Thursday, May 19, 2016
ကျွန်မကလေးလေးပြန်ဖြစ်သွားတဲ့နေ့ ...
တမနေ့က ရန်ကုန်မှာ မိုးတွေကရွာ ကိုယ်ကလဲထီးမပါ ထုံးစံအတိုင်း ဟိုအကာယူ ဒီအကွယ်ယူနဲ့ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ကိုယ်ကအမေ့ကိုဖုန်းခေါ်ပြီး ထီးလာပေးဖို့ခေါ်ရတော့တယ်။သမီးကိုကားဂိတ်မှာစောင့်နေပေးပါ ထီးမပါလို့ လာကြိုပေးပါ သမီးရောက်ခါနီးရင် ဖုန်းဆက်ပေးပါမယ်လို့ အမေ့ကို အားနာနာနဲ့ဖုန်းဆက်ရပါတယ် ။အမေက ကိုယ့်ကို ကားဂိတ်မှာစောင့်နေခဲ့ပါတယ် ။ကားပေါ်ကဆင်းဆင်းခြင်းအမေကမ်းပေးတဲ့ ထီးကိုလှမ်းယူလိုက်ရင်း ကိုယ်ဟာ အတိတ်ကိုဖျတ်ကနဲရောက်ပြီးပစ္စုပ္ပုန်မှာကိုယ်ဟာ ကလေးလေးဖြစ်သွားခဲ့ပါတယ်။သုံးတန်းကလေးလေးက ကျောင်းဆင်းချိန်မိုးတွေရွာပီး ထီးမပါလို့ ငိုမဲ့မဲ့ဖြစ်နေတဲ့အချိန် အမေက ထီးအပိုလေးကိုင်ပြီးအပြေးတပိုင်းနဲ့ရောက်လာတာကို မြင်ရတဲ့ ပျော်ရွှင်မှု။ အမေတစ်ယောက်ဟာဘယ်လောက်ပဲ ရုပ်ဆိုးချို့တဲ့နေပါစေဘာတွေပဲဖြစ်နေပါစေ အမေ့တစ်ယောက်ချင်းစီမှာရှိတဲ့ သားသမီးအပေါ်မှာထားတဲ့မေတ္တာကတော့ တူတူပါပဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment