အမေ
အခုတစ်လော အမေ့ကိုသတိရနေမိတယ်
မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့အမေ့ကို
ဒီနေ့ ဇာတ်ကားတစ်ကား ကြည့်နေရင်း အမေ့လိုအမေ တစ်ယောက်ကို
တွေ့လို့ မျက်ရည်ကျမိတယ်
အမေနဲ့အမြဲနီးနေရပေမယ့် ကျမကအဝေးကိုပဲအမြဲပြေးနေတဲ့ကောင်မလေးပါ
အမေကကျမကိုမချစ်ဘူးထင်လို့ပါ
အခုတော့သိလိုက်ပါပြီ
အမေ့က ကျမကိုတော်တော်ချစ်တယ်ဆိုတာ
အဲဒီအတွက်ကျေးဇူးတင်ပါတယ်အမေ
အမေ့ကို ကျမက အသက်ပေးပြီးချစ်တယ်ဆိုတာ
အမေ့ကိုမပြောဖြစ်ပေမယ့်အမေသိပါစေ။
အမေ့ကိုကျမအသက်ပေးပြီးချစ်ပါတယ်
အဲဒါ ကျမရဲ့နောက်ဆုံးစကားပါ။
No comments:
Post a Comment