Friday, May 29, 2009

ပြီးဆုံးခဲ့သော ပုံပြင်တစ်ပုဒ်

ဒီအကြောင်းတွေမပြောရရင် ငါ့ရင်ထဲမှာ ဆို့နင့်လွန်းလို့ ငါဒီစာကိုရေးနေမိတာ ငါက ခပ်တေတေ
ကောင်မလေးပေမယ့် ခံစားစရာရှိရင် ခံစားတတ်တဲ့ကောင်မလေးတစ်ယောက်ပါ ။
မနေ့က နင်အွန်လိုင်းမှာရှိနေခဲ့တယ် ငါအမြဲတမ်းနင်အွန်လိုင်းမှာရှိနေဖို့မျှော်လင့်ခဲ့တယ်။
ဘာလို့လဲဆိုတော့ ငါက အဝေးမှာရောက်နေတဲ့လူတစ်ယောက်လေ
အမြဲမျှော်လင့်ခဲ့တာပါ ကိုဒီးရေ တကယ်တမ်းတော့ နင်သိမလား ငါနင့်ကိုသတိရနေတာ
နင်မ၀ယ်ပေးဖြစ်ခဲ့တဲ့ ကော်ဖီခွက်အဖြူရောင်လေးကို ငါတစ်ပုံစံထဲ တစ်ရောင်တည်း ၀ယ်ထားခဲ့တယ်
ရန်ကုန်မှာကတည်းက နင်မ၀ယ်ပေးဖြစ်ခဲ့ဘူး မအားဘူးဆိုတဲ့အကြောင်းပြချက်တွေနင်ပေးခဲ့တယ်
ငါကတော့ နင့်အတွက် မအားဖြစ်တာတောင် အားခဲ့တယ်
နင်မှတ်မိအုံးမလား ကာရံမွေးနေ့တုန်းက နင်ကိုတွေ့ရမလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့
ငါလာခဲ့တယ်
နင်မရောက်လာခဲ့ဘူးတစ်ခါ
နောက်တစ်ခါက မီးငယ်မွေးနေ့ ငါ့မှာ တခြားကိစ္စတစ်ခုလုပ်ဖို့ရှိတာတောင် နင့်ကိုတွေ့ချင်လို့
ငါလာခဲ့ တယ်
နင်မရောက်လာခဲ့ပါဘူး
နောက်တစ်ခါ
ငါသင်္ကြန်တရားစခန်းက ထွက်ပြီးနောက်တစ်နေ့ နင့်ကိုတွေ့ချင်လို့ ငါမီးငယ်ဆီလာခဲ့တယ်
နင်ရောက်မလာခဲ့ပါဘူး ကိုဒီး
နင်နဲ့ပက်သတ်ရင် ငါ့အတွက် က စိတ်ပျက်စရာတွေချည်းပါပဲ
နင်က ငါ့ကိုကော်ဖီခွက်ကလေးပေးချင်သေးတယ်တဲ့
အချိန်တွေနှောင်းသွားမှ နင်ဘာတွေပေးနေချင်သေးတာလဲ
ငါဘက်က ပြန်ရပါစေ ဆိုတဲ့စိတ်နဲ့ငါပေးခဲ့တာမဟုတ်ဘူး
ငါ့အမိနိုင်ငံက မထွက်ခင်ညဘက်နင့်ကိုဖုန်းဆက်ခဲ့တယ်
ငါ့ဘက်က စကားတွေအများကြီးပြောချင်နေတာကို နင်က ဖြတ်တောက်ပစ်တယ်
နင်သိပ်ရက်စက်လွန်းပါတယ် ကိုဒီးရယ်
နင်က သိပ်လဲနေနိုင်လွန်းပါတယ်
ငါဘက်ကအကြိမ်ပေါင်းမြောက်များစွာဖုန်းခေါ်ခဲ့ပါတယ်
နင့်ဘက်က ဘယ်နှစ်ကြိမ်များစခေါ်ဖူးပါသလဲ
မနေ့က ပြဿနာတွေရှင်းပြီးတော့ နင်အွန်လိုင်းမှာ ရှိနေခဲ့တယ်
ငါက စနှုတ်ဆက်တော့ နင်က ချက်ချင်း ထွက်လိုက်တယ်
ဘာအချိုးလဲ ကိုဒီး
ဒီအကြောင်းတွေကို ချောကလက်ကိုငါကပြောပြတော့
နင်ကမနာလိုဖြစ်သေးတယ်နော်
မတန်ပါဘူး ကိုဒီးရယ် ချောကလက်က ငါ့ကိုညီမလေးတစ်ယောက်လို
ဂရုစိုက်တာပါ နင်ကပြောလိုက်သေးတယ်နော်
နင်ကဘ၀အသစ်မှာနေပျော်နေပြီပဲတဲ့
နေပျော်နေအောင် ဘယ်သူသင်ပေးခဲ့တာလဲ
ချောကလက်က ငါနဲ့ပတ်သက်ရင် မသိတာမရှိဘူး
သူအကုန်သိတယ်
ငါဘက်က ဒီရောက်မှ MASSAGE တွေပို့နေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ
နင်ဘက်က ဘယ်အချိန်ပြန်ခဲ့သလဲ ဘယ်နှစ်ခါလောက်
နင်လျစ်လျူရှုခဲ့တာ ဘယ်နှစ်ကြိမ်မြောက်လဲ
ကဲ ပြောစမ်းပါဦး
နင့် ခံစားချက် နင့်အပြောတွေကို ငါနားထောင်ချင်ပါတယ်






Tuesday, May 26, 2009


ကဲ လူကြီးမင်းရော ဘယ်လိုလဲ

အကောင်သေးပေမယ့် အထင်မသေးပါနဲ့ နော့

Tuesday, May 19, 2009

သူ့အကြောင်းတွေ

မနေ့ သူ့အကြောင်းတွေစဉ်းစားရင်းနဲ့ သူပြောတဲ့စကားတစ်ခွန်းသတိရသွားတယ်
ငါကနောက်သုံးလနေရင် အိမ်ပြန်တော့မှာတဲ့ ပထမ သူနောက်နေတာလို့ကျမထင်တာ
ကျမ သူ့ကိုဖုန်းဆက်လိုက်တယ်
ကျမ ငိုပြီးသူ့ကိုမပြန်ဖို့တားတော့ သူက အခုမှ အိပ်မက်ကနိုးတာလားတဲ့
ကျမ ငိုတော့သူက ငါနင်မပါဘဲ ဘယ်ပြန်လို့ရမှာလဲတဲ့
နောက်တော့ ကျမကိုမငိုဖို့တားတယ်
ကျမ ဘေးမှာသူမရှိရင်တောင် ကျမ မနေတတ်တာ သူနဲ့သာဝေးရရင် ကျမ ရူးမယ်
သူက ကျမလိုစိတ်ကောက်ပြီးလုပ်ချင်ရာလုပ်နေတတ်တဲ့ ကောင်မလေးနဲ့သာမနေရရင်
သူလဲ သေမယ်တဲ့
(ဟိုတစ်နေ့က ရေနွေးကြမ်းတွေနဲ့ပက်မိတာကိုသူကစိတ်မဆိုးတာတော်သေးတာပေါ့)

Friday, May 15, 2009

အဆုံးထိရယ်ပါ

ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက်
ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့
အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး
ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး "အဖေ.. အဖေ..
သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း" လို့ ပြောလိုက်တယ်။
နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး
ထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ
ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ "သမီးကလဲ.. သော့ယူသွားဖို့
မေ့ခဲ့ပြန်ပြီလား!" အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့
သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက "ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့
လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်" ဆိုပြီး ရယ်နေခဲ့တယ်။
သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့
အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက "အဘိုးကြီး.. ခင်ဗျား
ဘာလုပ်နေတာလဲ" လို့ မေးတော့ အဘိုးအိုက "တောက်.. ဒီလူတွေ ငါ့နာမည်ကို
မှားအောင်ရေးကြတယ်ကွာ" လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး
သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။
အဘိုးအိုက "ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်"
လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း
မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့
ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ "ဘယ်ကကောင်လဲကွ..
ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ" ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို
ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ
ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး "တောက်...
သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ" လို့
အော်ဆဲလိုက်တော့တယ်။

၂)

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးမကြာဘူး ယောက်ျားဖြစ်သူက အိမ်မွေးကြောင်နဲ့
ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမကမြင်တော့ "နင်ဘာလို့ အဲဒီဝက်နဲ့
ကစားနေတာလဲ" လို့ ငေါက်လိုက်တယ်။

အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကိုလက်ညှိုးထိုးပြီး "ဒါဝက်မဟုတ်ဘူး..
ကြောင်ကွ.. ကြောင်" လို့ ပြန်အော်လိုက်တယ်။

အဲဒီအခါမှာ မိန်းမက ယောက်ျားကို "နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါ
အဲဒီကြောင်ကို မေးနေတာ" လို့ ပြန်အော်လိုက်တယ်။

၃)

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးနောက် ရှေ့နေဆီသွားပြီး ကွာရှင်းဖို့
ပြင်ကြတယ်။ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို တစ်ယောက်တစ်ဝက်ဆီ ခွဲဝေကြတော့
မိန်းမဖြစ်သူက မကျေမနပ်နဲ့ "ကျွန်မစုထားတဲ့ ကိုယ်ပိုင်ငွေ
တစ်သောင်းကိုလည်း တစ်ဝက်ခွဲရမှာလား" လို့ မေးတယ်။ ရှေ့နေ
ခေါင်းညိတ်ပြလိုက်တယ်။ မိန်းမကဆက်ပြီး "ဒါဆို ဒီကလေးသုံးယောက်ကို
ဘယ်လိုခွဲမလဲ"လို့ မေးလိုက်တယ်။ ရှေ့နေခေါင်းကုတ်ပြီး စဉ်းစားတယ်။
အကြာကြီးစဉ်းစားလဲ သင့်တော်တဲ့အဖြေ မရခဲ့ဘူး။ နောက်ဆုံးမှာ ရှေ့နေက
"ခင်ဗျားတို့ အိမ်ပြန်ပါ။ ကလေး၎ယောက်ရမှ ပြန်လာခဲ့ပါ။ အဲဒီအချိန်ကျမှ
ကွာရှင်းဖို ကျွန်တော်ဆုံးဖြတ်ပေးမယ်" လို့ ပြောလိုက်တယ်။

Sunday, May 3, 2009

အချစ်ကိုတပ်ဆင်ခြင်း

အင်ဂျင်နီယာ-----"ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။"

ဧည့်သည်--------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။

အင်ဂျင်နီယာ-----"ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"

ဧည့်သည်---------"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ----"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။"

ဧည့်သည်------"တွေ့ပါပြီ။ဒါပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။"

အင်ဂျင်နီယာ----"ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။"

ဧည့်သည်--------"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ၀န်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။

အင်ဂျင်နီယာ-----"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ် ဒဏ်ရာဟောင်းကို စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိုက်မယ်။ ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။ မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား "

ဧည့်သည်-------"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"

အင်ဂျင်နီယာ----"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။ မနာလို ၀န်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်သလဲလဲရမ်းပေးပါ"

ဧည့်သည်--------"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွားနိုင်တယ်။"

ဧည့်သည်--------"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား? အချစ်ပရိုဂရမ်ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"

အင်ဂျင်နီယာ-----"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"

ဧည့်သည်-------"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

အင်ဂျင်နီယာ----"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက "ကိုယ့်ကို ခွင့်လွတ်မူ" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ" နဲ့ "ကိုယ်လိုချင်တဲ့ ကန့်သတ်မူ" ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။ ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"

ဧည့်သည်-----"အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ...စခရင် မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ပုံမှန်ပါပဲ...တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။ တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပြီ။
စိတ်၏ အကွာအဝေး

တစ်နေ့တွင် ဆရာက ကျောင်းသားများကို "လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့
အချိန်မှာ အော်ပြီး ပြောကြတာလဲ" ဟု မေးလေသည်။ ကျောင်းသားများက
အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က "စိတ်တည်ငြိမ်မှုတွေ
ပျောက်ကုန်လို့ အော်တာပါ ဆရာ" ဟု ဖြေသည်။

ဆရာက "ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး
ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ" ဟု ပြန်မေးသည်။
ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို
ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

"လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ
အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ
ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ
စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ" ဆရာက
ဆက်ပြီး....

"လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား...
အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့
ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။
စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ
နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။
အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး
စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို
ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ
လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ"

"လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။
စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု
မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့" ဟု ဆရာက နောက်ဆုံး
ရှင်းပြခဲ့သည်။

အချစ်ကို လေးစားမှုပေးပါ

Once a upon a time a bird fell in love with a white rose.

One day he (bird) proposed to her (white rose) ,But white rose refused.

White rose said " I don't love U".

Bird daily came and proposed to her.

Finally white rose said "when I 'll turn red , I'll love U.

One day, bird came and cut his wings and sprated his blood on the rose.

The rose turned red.

The rose realized how much bird love her. But it was too late,bird already dead.

So, respect the love & feelings of the person whose loves you.

ဒါပဲ ယူတော့နော်

ဒါပဲယူတော့နော်..

ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေက များလွန်းလို့ တစ်ညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်း အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။

{{ ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊ ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး }}

ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်...

{{ ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း ခံစားခွင့်ရမယ်၊ မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ}} တဲ့။

ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။{ ဒေါ်လာ ၁ သန်း လိုချင်တယ်}
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။

(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ {နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်}
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။

နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။{ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့ အမြန်လမ်းတစ်ခုလိုချင်တယ်}
ဘုရားသခင်ကပြန်ပြောတယ်။
- {{ ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့ တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ}}

ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ {{ အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ}}
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ ရန်မဖြစ်ရအောင်.....

{{ အို.. ဘုရားသခင်၊ ကျွန်တော်မှာ မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့ ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊ သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး ကျွန်တော်လိုချင်ပါတယ်}} ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

{{ ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ }}



မေးလ်ပို့ပေးတဲ့ သူငယ်ချင်း နေလင်းလွင် ကိုကျေးဇူးတင်ပါတယ်။

ခဏလေးပဲ ဖတ်ပေးပါ

don't care if you have a boyfriend or girlfriend right now.... I dont care if you are a guy or a woman or Michael Jackson.....just read this, it will make a difference.....

When she stares at your mouth
[ Kiss her ]

When she pushes you or hits you like a dumb ass cuz she thinks shes stronger than you
[ Grab her and dont let go ]

When she starts cursing at you tryin to act all tuff
[ Kiss her and tell her you love her ]

When she's quiet
[ Ask her whats wrong ]

When she ignores you
[ Give her your attention ]

When she pulls away
[ Pull her back ]

When you see her at her worst
[ Tell her she's beautiful ]

When you see her start crying
[Just hold her and dont say a word ]

When you see her walking
[ Sneak up and hug her waist from behind ]

When she's scared
[ Protect her ]



When she steals your favorite hat

[ Let her keep it and sleep with it for a night]



When she teases you

[ Tease her back and make her laugh ]



When she doesn't answer for a long time

[ reassure her that everything is okay ]



When she looks at you with doubt

[ Back yourself up ]



When she says that she likes you

[SHE REALLY DOES MORE THAN YOU COULD UNDERSTAND!!!]



When she grabs at your hands

[ Hold her's and play with her fingers ]



When she bumps into you;

[ bump into her back and make her laugh ]



When she tells you a secret

[ keep it safe and untold ]



When she looks at you in your eyes

[ dont look away until she does ]



When she says it's over

[ she still wants you to be hers ]


When she reposts this bulletin

[ she wants you to read it ]


- Stay on the phone with her even if she's not saying anything.



- When she's mad hug her tight and don't let go



- When she says she's ok dont believe it, talk with her



- because 10 yrs later she'll remember you



- Call her at 12:00am on her birthday to tell her you love her



- Treat her like she's all that matters to you.



- Stay up all night with her when she's sick.



- Watch her favorite movie with her or her favorite show even if you think it's stupid.



- Give her the world.



- Let her wear your clothes.



- When she's bored and sad, hang out with her.



- Let her know she's important.



- Kiss her in the pouring rain.



- When she runs up to you crying, the first thing you say is;

'Whose ass am I kicking baby?'



If you do post this in the next four minutes the one you love will :

Call you.

Kiss you.

Love you.

Text you.

Guys send as: 'I'd be this Boyfriend.'
Girls send as: 'A real Boyfriend

ပျော်ရွင်တဲ့စိတ်

တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင် သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။ လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။

လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင် ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို နတ်သားရှုရှိုက်လိုက်မိတယ်။

နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့ ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့ ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က နတ်သားဆီကို လွင့်လာခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊ လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ မပျော်ခဲ့ဘူး။

ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့ ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။ ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။

"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့

"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။

ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ" ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။

ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊ သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။

လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။ ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ?
လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။

ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ

မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။

ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား? ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ....

နိုင်းနိုင်းစနေ ပျော်ရွှင်ခံစား ဘာသာပြန်သည်။

ကျမတို့မိသားစု ဓါတ်ပုံလေးပါ
ဟိုတစ်နေ့က အိမ်နဲ့ဖုန်းလှမ်းပြောရင်းနဲ့
ရိုက်ထားတာ .ကျမမောင်လေးက ပဲပေးနေတာ
ရုပ်ကိုကြည့်ပါလား...

ယောကျာင်္းနဲ့မိန်းမ အကြောင်းသိကောင်းစရာ

> မိန်းမဆိုတာ...
>
> If you kiss her, you are not gentlemen
> သင်ကသူ့ကိုနမ်းလိုက်ရင်... သင်ဟာလူကြီးလူကောင်းမဆန်သူ
> If you don't, you are not a man
> မနမ်းတဲ့အခါ... သင်ဟာ ယောင်္ကျားမဟုတ်
> If you praise her, she thinks you are lying
> သင်ကသူ့ကိုချီးကျူးလိုက်ရင်... သင်လိမ်နေတယ်လို့ထင်တယ်..
> If you don't, you are good for nothing
> မချီးကျူးပဲနေပြန်တော့... သင်ဟာ အသုံးမကျတဲ့သူ...
> If you agree to all her likes, she is abusing
> သူမကြိုက်တာတွေကိုသင်အာလုံးသဘော
>
> တူရင်... သူမကောင်းပြောတော့မယ်
> If you don't you are not understanding
> သဘောမတူပဲနေပြန်တော့... သင်ဟာနားလည်းမှုမရှိသူ....
> If you visit her too often, she thinks it is boring
> သူဆီကိုသင်မကြာခဏအလည်သွားရင်... သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်...
> If you don't, she accuses you of double crossing
> မသွားပြန်ရင်တော့... အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်...
> If you are well dressed, she says you are a playboy
> သင်ကောင်းကောင်းမွန်မွန်ဝတ်စား
ထားရင်... သင်ဟာ စတိုင်များသူလို့ သူပြောမယ်
> If you don't, you are a dull boy
> မ၀တ်စားပြန်တော့... သင်ဟာ ခပ်တုံးတုံးကောင်
> If you are jealous, she says it's bad
> သင်က မနာလိုအူတိုဖြစ်ခဲ့ရင်... အဲဒါမကောင်းဘူးလို့ သူပြောမယ်...
> If you don't, she thinks you don't love her
> အလိုမဖြစ်ပြန်တော့... သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်
> If you attempt a romance, she says you didn't respect her
> သင်ကချစ်လို့တီတီတာတာလုပ်ရင်... သင်ကသူ့ကိုမလေးမစားလုပ်ပါတယ်လို့ ပြောမယ်..
> If you don't, she thinks you don't like her
> မလုပ်ပြန်တော့... သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်...
> If you kiss her once in a while, she professes you are cold
> သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်... သင်ဟာ သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..
> If you kiss her too many, she yells that you are taking advantage
> ခဏခဏနမ်းပြန်တော့... သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်တတ်နေမယ်..
> If you fail to help her in crossing the street, you lack ethics
> သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်... သင်ဟာ ယဉ်ကျေးမူမရှိသူ...
> If you do, she thinks it's just one of the man's tactics
> အလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်...
> If you stare at other, she accuses you of flirting
> သင်ကတခြားသူကိုငေးမိ၇င်... သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်
> If she is stared by others, she says that they are just admiring
> သူမကိုတခြားသူကငေးမိရင်တော့... လေးစားလို့ကြည့်တာပါလို့ ပြောမယ်...
> If she talks, she wants you to listen
> သူမစကားပြောတဲ့အခါ ... သင့်ကိုနားထောင်စေချင်တယ်...
> If you listen, she wants you to talk
> သင်နားထောင်တဲ့အခါ... သင်ကို စကားပြောစေချင်ပြန်ရော...
>
> In Short:
> အတိုချုပ်ရင်
> So simple, yet so complex
> ရိုးရှင်းသလောက် ရှုပ်ထွေးသူ
> So weak, yet so powerful
> အားနည်းသလောက် စွမ်းအားရှိသူ
> So confusing, yet so desirable ... women!
> စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ... မိန်းမ !!!!
>
> ယောက်ျားဆိုတာ...
>
> If you kiss him, he kisses you back
> သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
> If you don't, he patiently waits
> မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
> If you praise him, he says thanks you
> သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...
> If you don't, he feels secure in your love
> မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..
> If you agree to all his likes, you have met your fantasy man
> သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..
> If you don't, you still get along
> မကြိုက်ရင်လည်း... တပူးတွဲတွဲပါပဲ
> If you visit him often, he welcomes you every time
> သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်... သူကအမြဲတမ်း သင့်ကိုကြိုမယ်...
> If you don't, he'll visit you instead
> သင်ကသွားမလည်ရင်လည်း ...သူကသင့်ဆီကိုလာလည်မယ်...
> If you are well dressed, he says you are beautiful
> သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... မင်းအရမ်းလှတာပဲလို့ သူကပြောမယ်
> If you don't, you are still beautiful
> အလိုမ၀တ်စားရင်လည်း... မင်းဟာလှနေတုံးပါပဲ..
> If you are jealous, he reassures you and holds you
> သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်... သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်...
> If you're not, he gives you no reason to be
> မနာလိုမဖြစ်ရင်လည်း... ဘာမှပြောမှာမဟုတ်...
> If you kiss him once in a while, he's appreciative of your affection
> သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်... သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်...
> If you kiss him often, he will always have you on his mind
> မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်...
> If you stare at another man, he knows that you're only admiring
> သူမကတခြားသူတွေကို ငေးမိရင်... သူကလေးစားလို့ကြည့်တာလို့သိတယ်...
> If he is stared by other women you know why-he's one hot babe
> သူကိုတခြားမိန်းမကငေးရင်လည်း... သူမကလန်းလို့ ကြည့်တာ...
> If you talk, he'll always listen
> သူမစကားပြောရင်... သူအမြဲနားထောင်တယ်..
> If you listen, he'll tell you anything you want to know
> သင် နားထောင်ရင်... သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်...
>
> In short:
> အတိုချုပ်ရင်
> So complex, yet so direct
> ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
> So strong, yet so supportive
> ခွန်အားရှိသလို... အရမ်းပံပိုးသူ...
> So dazzling, yet so humble
> တောက်ပြောင်သလောက်... နှိမ့်ချတတ်သူ
> So passionate, yet so marvelous....MEN!
> စိတ်ပြင်းထန်သလို... အံသြဖွယ်ကောင်းသူ... ယောက်ျား...
>
>
> ဘ၀ဆိုတာ...
>
> Life is an opportunity, benefit from it.
> ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
> Life is a beauty, admire it.
> ဘ၀ဆိုတာ အလှတရား... လေးစားပါ...
> Life is a dream, realize it.
> ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
> Life is a challenge meet it.
> ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
> Life is a duty, complete it.
> ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
> Life is a game, play it.
> ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
> Life is a promise fulfill it.
> ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
> Life is sorrow, overcome it.
> ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
> Life is a song, sing it.
> ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
> Life is a struggle, accept it.
> ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
> Life is a tragedy confront it.
> ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
> Life is an adventure, dare it.
> ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
> Life is luck, make it.
> ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
> Life is life, fight for it."
> ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...

****ကျမ သူငယ်ချင်း နေလင်းလွင် ကိုကျေးဇူးတင်ပါတယ်****

သိကောင်းစရာ ၀က်တုတ်ကွေး

ဝက်တုပ်ကွေး ရောဂါသည် မျိုးရိုးဗီဇ ၄ မျိုး ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဗိုင်းရပ်စ်ပိုးသစ် ဖြစ်သည်။ ပထမအသုတ် ဆေးထုတ်လုပ်ရန်အတွက် ၆ လခန့် အချိန်ယူရမည်ဖြစ်ပြီး၊ ပမာဏများများအတွက် ယခုထက် အချိန် ပိုယူရမည် ဖြစ်သည်။ ဤရောဂါသည် ရောဂါဖြစ်ပွားသော ဝက်ကို ထိတွေ့ကိုင်တွယ်မိရာက ကူးစက်ခြင်းဖြစ်ကာ လူမှ လူသို့ ကူးစက်နိုင်သော ရောဂါဖြစ်သဖြင့် ဆားစ်အဆုတ်ရောဂါကဲ့သို့ပင် လျင်မြန်စွာ ကူးစက်ပွားမှု ဖြစ်နေသည်။ ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မက္ကဆီကို နိုင်ငံတွင် ဤတုပ်ကွေးကြောင့် လူ ၂ဝ အသက် ဆုံးရှုံးရသည်ကိုသာ အတည်ပြုနိုင်သော်လည်း စုစုပေါင်း ၁၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်း အစောပိုင်းက ကြေညာခဲ့သည်။ သေဆုံးသူများမှာ အသက် ၂ဝ နှစ်မှ ၅ဝ နှစ်ကြား ဖြစ်ကြသည်။

- အခြား နိုင်ငံအချို့တွင်လည်း ရောဂါဖြစ်ပွားသူများ တွေ့လာနေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဤရောဂါနှင့် ပတ်သက်၍ အဆင့် ၄ အဆင့်ဟု ကြေညာထားရာ လူမှ လူသို့ ကူးစက်မှု ဖြစ်ပွားနိုင်ပြီး လူမှု အဖွဲ့အစည်းအတွင်း ကပ်ဘေးအန္တရာယ် ဖြစ်လာနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

ဝက်တုပ်ကွေး၏ လက္ခဏာများ

- ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။

ရှောင်ရန်

အထက်ပါ ရောဂါလက္ခဏာဖြစ်လျှင် မိမိနေအိမ်တွင်သာ အနားယူရန်၊ လိုအပ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသ၍ ကုသမှုခံယူရန်၊ အဖျားကြီးခြင်း၊ ချောင်းဆိုးကြာရှည်ခြင်း၊ အသက်ရှူ ခက်ခဲ၍ မောပန်းခြင်း စသည့် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရလျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသရန် လိုအပ်သည်။

လူတိုင်းလိုက်နာ ဆောင်ရွက်သင့်သည်မှာ -

(၁) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း

(၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း

(၃) တကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ခြင်း

(၄) ကောင်းစွာ အိပ်စက်အနားယူခြင်း

(၅) အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း

(၆) ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း

(၇) လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း

တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနှင့် ပြုစုစောင့်ရှောက်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။

ဝက်မွေးမြူသူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများ လိုက်နာရန်

(၁) ဝက်များ၌ ဖျားနာသည့် လက္ခဏာများ တွေ့ရှိပါက လူနှင့် တိုက်ရိုက် မထိစေဘဲ လူနှင့် အနီးနား၌ မထားဘဲ သီးခြားထားရှိရန်

(၂) ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေ၊ လက်များ စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန်

(၃) နှာခေါင်း၊ ပါးစပ်အကာ လက်အိတ်များ အသုံးပြုကိုင်တွယ်သွားရန်

(၄) မကျန်းမာသော ဝက်များအား ဈေးကွက်သို့ ရောင်းချခြင်း မပြုရန်

(၅) မူရင်းဇစ်မြစ်မသိသော ဝက်များကို ရောင်းချခြင်း မပြုရန်၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော ဝက်များကို ဝယ်ယူရောင်းချခြင်း မပြုရန်

(၆) ဝက်သားနှင့် ဝက်သားထွက် ပစ္စည်းများကို ချက်ပြုတ်စားသောက်လိုလျှင် အပူချိန် ၇ဝံ င အထက် ချက်ပြုတ်စားသောက်ရန်
_________________________________________-

ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ
(Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။

Swine Flu ဆိုတာ ဘာလည်း။

Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus
အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်
ရာရောဂါ ဖြစ်ပါတယ်။
လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့်
ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။

Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။

Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊
လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်းခြင်း၊
မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊
အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ
့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။

Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်
ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu
ရောဂါရရှိထားသူ၏ နှာခေါင်း၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu
ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း
ကူးစက်နိုင်ပါတယ်။

Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။

ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ
မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး
နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက
မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး
အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန်
ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို
ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော
အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။

Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။

မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု
ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့် 
(သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။
မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော
လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ
ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော
စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက
လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ
ရှောင်သင့်ပါတယ်။

ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ
့သင့်ပါသလည်း။

Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို
ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက
လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။

- အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း
အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊
ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊
ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။

- Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင်
နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊
အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့ 
အမြန်သွားရောက် ပြသသင့်ပါတယ်။

Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့်
ကူးစက်နိုင်ပါသလား။

ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine
flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။

Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ
ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu
ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။

Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။

ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း
(အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး - သေဆုံးသူ
(၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊
အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။
__________________________________________-
Swine တုပ်ကွေး ဥရောပတိုက်သို့ပါ ပြန့်နှံ့လာ

Views : 332
Favoured : 2

ဝက်များတွင်သာ ဖြစ်ပွားတတ်သော Swine တုပ်ကွေးတစ်မျိုးသည် လူများကိုပါ ကူးစက်လျက်ရှိရာ အဓိကဖြစ်ပွားသည့် မက္ကဆီကိုနိုင်ငံတွင် သေဆုံးသူ ၁၀၃ ယောက်ထက်မနည်း ရှိလာနေပြီး အမေရိကန်၊ ကနေဒါတို့တွင်သာမက တိုက်ချင်းခြားလျက်ရှိသော ဥရောပတိုက် စပိန်နိုင်ငံတွင်ပါ ဖြစ်ပွားလာနေသည်ဟု သတင်းများအရ သိရသည်။

မက္ကဆီကို နိုင်ငံနှင့် အမေရိကတိုက်တွင် ဖြစ်ပွားနေသော Swine တုပ်ကွေးရောဂါ ခံစားနေရသူတစ်ဦးကို စပိန်နိုင်ငံတွင် တွေ့ရှိခဲ့ပြီးနောက် ဥရောပနှင့် အာရှဒေသများအတွက်ပါ စိုးရိမ်စရာဖြစ်လာခဲ့ပြီး သက်ဆိုင်ရာ အစိုးရများနှင့် အဖွဲ့အစည်းများက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် နှိုးဆော်လျက်ရှိသည်။ Swine တုပ်ကွေးကြောင့် မက္ကဆီကို တစ်နိုင်ငံတည်းတွင် သေဆုံးသူ ၁၀၃ ဦးရှိပြီဖြစ်ပြီး သံသယရှိဖွယ်ရာ ဖျားနာနေသူ ၁၆၀၄ ဦးရှိသည်ဟု မက္ကဆီကို ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၅ ခုတွင်လည်း ရောဂါဖြစ်ပွားနေသူ ၂၀ ဦးရှိသည်ဟု ရောဂါထိန်းချုပ်ရေးအဖွဲ့က ကြေညာခဲ့ပြီး ကနေဒါနိုင်ငံတွင် ၆ ဦးရှိသည်ဟု သိရသည်။ စပိန်နိုင်ငံတွင် တွေ့ရှိရသည့် ရောဂါကူးစက်ခံ အမျိုးသားမှာ မက္ကဆီကိုမှ ပြန်လာသူဖြစ်သည်ဟု ဆိုသည်။

ဥရောပသမဂ္ဂက ဥရောပ ကျန်းမာရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးဆင့်ခေါ်ခဲ့ပြီး ရောဂါကူးစက်လာမှု တားဆီးရန် ဆွေးနွေးမှုများ အပူတပြင်း ပြုလုပ်ခဲ့ကြသည်။ အမေရိကန် သမ္မတ အိုဘားမားကလည်း အချိန်မဆိုင်းဘဲ အထိရောက်ဆုံး ကာကွယ်ကုသသွားရန် တိုက်တွန်းလိုက်သည်။ အမေရိကန်တွင် တနင်္ဂနွေနေ့ကတည်းက ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပြီးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (W.H.O) ကလည်း ကမ္ဘာအနှံ့ပြန့်နှံ့ ထိခိုက်နိုင်သည့် တုပ်ကွေးအဖြစ် အထူးသတိပေးလျက်ရှိသည်။ မက္ကဆီကိုနိုင်ငံတွင် ရောဂါကူးစက်မှုအတွက် လူထူထပ်သော နေရာများကို ရှောင်ကြဉ်ကြရန် သတိပေးပြီးနောက် လမ်းမများတွင် ခြောက်ကပ်လျက်ရှိသည်။ မက္ကဆီကိုတွင် တနင်္ဂနွေက ကျင်းပသွားသော ဘောလုံးပွဲကိုလည်း ပရိသတ်ကြည့်ခွင့် မပေးခဲ့ဘဲ ကွင်းပိတ်ကစားသွားခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ်နှင့် ရုရှားနိုင်ငံတို့က မက္ကဆီကို၊ အမေရိကန်နှင့် အမေရိကနိုင်ငံများမှ ဝက်သားများ တင်သွင်းခြင်းကို ယာယီပိတ်ပင်ထားလိုက်သည်။ ထိုနိုင်ငံများမှ ပြန်လာသူများကိုလည်း လေဆိပ်တွင် ကျန်းမာရေးစစ်ဆေးခြင်းကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြုလုပ်လျက်ရှိသည်။ ရောဂါကူးစက်လျက်ရှိသော နိုင်ငံများနှင့် နီးစပ်ရာနိုင်ငံများတွင် လမ်းသွားပါက ပါးစပ်နှင့် နှာခေါင်းကို ကာကွယ်သည့် မျက်နှာဖုံးများ တပ်ဆင်ကြရန် သတိပေးထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြည်သူများကို အချင်းချင်း ဖက်ခြင်း၊ နမ်းရှုံ့ခြင်း မပြုလုပ်ကြရန် သတိပေးထားသည်ဟု ဒေသဆိုင်ရာ AFP သတင်းတစ်ပုဒ်တွင် ပါရှိသည်။

Swine တုပ်ကွေးသည် မတ်လမှ စတင်၍ မက္ကဆီကို နိုင်ငံတွင် ဖြစ်ပွားနေခဲ့ကာ လူများကို ကူးစက်လျက်ရှိပြီး လျင်မြန်စွာ ပြန့်ပွားနေကြောင်း ယခုလ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ ရောဂါခံစားရသူသည် အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းများ ခံစားရသည်ဟု သိရသည်။ အဆိုပါတုပ်ကွေးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများမှ တဆင့် ကူးစက်နိုင်သည်။

(ရောဂါလက္ခဏာများကို http://upload.wikimedia.org/wikipedia/commons/0/09/Symptoms_of_swine_flu.svg တွင်ကြည့်နိုင်ပါသည်)


ဖတ်စေချင်လို့ပါ

ကဲ သူငယ်ချင်း တို့  သေချာဖက်နော်
တို့ က အားလုံးကိုခင်လို့ ပြောပြတာနော်
သူငယ်ချင်းတို့ လဲ အွန်လိုင်းက ခင်တာကို တကယ်
မထင်ကြနဲ့ နော်
......အားလုံးကို ခင်ပါတယ်ဆိုတဲ့
နိုင်လင်း(or)အငယ်လေး

အွန်လိုင်း အိမ်မက်
............×..............

အွန်လိုင်း အိမ်မက်အကြောင်းမပြောခင် အရင်ဦးဆုံး အိမ် မက်အကြောင်း
ပြောပြပါမယ်။ အိပ်မက်ဆို တာ မြန်မာလူမျိုးတွေ အနေနဲ့က တော့ အတိတ်နိမိတ်
လို့လည်းပြောကြပါတယ်။ ဆောင်းတွင်းမှာ အိမ် မက် မက်ကြရင်တော့ ပြောကြတယ်။
ဆောင်းတွင်းအိမ်မက် ကရောက် ဂရက်တဲ့လေ။
ကောင်မလေးတယောကနဲ့သူ့သူငယ်ချင်းချက်တင်ထိုင်ကြတယ် ။ အဲဒီမှာ
သူနဲ့ခင်တဲ့ သူငယ်ချင်းနဲ့ စကားပြောနေရင်း ကောင်လေးတယောက်က
သူ့ကိုအင်ဗိုက်လုပ် တယ် ။ အဲဒါနဲ့သူလည်းလက်ခံလိုက်တာပေါ့နော်။ ပြီးတော့
စကားပြောကြတယ် ခင်သွားတယ်ဆိုတာပေါ့လေ။
ပြီးတော့အဲဒီကောင်လေးဒီမြန်မာနိုင်ငံမှာ မဟုတ်ဘူး တခြားနိုင်ငံမှာ
အလုပ်သွားလုပ်တယ်လေ။ ကောင်းမလေး ကအဲဒီကောင်လေး ထမင်းစားချိန်
တွေကိုရွေးပြီးချက်တင်ထိုင်တယ် ။ ပြီးတော့ အလုပ်သိမ်းချိန်တွေ
ကိုရွေးပြီးထိုင်တယ် ။ အဲဒီလိုသယောဇဉ်တွေ ဖြစ်နေကြတာပေါ့ ။
နောက်တော့ကောင်လေး က ကောင်မလေးကိုချစ်တယ်လို့ပြောတယ်
ကောင်မလေးကလည်းကောင်းလေးကိုချစ်ပါတယ်။ ဒါပေမဲ့ ကောင်မလေးက ကောင်လေး
ကိုချစ်တယ်လို့တော့မပြောဘူး ။ ဒါပေမဲ့ ကောင်မလေးချစ်နေတာကို ကောင်လေးက
သိတယ်လေ။ဒီလိုနဲ့ဘဲသူနဲ့စကားပြောကြတယ်။ ကောင်လေး ကပြောတယ် ကောင်မလေးကို
သူအလုပ်ကြိုးစားမယ်ပေါ့။ မြန်မာပြည်ကိုပြန်လါရင်ကောင်မလေး
ကိုလါတွေ့မယ်ပေါ့လို့ပြောတယ် ။ကောင်မလေးကို သူတွေ့ရင်
ဘယ်လောက်စိတ်ချမ်းသာတယ်ပေါ့။သူဘယ်လောက်ပင်ပန်း
ပင်ပန်းကောင်မလေးကိုမျက်နှာကိုတွေ့ရင်သူဘယ်လိုငြိမ်းချမ်းတယ်ပေါ့။
အဲဒီလို တော်ကီတွေပစ်တာပေါ့လေ ။ အဲဒီကောင်မလေးအွန်လိုင်း အိမ်မက် မက်နေတာလေ။
သူ့ကိုယ်တိုင်တောင်မသိဘူး သူမက်နေတဲ့
အိမ်မက် က ဘယ်လို အိမ်မက်မျိုးလဲဆိုတာကို သူမသိဘူး။ သူမှာချစ်လိုက်ရတာ
အဲဒီကောင်လေး နေမကောင်းရင် အလုပ်ထဲမှာလည်း စိတ်မပါဘူး ။ ကောင်လေးနဲ့
သူမတွေ့တာတပတ်လောက်ရှိပြီး အဲဒါနဲ့သူ သူ့သူငယ်ချင်းကိုမေးကြည့်တယ်။
ကောင်လေး နေကောင်းလါး ။ ဘာတွေလုပ်နေလဲပေါ့။ သူ့သူငယ်ချင်းကပြောတယ်
အဲဒီကောင်လေး မြန်မာပြည်ကို ပြန်သွားပြီတဲ့ အဖမ်းခံရလို့တဲ့လေ။ ကောင်မလေး
ကောင်လေးကိုမျှော်နေတယ် သူ့ကိုလါတွေ့မလါးလို့ပါ။ အဲဒီလိုဘဲကောင်မလေး
အိမ်မက်လေးကို မြတ်မြတ်နိုးနိုးဆက်မက်နေတယ်လေ။ နောက်
1လောက်ကြာတော့ကောင်မလေး ဆီ ကောင်လေးက မေးပို့ထားတယ်။
သူမအားလို့ပါတဲ့ အလုပ်အရမ်းရှုပ်နေလို့ပါပေါ့လေ။ ကောင်မလေးကတော့ အဲဒါလေးကိုယုံပြီးအိမ်
မက်ဆက်မက်နေတုန်းဘဲ လေ။ 2လလောက်ကြာတော့ ကောင်မလေးရဲ့ သူငယ်ချင်းကပြောတယ်။
ဒီနေ့ အဲင်္ဒီကောင်လေးမင်္ဂလါဆောင်တဲ့ လေ။ အဲဒီစကားကိုကြားလိုက်တာနဲ့
ကောင်မလေး လန့်သွားတယ် ။ အိမ်မက်ကလည်းနိုးလါတယ်လေ။ သူ့အိမ်မက်ကို
သူပြန်စဉ်းစားကြည့်တယ် သူမက်ခဲ့တဲ့ အိမ် မက်ကဆောင်းအိမ်
မက်လေးဖြစ်နေတာကိုသိလိုက်ရတယ်။ အဲဒီလိုပါဘဲ
လူတိုင်း ချက်တင်ထိုင်ကြတယ် ။ အွန်လိုင်းအိမ်မက်လေး မက်ကြပါတယ်။
ကိုယ်မက်တဲ့ အိမ်မက်လေး က ဆောင်းအိမ်မက်လါး အတိတ်နိမိတ် လါးဆိုတာ
ဘယ်သူမှာမသိနိုင်ပါဘူး။ အွန်လိုင်းအိမ်မက်လေး ကို
လူတိုင်းမက်နေကြပါတယ်။ကောင်မလေးလို ဆောင်းအိမ် မက်လေးမဖြစ်ကြပါစေနဲ့လို့
ဆုတောင်းပေးပါတယ်။ တကယ်လို့ ကိုယ်ကသူများကို အိမ်မက်ပေးခဲ့ရင်တောင်
ဆောင်းအိမ် မက်လေးမပေးကြပါနဲ့ ။ အိမ်မက်မက်နေတဲ့သူရဲ့ ဝေဒနာလေး ကို
ပြန်စဉ်းစားကြပါ။ ကိုယ်သာဆိုရင် ဆိုတဲ့ အတွေးလေး ဘဲထားပေးနိုင်ကြပါစေ။
အဲဒီလို နဲ့ ကောင်မလေး မေ့ ထားလိုက်တယ်။ဒါပေမဲ့ အဲဒီအိမ်မက်လေးက
သူအတွက်သင်ခန်းစာလေ ။ အဲဒီလိုနဲ့ကောင်လေး ဒီအတိုင်းဘဲ ချက်တင်ထိုင်တယ်
သူ့ကို ချစ်တယ်လို့ပြောတဲ့ သူတွေ ကို သူကဘယ်တော့ မှာ အိမ်မက်
ဆက်မမက်တော့ဘူးလေ ။ အချိန်တွေတော်တော်ကြာလါတော့ ကောင်မလေး
ကလိုင်းပေါ်တက်ပြီး သူငယ်ချင်းနဲ့ စကားပြောနေတဲ့ အချိန်မှာ ဘဲ
အဲဒီကောင်လေး လိုင်းပေါ်တက်လါတယ်။ ကောင်မလေး ကသူ့မှန်းသိလိုက် တယ်။
ကောင်မလေး မေးတယ်နေကောင်းလါးဘူးလါး ။ တော်ကီတွေပေးနေတယ်။
ကောင်မလေးကတခွန်းဘဲပြောလိုက်တယ် မိန်းမရသွားပြီဆို လို့မေးလိုက်တော့
သူကငြင်းတယ်။ ဘယ်သူပြောလဲတဲ့လေ ။ ကောင်မလေးကသူ့သူငယ်ချင်းနာမည်ကိုပြောလိုက်တော့ ဘာဆက်ပြောလဲသိလါး ။
အော် အင်းဟုတ်တယ်။ ကို ကြိုက်လို့မဟုတ်ပါဘူးတဲ့ အိမ်က အတင်းပေးစားလို့တဲ့ လေ။
ကဲဘယ်လောက်ဆိုးလဲဟင် ။ ကိုယ်တောင်အိမ်ထောင်ကြပြီးသွားပြီလေ
သူများသားသမီးကို ထပ်ပြီး အိမ်မက်ပေးချင်သေးတယ်နော်။ ယောက်င်္ကျားတွေများခက်တယ်နော် ။
ကောင်မလေးကိုပျော်တယ် သူ့အိမ်ထောင်ရေးက ပျော်စရာမကောင်းဘူးတဲ့လေ။
ကောင်မလေး ကပြောလိုက်တယ် ။
ကိုယ်လျှောက်တဲ့ လမ်းကို ဆိုးဆိုးကောင်းကောင်း အကောင်းဆုံးဖြစ်အောင်လျှောက်ပါလို့ပြောလိုက်တယ်။
နောက်ပြီးတော့ ကောင်မလေးကိုသူက ထပ်ပြောသေးတယ် မင်းနဲ့ ကိုက သူငယ်ချင်းပါတဲ့လေ။
ဘယ်လောက်ကြောက်စရာကောင်းတဲ့ ယောက်လဲနော် ။
ကဲဒီကောင်မလေး မက်ခဲ့တဲ့ အိမ် မက်ကတော်တော်ဆိုးဆိုးကို မက်ခဲ့တဲ့
အိမ်မက်လေးပါ။ ဒီအကြောင်းလေး ကတကယ့်အဖြစ်အပျက်လေးပါ။
သူငယ်ချင်းများလည်းဒီလို အိမ်မက်လေးနဲ့ဝေးနိုင်ကြပါစေ။



www.forverfriends.ning.com
မှကူးယူဖေါ်ပြ သည်။





သီချင်းလေးတွေဆိုစေချင်လို့ပါ

တင်တင်မြ ဘယ်လောက်ပင် ရှည်ရှည်
ကိုမြကြီး မိန်းကလေးမကြောက်ဘူးလား အချစ်ရယ်တဲ့
စည်သူလွင် မျက်လုံးများဖွင့်လို့ထားလဲ အမြင်အာရုံထဲမင်းပဲ ကိုယ်မြင်နေတယ်...
ထွန်းအိနြာဗို မြင်လွှာလေးကိုမှိတ်လို့နေ ကိုယ်ခံစားတာအစွန်းရောက်ပစေ.. မြင်လွှာလေးကိုဖွင့်မိတာ
ကျန်နေခဲ့ပြီမင်းရုပ်လွှာ...
ပိုးအိစံ အချစ်ဆိုတာ ရယူချင်းမှမဟုတ်ပဲ မဏိစန္ဒာ..
မျိုးကြီး ရယူချင်းမဟုတ်ရင် အချစ်ကဘာလဲ ငါ့ကိုလဲ ပြောပြထားသင့်တယ်...
ချစ်ကောင်း ရင်ခုန်မှအရမ်းချစ်သတဲ့လား ကိုယ်တိုင်မေးခွန်းထုတ် စဉ်းစားမိတော့
ချောစုခင် ရင်ခုန်လိုက်တိုင်း အချစ်မှမဟုတ်တာ...
.............. ကြင်နာစွာအိပ်ဆေးလေးများပေးပါ... ဘယ်မှအိပ်ဆေးရှိပါ့မလဲ
ခိုင်သင်းကြည် ရော့ယူလိုက် ရော့ယူလိုက်...

:-P:-)

အနိုင် အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး.......
ပိုးအိစံ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ .......

စိုးစနာထွန်း မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
လေးဖြူ ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

Lဆိုင်းဇီ လာချင်ရင် အနီးလေး....ကြိုမယ်ရှင့်....
. မျိုးကြီး ..မလာပါနဲ့

နန်းစုရတီစိုး ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်...
မိုးမင်း မင်းသဘော မင်းသဘော မင်းသဘောပဲ.....

Rဇာနည် ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့............
NO နောက်တစ်ယောက်နဲ့ ချစ်မှာပဲ.......

အငဲ ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား.....
စိုးစနာထွန်မနှောင်းသေးပါဘူး. ..မဟောင်းသေး ပါဘူး အချစ်ရေ.....

Lဆိုင်းဇီ ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
ဝိုင်ဝိုင်း တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

ထွန်းအိနြာဗို ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်.....
. ဗဒင် မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

ဗဒင် လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
တင့်တင့်ထွန်း နမ်းပါ နမ်းပါ နမ်းပါ..... ....

ဖြိုးကြီး ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
တင့်တင့်ထွန်း ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

ထူးအိမ်သင် မေ့လိုက်တော့ အချစ်လေးရေ..........
ဖြူဖြူကျော်သိန်း ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

လွှမ်းမိုး စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
မေဆွိ စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

ခင်ဖုန်း မင်းကြောင့် မင်းကြောင့် ပါနော်.......
စည်သူလွင် အချစ်ရေ ......ကိုယ့်ကြောင့်........



သီရိဆွေ နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
ရွှေပြည်တန်သိန်းဇော် အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

စနရားလှထွတ် အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
မေဆွိ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ.........


သုမောင် စစ်ကိုင်းတောင်ကို အရောက်သွားလို့ ...တရားရှာမလေ .......
မေဆွိ ကိုကိုရေ ..ကွယ်ရာမှာ အခြေမများနဲ့နော်......ကိုကိုနော် နော် နော့်.....


ဖိုးသောကြာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်...
သျှားအိဘိုဘိုဟန် အဖေအမေတွေက ပြောတာလား...အကိုမောင်တွေက ပြောတာလား.........

ဇော်ဝင်းထွဋ် ခေါင်းတွေကိုက်လို့ ကိုယ်တွေပူတယ် ဆေးခန်းသွားလည်း မသက်သာဘူးဟေ့.......
မေခလာ ဇွတ်ချစ်မယ်ဟေ့...... ဇွတ်ချစ်တတ်တာ ငါပဲ........


ပန်းအိဖြူ နေညိုချိန် တိမ်တောက်တဲ့ခါ ရွာလမ်းနဘေးမှာ....စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ......
စိုင်းစိုင်း ရေအိုးလေးလှုပ်ပါဟေ့ ...အိုးလေး လှုပ်ပါဟေ့....

ကဗျာဘွဲ့မှူး ကိုကိုယောင်္ကျားမဟုတ်ဘူး......................................
တွံတေးသိန်းတန် မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်.......

ဖန်ခွက်တွေကိုခဏလောက်ပြန်ချထားခဲ့ပါ

ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
> ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
> အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
> ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
> ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
> ဘာဖြစ်မလဲ ဆိုတာပဲ ..'
> "ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
> "တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
> "လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
> 'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
> ရွှတ်နောက်နောက်ကျောင်းသားတစ်ယော က်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
> လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
> ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
>
> ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
> ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
> လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …
>
> 'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
> နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
> ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
> ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
>
> ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
> ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
> စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
> ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
> ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
> အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
> အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
> ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..