ဝေဒနာဆိုတာမွေးဖွားလာတဲ့အရာ
မသိနားလည်မှုက ကျွန်တော့ကိုကသီလင်တဖြစ်စေခဲ့
မျက်ရည်အပြည့်နဲ့အမှန်တရားတွေပါ
ကျွန်တော်မာန်မာနမကြီးနိုင်တော့ဘူး
(allen ginsberg)
Monday, July 20, 2009
Sunday, July 12, 2009
စည်စည်ဝေေ၀တွေးမိတဲ့သတိရခြင်းတွေနဲ့ ပြည့်နှက်နေတဲ့အထီးကျန်မှုများ
မငိုဘဲကျခဲ့တဲ့ မျက်ရည်များက နေရာယူထားကြတယ်
တစ်စုံတစ်ယောက်နဲ့ပတ်သက်တဲ့ချစ်ခြင်းမေတ္တာကိုနှလုံးသားထဲက ပယ်ထုတ်လို့
မရနိုင်တဲ့ကာလပတ်လုံး တမ်းတခြင်းမှာ ငါ့ခံနိုင်ရည်တွေကျဆုံးတယ်
ကြုံရအုံးမယ့် နေ၀င်ချိန်တိုင်းမှာ အတိတ်က ပုံရိပ်တွေရှာဖွေနေမိတယ် သေချာပါတယ်
ေ၀၀ါးနေဆဲ........။
ဘယ်တော့လဲ ဘယ်တော့လောက်လဲ ဘယ်လောက်ကြာမှာလဲ
မရေရာတဲ့အမေးစကားတွေနဲ့ ငါ့ညတာတွေရှည်ခဲ့တယ်
နင့်ကိုသိမ်းဆည်းထားတဲ့ ငါ့နှလုံးခုန်သံရဲ့တုန်ခါမှု
အမှတ်တရတွေနဲ့ဖြေသိမ့်နေရတဲ့ ဝေးကွာခြင်းမှာ
ထင်ရှားသိသာတဲ့အလွမ်းများကသာ ငါ့ဆံချည်မျှင်သွေးကြောမျှင်တွေထဲ
တစ်နံတစ်လျားစိုက်ဝင်သွားခဲ့ပေါ့
သူ့ကိုကျမ ဟိုတုန်းကလဲ သိပ်ချစ်ခဲ့တယ်
အခုလဲ သိပ်ချစ်တယ်
ကျမအချစ်က မသိနားမလည်တဲ့ကလေးတစ်ယောက်ရဲ့စိတ်ကစားမှုမျိုး
မဟုတ်ပါဘူး
ဘယ်လောက်ပဲဆင်ခြင်ထုံတရားပြည့်ဝတဲ့အရွယ်ကိုရောက်လာပါစေ
တဖြည်းဖြည်းပိုပြီးခိုင်မာလေးနက်လာဖို့သာရှိတယ်
ကျမကိုသတိပြုမိလိုက်စမ်းပါတော့
လောကကြီးမှာ ကိုယ်ဖြစ်ချင်တဲ့အရာ ကိုယ့်ဆန္ခတွေကိုထုတ်ဖော်ပြောခွင့်
မရတာလောက် ဆိုးဝါးတဲ့ခံစားချက်ရှိပါသေးသလား

Saturday, July 11, 2009
Saturday, July 4, 2009
Subscribe to:
Posts (Atom)