ဒီနေ့ရဲ့ စိတ်ကြည်နူးစရာလေးကတော့
ဒီရက်ပိုင်းမှာ
ကိုယ်ကကောင်းကောင်းနေကောင်းနေတာမဟုတ်ဘူး တစ်ပတ်လုံးကိုဖျားနေခဲ့တာ
ဖျားတာကအခုဆိုနှစ်ပတ်မြောက်ဖြစ်နေပြီ
အဲ့လောက်ထိအကြာကြီးကို မဖျားဖူးဘူး
ဖျားပေမယ့် လုပ်စရာရှိတာတွေကတော့လုပ်နေရတာပဲလေ
ကိုယ် FB မှာတင်လိုက်တဲ့
Post ကို ကိုယ့် crush က liked လုပ်ထားတာတွေ့တော့ ကိုယ်က ဖျတ်ကနဲရင်ခုန်သွားတယ်
ကိုယ် fb မသုံးတဲ့လတွေကတော်တော်ကြာခဲ့ပြီ
ဘာရယ်မဟုတ်ဘဲ ကိုယ့်ဘက်ကပဲစပြီး
crush ကိုကိုယ်နေမကောင်းဘူး တိုက်ဖွိုက်ဖြစ်နေလို့ မုန့်လေးလှမ်းပို့ပေးပါလို့ပြောလိုက်တယ်
(သူက ဟောင်ကောင်မှာရှိနေခဲ့တယ်ထင်လို့)
Crush ကပြောတယ်
သူရန်ကုန်ရောက်နေပြီတဲ့ ကျန်းမာရေးဂရုစိုက်ပါတဲ့ ကျန်းမာရေးကအရေးကြီးဆုံးပဲ တခြားဟာတွေက
အရေးမကြီးဘူးတဲ့ ကိုယ့်ကိုကိုယ် ကျန်းမာအောင်မနေတာအဆိုးဆုံးပဲတဲ့
လူကတကယ်လဲနေမကောင်းတာပါ
ဒါပေမယ့် crush ကိုတော့တိုက်ဖွိုက်ဖြစ်နေတယ်ပြောလိုက်တာ
တကယ်တော့သူ့ဘက်က Response ကိုသိချင်လို့ပါ ကိုယ့်ကိုဂရုတစိုက်လေး စကားပြန်ပြောတော့
စိတ်ချမ်းသာလိုက်တာ
ပြီးတော့  လူတစ်ယောက်ကိုချစ်တယ်ဆိုတာ
ကောင်းတဲ့အလုပ်ပါ crush ရယ်
ကျမကတော့ကိုယ်ချစ်ချင်တဲ့လူကိုချစ်မယ်
သူကအရူးလုပ်ပါစေ ကိုယ်ဘယ်လောက်ချစ်တတ်တယ်ဆိုတာပြလိုက်မယ်
ပိုးနှံကောင်ဆိုတာ
မီးကိုတိုးတတ်ပါတယ် ကျမကပိုးနှံကောင်မဟုတ်ပါဘူး ဒါပေမယ့် အချစ်ဟာပူတယ်လို့ပြောပေမယ့်
ဂရုမစိုက်ဘဲနဲ့ချစ်ချင်သူပါ
တစ်ကြိမ်တစ်ခါလောက်အခွင့်အရေးပေးပါ ။
No comments:
Post a Comment