်ရုပ်ဆိုးသောကျမ

ချစ်လှစွာသောမေမေ

Saturday, February 14, 2009

မရေရာမသေချာတဲ့အကြောင်းတွေ

မနေ့က တွေးမိတဲ့အကြောင်းအရာတွေထဲမှာ
ကျမ အလုပ်အကြောင်းလဲပါတယ် ကျမအချစ်အကြောင်းလဲပါတယ်
ကျမ မိသားစုအကြောင်းလဲပါတယ်
အတွေးတွေက အားတိုင်းတွေးမိနေမိတယ် ဝေးကွာနေတဲ့သူငယ်ချင်းတွေ
အကြောင်းလဲပါတယ်
မတွေ့ဖြစ်တော့တဲ့ လူစာရင်းတွေအကြောင်းလဲပါတယ်
သတိရမိတဲ့လူအကြောင်းလဲပါတယ်
တစ်နေ့က လူတစ်ယောက်အကြောင်းကိုသတိရမိလို့ ကိုယ့်ဘာသာကိုယ်
စကားတွေပြောနေမိတယ်
ဓါတ်ပုံလေးတစ်ပုံတောင် မရရှိခဲ့တဲ့ ကိုယ့်ကိုကိုယ်လဲဒေါသဖြစ်မိတယ်
ငါသတိရမိတယ် လူတစ်ယောက်ကို .....
ဘ၀ကိုလဲ တစ်ခါတစ်လေ စိတ်ကုန်မိတယ်
အခုထက်ထိအလုပ်တွေနဲ့မပြတ်ဘူး
ကိုယ့်ကိုချစ်မယ့်သူလဲတစ်ယောက်မှမရှိဘူး
ကိုယ်ကချစ်မိပြန်တော့လဲ ကိုယ့်ကိုဂရုတောင်မစိုက်ဘူး
တွေးမိတိုင်းဝမ်းနည်းမိတုန်းပဲ
အမှန်မှန်တော့ကျမက စိတ်အားငယ်တတ်တဲ့ကောင်မလေးပါ
ဘာမှမဟုတ်တာတောင်ကိုမှ ကျမက သူများတွေထက်ပိုခံစားနေမိတယ်
ပြီးတော့ သူများတွေအမြင်မှာ ကျမ က အေးစက်စက်ကောင်မလေးတစ်ယောက်
ဖြစ်နေပြန်သေးတယ်
ဘယ်သူမှကျမကိုနားမလည်နိုင်ပါဘူး
ကျမ ဖြတ်သန်းခဲ့ရတဲ့ ဘ၀က ဒဏ်ရာဒဏ်ချက်တွေကြောင့်ပဲဆိုပါတော့
ကျမ သူ့ကိုသတိရနေမိတာတော့သေချာတယ်
သူများတွေလိုမိသားစုရဲ့ပြည့်စုံမှုကျမ မှာမရဘူး
နွေးထွေးမှုဆိုတာဘာလဲစဉ်းစားနေမိတယ်
ကျမ သတိရတယ် ဘယ်သူ့ကိုလွမ်းရမှန်းလဲမသိဘူး
အခုလိုအဝေးမှာရောက်နေတဲ့အချိန်ဆို ခံစားရတာပိုဆိုးတယ်
အခုလိုနေမကောင်းဖြစ်နေတဲ့အချိန်တွေမှာပေါ့
အခုလိုအရမ်းအေးနေတဲ့အချိန်တွေမှာပေါ့
အေးလဲအေးတယ် လွမ်းလဲလွမ်းတယ်
သတိလဲရတယ်