Thursday, November 15, 2012

Dedicated for manakastite


နောင်ဖဲ့ဌိုင် စောရအိုင်

မျိုသိပ်ထားတဲ့ အချစ်တွေ
တစ်ယောက်ထဲပဲ သိတယ်လေ
မင်းအပြုံးအောက်မှာ ငါရင်မောစွာ
နှလုံးသားဟာ သိမ်ငယ်နေသလိုပါ ။

ဘာသာစကားလေးတစ်ခွန်းကို
ရင်မှာတိတ်တိတ် ညည်းဆိုရင်း
အိမ်မက်များစွာ မက်ရင်းက
မင်းကြားအောင် အခါခါဆိုနေမယ်

( သူသိမလား တိတ်တဆိတ် အချစ်တွေကို
   ဖွဲ့နွဲ့ မဆိုတတ်ခဲ့ ယုံမှာလား မင်းကနားမလည်လဲ
   တစ်ဘက်သတ် အချစ်လေးနဲ့ တို့ပြောမယ် နားထောင်
   နောင်ဖဲ့ဌိုင် စောရအိုင် )

ပင်ကိုယ်ရိုးသားမှုနဲ့ လိမ်လည်ပြောဖို့မတတ်တယ်
သိပ်ချစ်မိတယ် ဒီတစ်ခွန်းပါ
မင်းနားလည်စေချင်နေပါတယ်

တစ်ယောက်ထဲပဲပြောမယ်
တစ်ယောက်ထဲပဲကြားစေကွယ်
သိပ်ချစ်မိတယ် ဒါကိုနားလည်
မင်းကြားအောင် အခါခါဆိုနေမယ်


No comments: