Whe we text with my close friend and meantime I do missed him alot .
my friend(from SanFransisco):Good that you are now in ygn .
me :yes I feel happy and calm.
my friend(from SanFransisco):what about the man you met on the other side of the world?
me : That's not that . He was the best .I shouldn't received an apologies. I should have held him and I should confess my love.I'm the one who missed all opportunities.How could he loved me ?...
my friend(from SanFransisco): Sigh ...
me : I don't know what I have to do now and all I need is to travel somewhere silent place
my friend(from SanFransisco):Pls keep on text me on skype whenever you are
me :Ofcourse I will ,hope that I will see him in the future
Friday, March 18, 2016
Tuesday, March 15, 2016
နောက်ဆုံးလူမဟုတ်ခဲ့သော ကျမ၏အချစ်ဆုံးသူသို့ပေးစာ ...
ချစ်သော J
မမျှော်လင့်ဘဲ နင်နဲ့ဝေးပြီး 365 ရက်ကြာတဲ့အခါမှာ Social Media တစ်ခုကနေ ပြန်အဆက်အသွယ်ရတဲ့အခါ သူ့ဘက်က Hi လို့ပြောတဲ့အချိန်မှာ ကျမဘက်ကအတွေးက
ငါဟာအရာရာအားလုံးကိုမေ့သွားတဲ့အထိပျော်ရွင်သွားမယ်
နေမထိထိုင်မသာ စိတ်တွေလှုပ်ရှားနေမယ်
တစ်နေ့လုံးသူ့အကြောင်းတွေးပြီး ပြုံးနေမယ်
အရာရာတိုင်းဟာ ချစ်သောမျက်စိနဲ့ကြည့်လို့လှပနေမယ်လို့ထင်ထားခဲ့တာ
တကယ်တမ်းတော့ ကျမဘက်က Hello,How are you ? လို့သာပြောပြီးတိတ်ဆိတ်သွားခဲ့တာ
သာမန်သူငယ်ချင်းထက်မပိုတဲ့ခံစားချက်နဲ့သူ့အပေါ်အေးစက်သွားခဲ့တာ
ဒါဟာအနေဝေးမှုကြောင့် သွေးအေးသွားတာလား ?
မချစ်လို့မဟုတ်ဘဲ လွတ်လပ်စွာလမ်းကွဲသွားခဲ့တဲ့ ကျမတို့နှစ်ယောက်ဟာအခုအချိန်မှာအထူးသဖြင့် ကျမဘက်ကသူ့အပေါ်သာမာန်သူငယ်ချင်းထက်စိတ်ခံစားမှုမပိုခဲ့တော့ပါဘူး
သူ့ဘက်ကတော့ဘယ်လိုမှန်းမသိပေမယ့် ကျမဘက်ကတော့ပြတ်သားစွာနဲ့ နာကျင်စရာအတိတ်တစ်ခုကို အတိတ်မှာပဲထားခဲ့လိုက်ပါတယ်
အတိတ်ဆိုတာမျိုးကလဲတစ်ခါတစ်ရံပဲ သတိရစရာကောင်းတာပါ
ကျမအတွက် move on ဖြစ်စရာကိစ္စတစ်ခုလိုပဲ မှတ်ယူထားခဲ့တာပါ။
သူကတော့ပြောပါသေး နင့်အစစအရာရာကူညီခဲ့တာတွေကိုငါမမေ့နိုင်ဘူးတဲ့
ပြီးခဲ့တဲ့အခြေအနေတစ်ခုမှာသူ့ကိုမှမဟုတ်ပါဘူး အကူအညီလိုတဲ့ဘယ်သူ့မဆို ကျမကကူညီခဲ့မှာပါ
ဒါကိုသူက appreciate ပါလို့ပြောတော့ကျမကမလိုပါဘူး ငါကူညီနိုင်တာကူညီတာပါလို့ပြန်ပြောယုံကလွဲပြီး ဆက်ပြောစရာ စကားမရှိခဲ့ဘူး
သူက ကျမကို သတိရနေခဲ့တယ်တဲ့
ဒီတစ်နှစ်ပတ်လုံး သူဘယ်လိုနေသလဲ ကျမဘယ်လိုနေခဲ့သလဲ ဘာမှကိုမပြောချင်မမေးချင်တော့ပါဘူး
မခံစားရဘူးလို့ပြောရအောင် ကျမကစက်ရုပ်မှမဟုတ်ဘဲလေ ပြီးခဲ့တဲ့ ကိစ္စမှာဘယ်သူကအမှားဘယ်သူကအမှန်ဆိုတာကိုလဲ ပြိုင်မငြင်းချင်တော့ပါဘူး လက်ခုပ်ဆိုတာမျိုးကလဲ တစ်ဘက်တီးတိုင်းမှမမြည်နိုင်တာပဲလေ
အများကြီးခံစားခဲ့ပြီးတဲ့နောက်ပိုင်းမှာကိုယ့်ကိုကိုယ်တည့်မတ်အောင်ထူရင်းသူဘေးမှာမရှိတဲ့ အချိန်တွေကိုကြိုးစားဖြတ်သန်းခဲ့တယ်
ကိုယ့်ဘာသာကိုယ်အားပေးရင်းနဲ့ကုစားခဲ့တယ်
အရင်ကသူ့ကိုကျမပြောခဲ့ဖူးတဲ့စကားကိုသတိရမိတယ်
အချိန်တွေအများကြီးကြာသွားလို့အတိတ်ကိုအပြုံးနဲ့ပြောနိုင်တဲ့အချိန်ကြရင်ပြန်တွေ့ကြရအောင်လို့
အခုတော့ ကျမအဲ့စကားကိုပြင်ရပါတော့မယ်
ငါတို့ပြန်တွေ့တဲ့အချိန်ကြရင် ပြုံးနေရအောင်လို့
အမှန်တရားတစ်ခုကတော့ ကျမသူ့ကိုချစ်ခဲ့တယ်
အခုအချိန်မှာ ချစ်သေးလားလို့သူကမေးခဲ့ရင် ကျမမှာသူ့အတွက်အဖြေစကားမရှိပါဘူး
ဒါပေမယ့် ဖြေပေးပါလို့ ပြောလာခဲ့ရင်တော့ ပြီးသွားတဲ့ကိစ္စတစ်ခုမှာဘာလို့လမ်းကွဲသွားသလဲဆိုတာပြန်တွေးစေချင်တယ်
ကျမပြန်စဉ်းစားခဲ့တယ်
ပြန်ဆက်လို့မရတဲ့အက်ကြောင်းတွေကို ကြိုးစားပြီးဆက်ရတာပင်ပန်းတဲ့အတွက် သူငယ်ချင်းအဖြစ်နဲ့ဆက်ရှိနေအုံးမယ်ဆိုရင်တော့ ကျမဘက်ကသူ့ခင်မင်မှုကို အသိအမှတ်ပြုမှာပါ
ပြီးသွားခဲ့တဲ့ ဇာတ်လမ်းတစ်ခုကို ပြန်ဆက်ရေးဖို့ကျမခွန်အားတွေအချိန်တွေ ကျမစိတ်ထက်သန်မှုတွေမသုံးချင်တော့ပါ။
ပြီးသွားခဲ့တာက ပြီးသွားခဲ့ပါပြီ
တစ်ခါတစ်လေ အတိတ်တွေက ပြန်လှည့်ကြည့်ချင်စရာကောင်းလောက်အောင်လှပနေခဲ့ပေမယ့်
ပြန်လည်အသက်ဝင်ဖို့တော့ ခက်ခဲသွားပြီလေ ။

Subscribe to:
Posts (Atom)