ဘယ်သူ့မှာဘယ်လောက်ရှိမလဲ မသိနိုင်တဲ့ မျှော်လင့်စိတ်ကလေး
ဒီနေ့ ကျမမှာတော့ မရေမတွက် နိုင်လောက်အောင် ရှိနေခဲ့ပါတယ်
ကျမ ဖုန်းခေါ်သံ တစ်ခုကိုစောင့်နေခဲ့တာပါ
မနေ့ကလဲ ၂၄ နာရီလုံးလုံးစောင့်တယ်
ဒီနေ့လဲ နေမ၀င်ခင်အထိစောင့်နေရအုံးမယ်ထင်ပါရဲ့
မနက်ဖြန်ဆို ၃၀ ရက်ရောက်တော့မယ် နောက်လကို ကူးဖို့ ကြားထဲမှာ တစ်ရက်ပဲလိုတော့တယ် ။
ကိုယ်မျှော်လင့်နေတဲ့ ဆုတောင်းထားတဲ့အရာလေး ပြည့်ချင်တယ် ။
Tuesday, October 28, 2014
Monday, October 20, 2014
စိတ်အနှောက်အယှက်ဖြစ်စရာကိစ္စတွေကို အမေနဲ့တိုင်ပင်ပြီးဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကျမအခုတော့ သိသွားခဲ့ပြီ ။
မရေးဖြစ်တာကြာတဲ့ Diary နဲ့ မသွားဖြစ်တာကြာတဲ့နေရာတွေကို လုပ်ဖြစ်အောင်လုပ်ဖို့ကြိုးစားနေသည်
ကြိုးစားနေဆဲပေါ့။
မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့လဲကြိုးစားရအုံးမည်။
အခုတစ်လော ကိုယ်ဘာလုပ်ချင်နေသလဲဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးဖြစ်တယ်။
အသက်ကလဲသုံးဆယ်ကျော်တော့မယ် ဒီကြားထဲမှာမှ ကိုယ်ရဲ့ Professional လိုင်းလေးတောင်
သီးသန့်မရှိသေးဘူးဆိုရင် သဇင်ရယ် နင့်အဖြစ်ကရှက်စရာလို့သာပြောလိုက်ချင်တော့သည်။
မနေ့တစ်နေ့ကမှ ကိုယ့်နဲ့ပတ်သက်တဲ့ကိုယ့်အကြောင်းကို သီးသီးသန့်သန့်စဉ်းစားမိသည်။
အဲဒီတော့ ကျမဖြစ်ချင်တဲ့တစ်ချို့အရာတွေကို ဦးစားပေး တစ်နှစ် အနေနဲ့ရေးဖြစ်သည်။
ဘ၀မှာသက်တောင့်သက်သာနဲ့ဖြတ်သန်းလာတဲ့အချိန်တွေသိပ်များလာတဲ့အတွက်
အခုနောက်ဆုံး ဆုံးဖြတ်ချက်ချမိတာကတော့
၁။ ကိုယ်ဝါသနာပါတဲ့ တရုတ်ဘာသာစကားကို native speaker တစ်ယောက်လိုစကားပြောနိုင်အောင်
ကြိုးစားမည်။
၂။ ၀ါသနာပါတဲ့ Field တစ်ခုထဲမှာ နာမည်တစ်လုံးနဲ့နေနိုင်အောင်ကြိုးစားမည်။
၃။ မိမိအတွက်ထိုက်တန်တဲ့လစာရပြီး အဲဒီလစာနဲ့အမေ့ကိုလုပ်ကျွေးနိုင်ရမည်။
အခုတစ်လောတော့ ကိုယ်လုပ်နေတဲ့ကသိပ်အဆင်ပြေတဲ့အခါ ကိုယ်ကျွမ်းကျင်တဲ့လိုင်းကို ပဲရွေးတော့မယ်လို့ စဉ်းစားလိုက်တယ်။
ဘ၀မှာ ကိုယ်ဖြစ်ချင်တဲ့ အရာကိုဖြစ်အောင်ကြိုးစားပြီး ကျမတစ်ယောက်ထဲပဲ ဆက်နေဖို့ဆုံးဖြတ်ချက်ကို
ရဲရဲကြီးချလိုက်ပါသည်။
Thursday, October 2, 2014
တစ်နေ့က facebook က others ဆိုတဲ့ message box မှာ နင့်သူငယ်ချင်းက ငါ့ဆီ မက်ဆေ့ခ်ျပို့ထား
တယ်
သိပ်မမှတ်မိချင်တော့တဲ့ နင့်အကြောင်းတွေက ငါ့ကိုသတိတရဖြစ်စေတယ်
မေ့နေခဲ့တယ်မဟုတ်ပေမယ့် ဖြစ်နိုင်မယ်ဆိုရင်အသစ်တွေလဲပြန်မဖြစ်ချင်တော့ဘူး
ဘာမဆိုနင့်အတွက်အကောင်းဆုံးကိုမျှော်လင့်တဲ့ငါက အဝေးတစ်နေရာကနေ
နင့်အကြောင်းတွေနားစွင့်နေမယ်လို့တော့မထင်လိုက်ပါနဲ့
ငါလဲငါ့ဘ၀နဲ့နေသင့်တယ်ထင်လို့ပါ ပြီးသွားတဲ့ဇာတ်လမ်းတစ်ခုမှာ ဘယ်သူမှမမှားပါဘူး ညီ
နင်အဆင်ပြေပါစေ
အစစအရာအရာပေါ့ ။
တယ်
သိပ်မမှတ်မိချင်တော့တဲ့ နင့်အကြောင်းတွေက ငါ့ကိုသတိတရဖြစ်စေတယ်
မေ့နေခဲ့တယ်မဟုတ်ပေမယ့် ဖြစ်နိုင်မယ်ဆိုရင်အသစ်တွေလဲပြန်မဖြစ်ချင်တော့ဘူး
ဘာမဆိုနင့်အတွက်အကောင်းဆုံးကိုမျှော်လင့်တဲ့ငါက အဝေးတစ်နေရာကနေ
နင့်အကြောင်းတွေနားစွင့်နေမယ်လို့တော့မထင်လိုက်ပါနဲ့
ငါလဲငါ့ဘ၀နဲ့နေသင့်တယ်ထင်လို့ပါ ပြီးသွားတဲ့ဇာတ်လမ်းတစ်ခုမှာ ဘယ်သူမှမမှားပါဘူး ညီ
နင်အဆင်ပြေပါစေ
အစစအရာအရာပေါ့ ။
အရင်ကတော့ အလုပ်မှာ နာရီမြန်မြန်ကုန်စေဖို့ပဲ ဆုတောင်းမိတယ် အဲဒါမှအိမ်ပြန်ရမှာကိုး
အခုတော့ ရင့်ကျက်လာတယ်လို့ပဲပြောမလား တကယ်ပဲ ဒီလုပ်ငန်းကိုစိတ်ဝင်စားလာတယ်လို့ပဲ
ပြောရမလား
ကျမအလုပ်ကိုစိတ်ချမ်းချမ်းသာသာလုပ်ပြီး တစ်နေ့တာပြီးဆုံးချင်နေခဲ့ပါတယ်
တွေ့ဆုံရတဲ့လူတိုင်းကစိတ်ထားတွေမတူ အသွင်အပြင်တွေမတူတော့ကာ
ကျမအတွက်တော့အတတ်နိုင်ဆုံးအဆင်ပြေစေဖို့ကိုပဲ စိတ်ထားတော့တယ်
လူဆိုတာမျိုးက တစ်ချို့တွေက တစ်ကိုယ်ကောင်းဆန်တတ်တာမျိုးတွေ ကိုယ့်ဘက်ပဲတွေးတတ်တာမျိုးတွေ
ရှိလာတော့လဲ ကျမဘက်က စိတ်တိုစိတ်ညစ် အခန့်မသင့်ရင် စိတ်အနှောက်အယှက်ကလေးတွေရှိတော့လဲ အခုဆိုတော်တော်လေးစိတ်ထားတတ်နေပြီလို့ပြောရမယ်
ငယ်ငယ်ကစိတ်နဲ့ဆိုရင်တော် ဘယ်ပြောကောင်းမလဲ
ကိုယ့်ဘက်ကမှန်ခဲ့ရင်တောင် ရန်တွေ့ရမှာ ရန်ဖြစ်ရမှာကို ရှက်တတ်တဲ့ကျမအတွက်
တစ်ခါထဲအဲဒီလိုမျိုးလူတွေနဲ့အဆက်အသွယ်လုပ်ဖြစ်တော့မယ်မထင်ဘူး။
အခုတော့ အလုပ်ကပဲသင်သွားတယ်ပြောရမလားပဲလေ ။
တော်တော်စိတ်ထားတတ်နေပြီ ။
ကိုယ်ကိုယ်တိုင်ကအလျော့ပေးတာများလွန်းလို့လူလဲ ထုံပေပေဖြစ်လာတယ်ထင်ပါရဲ့လေ ။
ဒီအတိုင်းနေတာထက်စာရင် ကျမကတော့တစ်ခုခုကိုအကောင်းဆုံးလုပ်ချင်နေခဲ့ပါတယ်။
Subscribe to:
Posts (Atom)