Monday, May 30, 2016

ကျွန်မနှင့် My best four years

တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ကျွန်မ မထင်မှတ်ပဲတွေ့ပြီးကော်ဖီဆိုင်တစ်ခုမှာ စကားတွေပြောဖြစ်တော့ သူက သာကြောင်းမာကြောင်းမေးပြီးအခုရော ဘယ်လိုအခြေအနေရှိသလဲမေးတော့ ကျွန်မထုံးစံအတိုင်း ရင်ထဲကခံစားချက်တွေဖုံးကွယ်ပြီးခပ်ပေါ့ပေါ့ပဲပြန်ဖြေဖြစ်ပါတယ် ။ဒါကို သူက ... အကောင်းမြင်တတ်တဲ့ စိတ် 
ပေါ့ပေါ့ပါးပါးနေတတ်တဲ့စိတ်ကအခုထိမပြောင်းလဲသေးဘူးနော်။
လူဆိုတာကလွယ်လွယ်နဲ့မပြောင်းလဲ တတ်ပါဘူးလို့ ခပ်ပြုံးပြုံးပြောပြီး အရင်ဦးဆုံးပဲ ကျွန်မက နှုတ်ဆက်ထွက်ခွာလာခဲ့ပါတယ်။
လူတစ်ယောက်ဟာ နာကျင်လွန်းရင် ထုံကျင်သွားပြီး ငိုဖို့တောင်မေ့သွားတယ်ဆိုတာ ကိုယ်တွေ့ကြုံလို့ ယုံလိုက်ရပြီ။
၂.၂.၂၀၁၄

Thursday, May 19, 2016

ကျွန်မကလေးလေးပြန်ဖြစ်သွားတဲ့နေ့ ...

တမနေ့က ရန်ကုန်မှာ မိုးတွေကရွာ ကိုယ်ကလဲထီးမပါ ထုံးစံအတိုင်း ဟိုအကာယူ ဒီအကွယ်ယူနဲ့ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ကိုယ်ကအမေ့ကိုဖုန်းခေါ်ပြီး ထီးလာပေးဖို့ခေါ်ရတော့တယ်။သမီးကိုကားဂိတ်မှာစောင့်နေပေးပါ ထီးမပါလို့ လာကြိုပေးပါ သမီးရောက်ခါနီးရင် ဖုန်းဆက်ပေးပါမယ်လို့ အမေ့ကို အားနာနာနဲ့ဖုန်းဆက်ရပါတယ် ။အမေက ကိုယ့်ကို ကားဂိတ်မှာစောင့်နေခဲ့ပါတယ် ။ကားပေါ်ကဆင်းဆင်းခြင်းအမေကမ်းပေးတဲ့ ထီးကိုလှမ်းယူလိုက်ရင်း ကိုယ်ဟာ အတိတ်ကိုဖျတ်ကနဲရောက်ပြီးပစ္စုပ္ပုန်မှာကိုယ်ဟာ ကလေးလေးဖြစ်သွားခဲ့ပါတယ်။သုံးတန်းကလေးလေးက ကျောင်းဆင်းချိန်မိုးတွေရွာပီး ထီးမပါလို့ ငိုမဲ့မဲ့ဖြစ်နေတဲ့အချိန် အမေက ထီးအပိုလေးကိုင်ပြီးအပြေးတပိုင်းနဲ့ရောက်လာတာကို မြင်ရတဲ့ ပျော်ရွှင်မှု။ အမေတစ်ယောက်ဟာဘယ်လောက်ပဲ ရုပ်ဆိုးချို့တဲ့နေပါစေဘာတွေပဲဖြစ်နေပါစေ အမေ့တစ်ယောက်ချင်းစီမှာရှိတဲ့ သားသမီးအပေါ်မှာထားတဲ့မေတ္တာကတော့ တူတူပါပဲ

ရန်ကုန်မှာမိုးတွေရွာပြီ ...

ဘာအတွက်ကြောင့်ပဲ ပူပူ အခုအချိန်မှာ အရမ်းအေးချမ်းသွားပြီ ။

Monday, May 16, 2016

အိပ်ချင်ပြောအတွေးနှင့် သူ

ဒီနေ့ အိပ်ချင်ပြေအတွေးက ကျွန်မရဲ့ Old friend ကြီးနဲ့ ပတ်သက်တာဖြစ်သွားတယ် ။တကယ်တမ်းတွေးကြည့်တော့ သူနဲ့ကျွန်မ နှစ်ယောက်တွဲပုံရယ်လို့ တစ်ပုံမှမရှိဘူးဖူး ချစ်သူသက်တမ်းလေးနှစ်မှာအနည်းဆုံးသုံးနှစ်လောက်ကသူနဲ့ကျွန်မက တစ်နေရာဆီမှာရှိနေခဲ့တယ်။ကျွန်မဆီမှာ သူ Africa ကို Volunteer လုပ်တုန်း skype ကနေရိုက်ပို့ပေးတဲ့ ဓါတ်ပုံလေးတစ်ပုံပဲရှိခဲ့ဖူးတယ်။ကျွန်မကလဲ သူ့ကို ဓါတ်ပုံလှလှလေးတစ်ပုံတောင်မပေးခဲ့ဖူးဘူး။ဒါပေမယ့် တစ်ရက်ကလေးတောင်ကျွန်မတို့အဆက်အသွယ်မပြတ်ခဲ့ဖူးဘူး။ အားရင်အားသလို မက်ဆေ့ခ်ျတွေပို့ သူ့ဘက်က reply ပြန်တာလေးကိုစောင့်ဖတ် ။တစ်ခါတစ်လေ ကျွန်မက သူနဲ့ဖုန်းပြောရင်း အိပ်ပျော်လိုပျော်။ဘာမှလဲမဟုတ်ဘဲ သူကမနက်အစေားကြီဖုန်းခေါ်လို့ ကျွန်မကဒေါသတွေထွက်နဲ့ ကျွန်မတို့နှစ်ရောက်ကအနေဝေးခဲ့ပေမယ့် စိတ်ချင်းကတော့အမြဲနီးနေခဲ့ပါတယ်။ကျွန်မက ကိုယ့်လမ်းကိုယ်လျှောက်ရအောင်လိုပြောပြီး ဓါတ်ပုံတွေဖျက်ပစ်လို့ သူကိုပြောတော့ ငါတို့မှာ အဲ့ဒီလို အမှတ်ရစရာပုံတွေမရှိခဲ့ပါဘူးတဲ့လေ ။အေးရော😂😂။
ဟုတ်တော့လဲ ဟုတ်ပါတယ်လေ ။မဖြစ်နိုင်တော့လို့လက်တွဲဖြုတ်ပီးတဲ့နောက်ပိုင်း ကျွန်မကသူ့ကိုမမုန်းပါဘူး ဒါပေမယ် ပြန်ချစ်နိုင်သလားဆိုရင် အဖြေက နိုးပါ။ သူဟာကျွန်မသိခဲ့ဖူးတဲ့ အတိတ်က ကျွန်မချစ်သူ ဒါပေမယ့် အနာဂါတ်မှာတော့ သူဟာ ကျွန်မအတွက်သူစိမ်းတစ်ယောက်ပါ။

Saturday, May 14, 2016

သူ့ကို ကျွန်မ ချစ်သည်။
သူသိပါစေလို့လဲ အထူးတလည် မကြိုးစားဖူးဘူး။
တစ်နေ့ သူသိလာမှာပါလို့လဲ မဝင့်မရဲ မမျှော်မှန်းရဲဘူး။ 
ရိုးရိုးကလေးနဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ မရိုးမသားဖြစ်နေတံ့သူက ငါပါ။

Wednesday, May 11, 2016

ကျမနှင့် ဗုဒ္ဓဟူးညနေခင်း


ဒီနေ့ အလုပ်ကအပြန် ဗိုက်ဆာဆာရှိတာနဲ့ ရခိုင်မုန့်တီကို ငါးဖယ်နဲ့ပဲသွေးနဲ့ရောကြိတ်လိုက်တယ်။ ဒီလိုရာသီဥတုနဲ့ ချွေးဒီးဒီးကျနေတဲ့အချိန် မုန့်တီသောက်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့မရလောက်ဘူး အဟီး။ ထုံးစံအတိုင်း mini busစီးပြီး လမ်းနီရောက်တော့ နိုင်ငံခြားသားတစ်ယောက် ပလက်ဖောင်းလမ်းလေးအတိုင်းပြေးလာတယ်။ ကျမရဲ့ လေးလုံးအားနဲ့ဖမ်းရှိုးလိုက်တာ ...ဟယ် ချောလိုက်တာ အဝေးကနေ ကြည့်တာတောင်ဒီလောက်ချောတာ သေချာပါတယ် ဒါ ငါ့ type ပဲ စိတ်ထဲမှာတော့ အဲ့လို ဟစ်ကြွေးနေတာပေါ့လေ ကျမတို့ကားလေးရဲ့ ခပ်လှမ်းလှမ်းရောက်လို့ကြည့်လိုက်တော့ ဘုရားရေ ... အခြောက်ကြီးဟာာာာ(နှမြောတသဖြစ်သွားတဲ့ ဝမ်းဂေါင်းသံ) ငမ်းမိတဲ့ ငါ့မျက်လုံးလေးကိုတောင် အားနာလက်ထှာ ။