Thursday, October 2, 2014


အရင်ကတော့ အလုပ်မှာ နာရီမြန်မြန်ကုန်စေဖို့ပဲ ဆုတောင်းမိတယ် အဲဒါမှအိမ်ပြန်ရမှာကိုး
အခုတော့ ရင့်ကျက်လာတယ်လို့ပဲပြောမလား တကယ်ပဲ ဒီလုပ်ငန်းကိုစိတ်ဝင်စားလာတယ်လို့ပဲ
ပြောရမလား
ကျမအလုပ်ကိုစိတ်ချမ်းချမ်းသာသာလုပ်ပြီး တစ်နေ့တာပြီးဆုံးချင်နေခဲ့ပါတယ်
တွေ့ဆုံရတဲ့လူတိုင်းကစိတ်ထားတွေမတူ အသွင်အပြင်တွေမတူတော့ကာ
 ကျမအတွက်တော့အတတ်နိုင်ဆုံးအဆင်ပြေစေဖို့ကိုပဲ စိတ်ထားတော့တယ်
လူဆိုတာမျိုးက တစ်ချို့တွေက တစ်ကိုယ်ကောင်းဆန်တတ်တာမျိုးတွေ ကိုယ့်ဘက်ပဲတွေးတတ်တာမျိုးတွေ
ရှိလာတော့လဲ ကျမဘက်က စိတ်တိုစိတ်ညစ် အခန့်မသင့်ရင် စိတ်အနှောက်အယှက်ကလေးတွေရှိတော့လဲ အခုဆိုတော်တော်လေးစိတ်ထားတတ်နေပြီလို့ပြောရမယ်
ငယ်ငယ်ကစိတ်နဲ့ဆိုရင်တော် ဘယ်ပြောကောင်းမလဲ
ကိုယ့်ဘက်ကမှန်ခဲ့ရင်တောင် ရန်တွေ့ရမှာ ရန်ဖြစ်ရမှာကို ရှက်တတ်တဲ့ကျမအတွက်
တစ်ခါထဲအဲဒီလိုမျိုးလူတွေနဲ့အဆက်အသွယ်လုပ်ဖြစ်တော့မယ်မထင်ဘူး။
အခုတော့ အလုပ်ကပဲသင်သွားတယ်ပြောရမလားပဲလေ ။
 တော်တော်စိတ်ထားတတ်နေပြီ ။
ကိုယ်ကိုယ်တိုင်ကအလျော့ပေးတာများလွန်းလို့လူလဲ ထုံပေပေဖြစ်လာတယ်ထင်ပါရဲ့လေ ။
 ဒီအတိုင်းနေတာထက်စာရင် ကျမကတော့တစ်ခုခုကိုအကောင်းဆုံးလုပ်ချင်နေခဲ့ပါတယ်။

No comments: