Showing posts with label ရူးကြောင်ကြောင်ကဗာလို့မထင်ပါနဲ့နော်. Show all posts
Showing posts with label ရူးကြောင်ကြောင်ကဗာလို့မထင်ပါနဲ့နော်. Show all posts

Tuesday, January 8, 2008

အရင်က ကြိုက်ဖူးတာတွေ ငါအခုမကြိုက်တော့ဘူး

အရင်က ကြိုက်ဖူးတာတွေ ငါအခုမကြိုက်တော့ဘူး ဘယ်သူဘာပြောဦးမလဲ
လင်းကင်းပတ်(ခ်)က ချက်စတာကို ငါမကြိုက်တော့ဘူး
နိမ်း(မ်)က စောစောကို ငါမကြိုက်တော့ဘူး
ငါက ဒေးဗစ်ဘက်ခမ်းကို မကြိုက်တော့ဘဲ ဘရက်ပစ်ကို လူမသိသူမသိကြိုက်နေခဲ့တာ ရယ်ချင်စရာ
တစ်ယောက်တစ်ပြန် အကြိုက်တွေ ရွေ့နေတဲ့ ကြားက ငါ့ကိုယ်ငါ ကြိုက်မိချိန် တစ်ခါတစ်လေမှမရှိခဲ့တာ ရင်နာစရာ
ဒီနေရာမှာ မှားတာကိုမှားကြောင်း အပြစ်ရှာဖို့ မှန်ကြည့်တာလား
မှန်တာကို မှန်ကြောင်း အပြစ်ရှာဖို့ မှန်ကြည့်တာလား
အားလုံးပဲအားတိုင်းမှန်ကြည့်နေကြလို့မှန်တွေလဲဘယ်တော့မှ မအားရရှာကြ
အဲဒီလို ကြောက်ခမန်းလိလိ အမှန်တွေနဲ့ တစ်သက်စာ ၀ဖြိုးနေတဲ့ အခန်းထဲမှာ
တစ်ယောက်ထဲမှန်မကြည့်အားဘဲ မှားပြီးရင်းများပြန်တာငါ။
ဒီနေရာမှာ တစ်ခါတစ်ခါ နားကလောရင်း တစ်ခါတစ်ခါ နားဝင်ချိုရင်းငါ့နေ့စွဲတွေပြိုခဲ့ရ။
တစ်ခါတစ်ခါ ဟန်ဆောင်ကြီးထွားရင်းတစ်ခါတစ်ခါ မှန်ကန် သေးကျုံ့ရင်း ငါ့နေ့စွဲတွေကွဲခဲ့ရ
ဒီနေရာမှာ ကိုရီးယားဂျင်စင်းပဲသောက်သောက် နေဗီယာ လူရှင်းပဲလူးလူး ဘာမှာထူးခြားပြီးပျိုမြစ်သွားမှာမို့လို့လဲ
ဒီနေရာဒီဘ၀မှာ ငါမဟန်တော့တာသေချာနေပြီ
နောက်ဘ၀မှာ ဟန်ကျဖို့ အခုငါဘာချန်ရရင်ကောင်းမလဲ
အဖန်တစ်ရာမက ကြံစည်သမျှတွေလဲ တောမီးမလောင်ဘဲ ပြာကျခဲ့ကြပြီ
ထူးထူးခြားခြား အရင်က နားကန်းဖူးတဲ့ ကျားပေါက်အသံက အခုတော့လဲ ငါ့နားထဲချိုလို့
ကဲ ဘယ်သူ ဘာပြောအုံးမလဲ
အရင်ကမကြိုက်ခဲ့ဘူး တာတွေ ငါအခုမကြိုက်တော့ဘူးလေ။