Thursday, July 31, 2014

ဒီနေ့အလုပ်မှာအားနေတုန်း ငါဘလော့ရေးရင်းထုံးစံအတိုင်းနင့်အကြောင်းတွေးဖြစ်တယ်
နားထောင်နေကျဖြစ်တဲ့ တရုတ်သီချင်းတွေကလဲ နင့်အကြောင်းကိုအထပ်ထပ်ပြောနေသလိုခံစားရတယ်
အထပ်ထပ်နားထောင်ဖြစ်နေတဲ့ သီချင်းတွေရယ်
အထပ်ထပ်တွေးမိနေတတ်တဲ့ နင့်အကြောင်းတွေရယ်နဲ့ ငါ့နေ့ရက်တွေကဘာမှမထူးဆန်းပါဘူး ညီ
လုပ်နေကျအလုပ်တွေလုပ်ရင်း ရိုးဆင်းနေတဲ့ငါ့နေ့ရက်တွေမှာ နင်မရှိတော့ငါလဲ အခုဆိုအတော်နေသားကျနေပါပြီ
တကယ်ကိုဝေးကွာသွားပြီဆိုတာကို အသေအချာလက်ခံလိုက်ကတည်းက အရင်လိုနင့်ကိုသတိရတိုင်း ငါမငိုဖြစ်တော့ဘူး
မျက်ရည်ဝဲမိယုံလေးနဲ့ပဲ ငါအားတင်းပြီးပြုံးနေမိတယ်
နင်လဲအားတင်းထားပါ ညီ
ငါမပါတော့မယ့် နင်အနာဂါတ်နေ့ရက်တွေကို နင်အားတင်းပြီးရှေ့ဆက်လှမ်းလိုက်ပါ
တစ်နေ့နေ့တော့ ငါတို့ပြန်ဆုံကောင်းပါရဲ့ 

Tuesday, July 22, 2014

နှင်းနုမနက်ခင်း

တိတ်ဆိတ်နေတဲ့ ဘူတာရုံကလေးမှာ တစ်ယောက်ထဲတွေတွေငေးငေးထိုင်ရင်း
ညှိုးနွမ်းခြောက်သွေ့နေတဲ့ လေထုကိုခက်ခက်ခဲခဲရှုရှိုက်နေရသလိုခံစားမိတယ်။


နာရီသံတွေ တစ်ချောက်ချောက်နဲ့
လူတွေကလဲတစ်ဖြောက်ဖြောက်နဲ့

မှိုးတိုးမှိန်တိန်လင်းနေတဲ့မီးရောင်အောက်မှာ ခပ်ကုပ်ကုပ်လျှောက်ရင်း ချမ်းစိမ့်လာတဲ့လေထုကို
သူမရဲ့ သိုးမွှေးထည်လေးအပါးထည်လေးက လက်မြှောက်အရှုံးပေးလိုက်ပြီ။

လူသံတွေတိတ်ဆိတ်နေတဲ့ ရထားတွဲထဲမှာ သူမလိုလူသားတွေကအတွေးကိုယ်စီနဲ့
ငိုက်တဲ့လူကလဲ ငိုက်
တွေးတဲ့လူကလဲတွေး
ဘာကိုမှအဓိပ္ပါယ်ဖော်လို့မရတဲ့ မျက်ဝန်းအဖြူထည်တွေ
မရေရာတဲ့တောင်စဉ်အတွေးတွေကိုခဏဖြူတ်ချရင်း သူမ ခပ်ငြိမ်ငြိမ်ထိုင်နေမိတယ်။

ပြတင်းပေါက်ကနေ နှင်းနုမကွဲသေးတဲ့မနက်ခင်း
ဒီမြို့ကလေးကို သူမ စွန့်ခွာသွားရတော့မယ်
ဒါကို သူ သိပါလေစ။

ရထားခုတ်မောင်းသံ ခပ်သဲ့သဲ့ထွက်လာတဲ့အချိန် သူမ တစ်ချက်တော့ပြုံးမိသေးတယ်
 ဘာတွေအတွေးလွန်နေသလဲကွယ်
သူမရဲ့ဖြစ်တည်မှုကိုတောင် သူအသိအမှတ်မပြုတော့တဲ့နောက်
သူမဘက်က ဘာတွေများ ထပ်ပြီးဖြည့်စွက်တွေးနိုင်မှာလဲ ။

နှုတ်ခမ်းကိုခပ်မဲ့မဲ့ပြုံးရင် သူပြုံးနေကျ အပြုံးကိုမြင်ယောင်မိသည်
မထီတထီနှင့်လူတကာအမြင်ကပ်လောက်အောင် ပြုံးနိုင်သူ
ထိုအပြုံးကို အိမ်မက်ထဲထိ နှစ်ခြိုက်သူက သူမ

သူငယ်ချင်းတွေကြားမှာ သူရဲ့ copy cat  က သူမ
ဘယ်တော့မဆို ဘာမှတိုင်ပင်စရာမလိုလောက်အောင်ကို စိတ်တူကိုယ်တူဖြစ်လွန်းတဲ့သူမတို့နှစ်ယောက်
အခုတော့ ဘာကိုမှပြောနေစရာမလိုအောင် ပြီးစီးသွားတဲ့တစ်နေ့

အဲဒီနေ့ဟာ ဒီနေ့ပါပဲ
ဘာကိုမှရှင်းပြဖို့မလိုတော့ချိန်
ဝမ်းပန်းတစ်နည်းငိုစရာလဲမလိုတော့ချိန်
နှုတ်ဆက်ခဲ့ပါတယ်လို့ပြောစရာလဲမလိုတော့ချိန် 
အရင်လိုခပ်မဲ့မဲ့အပြုံးတွေကိုကြည့်စရာလဲမလိုတော့ချိန်

အဲဒီအချိန်တွေအားလုံးကို သူမကျောခိုင်းလှည့်ထွက်ခဲ့သည်
ခေါင်းမာ မာနကြီးလွန်းပြီး အမှန်တွေကိုပဲပြောတတ်လွန်းတဲ့ သူမ
အခုလို မှန်တယ်ထင်တယ်လို့ဆုံးဖြတ်ပြီးတဲ့နောက် ငါတို့နှစ်ယောက်လုံး ဘယ်တော့မှနောင်တမရကြေးပေါ့လေ

 ငါသွားတော့မယ်  ညီ
နင်ရှိတဲ့မြို့ကနေ ငါထွက်ခွာသွားတော့မယ်
နှင်းတွေဝေနေတဲ့ ဒီမနက်ခင်းကို ငါမျက်တောင်မခတ်ဘဲငေးကြည့်နေမိတယ် ငါ့ရင်ဘတ်ထဲတစ်သက်လုံးသိမ်းထားနိုင်အောင်လို့
နောက်ဆုံးစကားလေးတစ်ခွန်းတော့ပြောခွင့်ရရင်ပြောချင်ပါတယ်

ညီ ... ငါနင့်ကိုသိပ်ချစ်တယ် ။



ဒီနေ့တော့ ဘာမှမလုပ်ဖြစ်ဘူး ညီ
တစ်ယောက်ထဲ တရုတ်ကားတွေထိုင်ကြည့်နေတယ်
ဒီနေ့ ငါ့နားရက်ဆိုတော့ အေးရာအေးကြောင်းပဲ
အခုလောလောဆယ်တော့ ချမ်းချမ်းသီချင်းကိုနားထောင်နေတယ်
ဒီနေ့ထဲမှာ ဒီအပတ်ထဲမှာ ခရေဇီဖြစ်နေတဲ့သီချင်းပေါ့
ဘာတွေလုပ်နေသလဲညီ
ငါတော့ ဒီနေ့တစ်နေ့လုံး အိမ်တွေရှင်း အ၀တ်တွေလျှော် အနားကိုမနေရပါဘူး ညီ
အရင်လိုပဲ နင့်ကိုသတိရတုန်းပါ ညီ 

Friday, July 18, 2014

ရန်ကုန်

ဒီနေ့ အာဇာနည်နေ့
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို ဦးညွတ်အလေးပြုပါသည်။


ဟွန်းသံရှည်ရှည်နဲ့ ဥသြသံတောင်ဆွဲခွင့်မရှိတဲ့ ရန်ကုန်လို့ခေါ်တဲ့အရပ်မှာ
ကျမနေပါတယ်။


ချမ်းသာတဲ့လူတွေကမတရားချမ်းသာပြီး
ဆင်းရဲတဲ့လူတွေက မတရားဆင်းရဲလို့စားစရာတောင်မရှိတဲ့ မြို့ကို ရန်ကုန်လို့ခေါ်ပါတယ်
ထိုအရပ်မှာ ကျမနေပါတယ်

ဖိနှိပ်မှု မညီမျှမှု မတရားမှု ထိုအရာတွေနဲ့မရေမတွက်နိုင်အောင်များပြားလှတဲ့မြို့ကို
ရန်ကုန်ဟုခေါ်ပါသည်
ထိုအရပ်မှာ ကျမနေပါတယ်

လွတ်လပ်စွာပြောခွင့်မရတဲ့မြို့ အရှိကိုအရှိအတိုင်းလုပ်ဆောင်ခွင့်မရတဲ့မြို့
ဘယ်အရာမှလွတ်လပ်စွာချပြခွင့်မရတဲ့မြို့ အဲဒီမြို့ကို ရန်ကုန်ဟုခေါ်သည်

ဘယ်လောက်ပဲချို့တဲ့နေပါစေ သူတပါးကိုပေးကမ်းတတ်တဲ့မြို့
ဖြူစင်စိတ်ထားတွေနဲ့ ညှိုးနွမ်းနေတဲ့မြို့

နွေမိုးဆောင်းသုံးရာသီစလုံး ပါးစပ်ပိတ်နေရတဲ့မြို့
အဲဒီရန်ကုန်လို့ခေါ်တဲ့မြို့မှာ ကျမနေတယ်

အဖိအနှိပ်ခံဘ၀က အမြဲတမ်းလွတ်မြောက်အောင်ကြိုးစားနေတဲ့မြို့
သူတပါးပေးစာကမ်းစာနဲ့ရှင်သန်နေရတဲ့မြို့
အဲဒါ ရန်ကုန်

သာသနာရောင်ထွန်းပြောင်နေတဲ့မြို့
ဗုဒ္ခဘာသာ ဗမာလူမျိုးတွေနဲ့ပြည့်နှက်နေတဲ့မြို့

 သွေးသံတရဲရဲနဲ့မြို့ 
လူရိုင်းတွေနေတဲ့မြို့

အမြင်တွေမကြည်လင်တဲ့မြို့
ထင်ရာတွေဆိုင်းနေတဲ့မြို့

ဖြစ်ချင်တိုင်းဖြစ်နေတဲ့မြို့
အယူအဆတွေ မတူညီတဲ့မြို့

ထိုင်ခုံနေရာလုနေတဲ့မြို့
မအေးချမ်းတဲ့မြို့
အဲဒီလိုမြို့မှာ ကျမနေတယ်

ဒါပေမယ့်
ကျမပျော်တယ်
ဝမ်းနည်းတယ်
စိတ်ဓါတ်ကျတယ်
မလွတ်လပ်ဘူး
မတရားဘူး
မမျှတဘူး

ဒါပေမယ့် ရန်ကုန်
ကျမ ချစ်တယ်
ကျမတို့တိုင်းပြည် မြန်မာပြည်
ရန်ကုန်မြို့ကို ကျမချစ်တယ်
သေတဲ့အထိ ရန်ကုန်မှာပဲ နေမယ်
ဒီမြေမှာပဲခေါင်းချမယ်
အဲဒီလောက်အထိ ကျမတိုင်းပြည်ကိုကျမချစ်ပါသည်။

(အာဇာနည်နေ့ အမှတ်တရ ကဗျာ)









ညီမလေးရေ


ချစ်သူကိုလွမ်းတာလဲလွမ်းပေါ့ ငိုချင်တဲ့အခါလဲ ငိုလိုက်ပါ
ဒါပေမယ့် ဘ၀နဲ့ပတ်သက်တဲ့လုပ်စရာတွေကိုတော့ မမေ့မလျော့နဲ့လုပ်နေပါ


ကိုယ့်ကိုချစ်မယ့်သူဘေးမှာရှိတာလဲ ကောင်းပါတယ်
အဲလိုမှမရှိခဲ့ရင်လဲ ကိုယ့်ဟာကိုယ်ပျော်ပျော်ရွင်ရွင်နေနိုင်ရမယ်

ပြတ်သွားတဲ့စွန်ကြိုးလို ပြန်ဆက်လို့မရနိုင်သလို
လွတ်သွားတဲ့ ငါးလေးလို သူ့ကိုလွတ်လပ်ခွင့်ပေးလိုက်ပါ

အဲဒါဟာ ကိုယ့်ကိုကိုယ်လွပ်လပ်ခွင့်ပေးလိုက်တာနဲ့တူတူပါပဲ

ချစ်တာက ချစ်ပါ ဒါပေမယ့် ကိုယ်ကိုကိုယ်နှစ်ရာတော့မရောက်စေနဲ့

အမျိုးသားလေးတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်ကိုတကယ်ချစ်တယ်ဆိုရင်
ဘာတွေမှတားဆီးလို့မရနိုင်သလို
စကားလုံးတွေထက် အမူအယာတွေကပိုသက်သေပြပါတယ်။

ဘယ်သောအခါမှ ဂတိတစ်လုံးကိုလွယ်လွယ်မပေးဖြစ်ပါစေနဲ့
ပေးပြီးတဲ့ ဂတိကိုလဲတည်နိုင်အောင် ကြိုးစားပါ

ကိုယ့်ကိုကိုယ်မြတ်နိုးပါ ညီမလေးရေ
ကောင်းကင်မှာ ကြယ်တွေမရှိတဲ့နေ့တွေရှိနိုင်ပေမယ့် လမင်းကြီးကတော့အမြဲသာနေတာပဲလေ

မနက်ဖြန်တိုင်းမှာ လှပတဲ့နေ့ရက်တွေရှိတယ်လို့ယုံကြည်ပါ
အဲလိုလှပတဲ့နေ့ရက်တွေထဲမှာ အသက်ရှင်ပါ

အားလပ်ရက်မှာ ကိုယ်လုပ်ချင်တဲ့အလုပ်တွေလုပ်နေပါ

သီချင်းနားထောင်ပါ စာဖတ်ပါ သူငယ်ချင်းတွေနဲ့တွေ့ဆုံပါ
မိဘတွေကို ကူညီတတ်ပါစေ

အမြဲတမ်းပြုံးနေနိုင်အောင် ကြိုးစားပါ

စိတ်ဓါတ်ကျနေခဲ့ရင်တောင် သူများကိုအနည်းဆုံးတော့ ကူညီလိုက်ပါ

အားတင်းပြီးပြုံးထားပါ ညီမလေးရေ
အမြဲတမ်း နေသာတဲ့နေ့ရက်တွေမရှိနိုင်သလို မုန်တိုင်းကျတဲ့နေ့ရက်တွေဆိုတာလဲ အမြဲတမ်းမရှိနိုင်ဘူးလေ 

ကြိုးစားပါ ညီမလေးရေ
ပြီးတော့ရိုးသားပါ ။



Tuesday, July 15, 2014

ဒီနေ့အလုပ်မှာ ထွက်စာပုံစံဖြည့်ပြီးနောက်တစ်လဆိုငါအိမ်ပြန်တော့မယ် ညီ
အရင်လို တိုင်ပင်စရာလူလဲငါ့ဘေးမှာမရှိတော့တဲ့အခါ တစ်ယောက်ထဲ Taylor Swift  ရဲ့ Breathe ဆိုတဲ့သီချင်းကိုနားထောင်ပြီး ငါတစ်ယောက်ထဲ အမှောင်ထဲမှာငိုနေမိတယ် နင်မရှိဘဲနဲ့ ငါဘာလုပ်ရမှန်းမသိတော့ဘူး
ငိုချင်တယ် ညီ

Thursday, July 10, 2014

When all things are done , I feel that I still have hope to catch you , may I have a chance ?!

Wednesday, July 9, 2014

I am dying inside ....


Just fun time with friend :)


အိမ်ပြန်ဖို့ ၁ လပဲလိုတော့တယ် ညီ
အနာဂါတ်ကိုကြိုတွေးပြီး ငါစိတ်မညစ်ချင်တော့ဘူး
တစ်ယောက်ထဲနေရတဲ့အတွက် အလွန်ကိုပျော်ပါတယ်လို့ နင့်ရှေ့မှာငါပြောမိမလားမသိ
အထီးကျန်ဆန်တဲ့လို့ခံစားမိပေမယ့် ထားခဲ့တဲ့လူကထားခဲ့ရက်တဲ့အတွက် ငါဘာမှမပြောချင်တော့ပါ
ကိုယ်လုပ်ချင်တာတွေလုပ်နေရလို့ပျော်ပေမယ့် တစ်ခါတစ်ရံ စူးစူးနင့်နင့်နင့်ကိုသတိရတိုင်းမျက်ရည်ကျမိတဲ့နေ့တွေရှိပါရဲ့
စိတ်အနှောက်အယှက်ဖြစ်စရာတွေနဲ့ဝေးအောင်နေနေပါတယ်
တစ်ယောက်ထဲပါပဲ
တစ်သက်လုံးပဲအဲ့လိုဖြစ်နေတော့မယ်ထင်ပါရဲ့ ။
Just because love has no guarnatee
Tightly - held hands can break apart at time


Just because time is crueler than memories
Even the most hurt heart can be in equilibrium


Just because of the restless process you say that the road to love is more fascinating


Just because of too may gatherings and partings
I am afraid of being serious


There is not a single person on the raining streets
the romantic path to home ....


(ငါနားထောင်ဖူးတဲ့ တရုတ်သီချင်းတစ်ပုဒ်  နင့်အကြောင်းတွေရင်းနဲ့ ငါမျက်ရည်ကျမိတယ် )
အလုပ်ကပိတ်ရက်မှာ လုပ်စရာတွေလုပ်နေရင်းနဲ့ ငါနင့်အကြောင်းတွေးနေမိတယ်
နေ့ခင်းဘက်ခဏအိပ်ပျော်သွားတော့ အိမ်မက်ထဲမှာ အိမ်မက်ပြန်မက်နေတယ်
နင့်ကိုပြန်တွေ့ရတယ် မတွေ့တာကြာတဲ့ နင့်ကိုပြန်တွေ့တဲ့အချိန်မှာ ငါကငိုနေခဲ့တယ်
အဲလိုမိုက်မဲတဲ့ကလေးမလေး ငါ အိမ်မက်ကနိုးတော့ မျက်ရည်တွေနဲ့ 
ငါနင့်ကိုတွေ့ချင်လိုက်တာ
မာနတစ်ခုနဲ့လမ်းကွဲသွားတဲ့ ငါတို့ကြားမှာ ဘာတွေများပြောစရာထပ်ရှိအုံးမလဲ
ပြီးတာတွေပြီးသွားပေမယ့် မပြီးနိုင်သေးတဲ့ အပိုင်းအစအချို့က ငါ့ရင်ထဲမှာ ကျန်နေတုန်းပဲ 
ငါ့ကိုသတိမှရသေးရဲ့လား ညီ
ဘာရယ်မဟုတ်ဘဲ ငါ့စိတ်ဓါတ်တွေက အ၀ီစိရောက်နေတယ် 
 

Sunday, July 6, 2014

အပြင်မှာ မိုးတွေရွာနေတယ်
အဲဒီနေ့က ငါ့ကိုဝန်ခံဖို့ချန်ထားခဲ့တယ်
လျှာဖျားပေါ်ကစကားလုံးတွေကိုမပြောဖြစ်ခဲ့ဘူး
အမှန်မှန်တော့ လူတစ်ယောက်ကိုချစ်တဲ့နွေးထွေးတဲ့စိတ်ကိုတွေးရတာ
တကယ်ကိုလွယ်ပါတယ်
ငါဟာရဲရင့်တဲ့လူတစ်ယောက်ပါ နင်ကကိုယ့်ကိုကိုယ်အထင်ကြီးတဲ့လူတစ်ယောက်
ဘယ်အရာတွေကိုဘယ်လိုမှန်အောင်လုပ်ရမလဲငါမသိတော့ဘူး
နင်လိုချင်တဲ့နားလည်မှု
နင့်မျက်လုံးအောက်နားလေးက ပျော်ရွင်မှု
ငါတို့နှစ်ယောက်ရဲ့တစ်ဝက်တစ်ပျက် ပုံပြင်
(နားထောင်ဖူးတဲ့တရုတ်သီချင်းလေးရဲ့ တစ်ပိုင်းတစ်စကိုဘာသာပြန်ထားတာပါ)

ချစ်သော J သို့

မနေ့ညက နင့်ကိုအိမ်မက်မက်တယ်
နင်နဲ့ငါရဲ့ကြားကလေထုကသိပ်မကောင်းဘူး ညီ
နင့်မျက်နှာလဲသိပ်မကောင်းဘူး
နင့်ကိုသတိရတယ်
အီးမေးလ်ပို့ချင်ပေမယ့် ငါ့ဘက်က စပြီး ဘလော့ခဲ့တဲ့ နင့်ကို ဘယ်လိုပုံစံနဲ့ပြန်ဆက်သွယ်ရမလဲ
ငါမသိတော့ဘူး
ငါ့ဘက်ကရင့်ရင့်သီးသီးပြောပြီးမှ နင့်ကိုသတိရလို့ နေမှကောင်းရဲ့လားလို့ ပြန်မေးဖို့ကလဲ လွယ်မှမလွယ်ဘဲလေ
တစ်သက်လုံးချစ်ရဆုံးသူတစ်ယောက်ကိုစိတ်ထဲမှာထားပြီး ဘယ်လိုပျော်ရွင်မှုမျိုးနဲ့ငါနေထိုင်ရမလဲ ။