Showing posts with label တစ်စုံတစ်ယောက်သို့. Show all posts
Showing posts with label တစ်စုံတစ်ယောက်သို့. Show all posts

Tuesday, January 8, 2008

ပြဒါးမဲ့မှန်

ချစ်သူ
ချစ်တယ်လို့ပြောဖို့ မ၀င့်ရဲခဲ့ဘူး
မင်းချစ်တာ ငါသိတယ် ငါ သိပ်ချစ်တယ်မင်းကို
အချစ်တွေကို ငါ့ဆီကယူပါ မင်းမပေးချင်ပါနဲ့
ခွဲရက်တွေအတွက် အလွမ်းရဲ့အငွေ့အသက်ကို
မင်းကိုမရှိုက်စေချင်လို့ပါ
အခုအချစ်ရဲ့အတ္တကြောင့် မင်းဒုက္ခရောက်နေသလား
ငါဟာ .....
အကြင်နာ ပေးချင်သူပါ ဝေဒနာတွေကိုမယူချင်စမ်းပါနဲ့
မင်းအိပ်ပျက်တဲ့ညနက်တွေအတွက် အဆိပ်တက်မှာစိုးတယ်
တကယ်ပါချစ်သူ
ငါ့အချစ်တွေကို မင်းယူပါ။