Saturday, October 6, 2012

@ KATARA BEACH


ဒီနေ့ကတော့ ထုံးစံအတိုင်းနေ့တွေထဲကတစ်နေ့ပါပဲ။
အကြောင်းမဲ့ စိတ်တိုနေတဲ့သူတွေ
အကြောင်းမဲ့ပျော်နေတဲ့သူတွေ
အဲဒီလူတွေကြားထဲမှာမှ ကျမက အကြောင်းရှိပြီးစိတ်ညစ်နေတယ်
အဲဒါကနင်လုပ်လို့ပါ
NEGLECT NUMBER 202
လျစ်လျူရှုမှုတွေများလို့နေသားကျနေပေမယ့်
တစ်ခါတစ်လေတော့လဲ ငါဝမ်းနည်းတတ်တယ်
အဲဒါကိုပြောဖို့တောင်တစ်ခါတစ်လေ ငါဆွံ့အနေမိတယ်
တစ်နေ့နင်သိမှာပါလို့ပြောနေမိပေမယ့်
အဲဒီတစ်နေ့ကို စောင့်ရတာ ငါ့အတွက် ပင်ပန်းလွန်းနေပြီ။
စမ်းသပ်တယ်ဆိုရင်လဲ အဲဒီစမ်းသပ်မှုက လုံလောက်နေပါပြီ။


Friday, October 5, 2012

ဒီနေ့ကတော့ ထုံးစံအတိုင်းအလုပ်သွားတယ်။
လုပ်နေကျအလုပ်တွေထက် ပိုလုပ်ရတယ်။
ပင်ပန်းတယ် .. ဟ .. အဲဒီလိုလဲ မညည်းချင်တော့ဘူး။
မြင်နေကျမျက်နှာတွေ ကြားနေကျစကားတွေ
ရိုးလွန်းနေတဲ့  နှုတ်ဆက်နေကျစကားတွေ
အမြဲဖြစ်နေတဲ့ သတိရခြင်းတွေ
လုပ်နေကျအလုပ်တွေ
လူတွေ
စားစရာတွေ
ခြေလှမ်းတွေ
တွေးမိတွေးရာ နင့်အကြောင်းတွေ
ဟိုတုန်းကအတိတ်တွေ
ဖြစ်နေကျ နာကျင်မှုတွေ
အသက်မပါတဲ့ အပြုံးတွေ
အိမ်အပြန်နှုတ်ဆက်နေကျ အသံတွေ
ထားပါ။
အချိန်တန်ရင်ပြီးသွားမှာပါ။
တစ်ခုပဲပြောချင်တယ်။
တစ်ခါပဲပြောမယ်။
နင့်ကိုငါချစ်တယ်။
အချိန်များများငိုနေရတယ်..ဒါပေမဲ့ချစ်နေတုန်းပဲ
အချိန်များများများလွမ်းနေရတယ်...ဒါပေမဲ့ချစ်နေတုန်းပဲ
အချိန်များများစိတ်ဆိုးရတယ်...ဒါပေမဲ့ချစ်နေတုန်းပဲ
အချိန်များများ ဝမ်းနည်းရတယ်....ဒါပေမဲ့ချစ်နေတုန်းပဲ
အချိန်များများ မေ့ထားခံရတယ်...ဒါပေမဲ့ချစ်နေတုန်းပဲ
အချိန်များများ ဝေးနေရတယ်....ဒါပေမဲ့ချစ်နေတုန်းပဲ
 
အသံတိတ်ငိုကြွေးခြင်း


ရှိုက်ကြီးတငင်မငိုကြွေးခဲ့မိပါ
ဘယ်တော့မှ
မျက်ရည်မကျတတ်တော့ရုံကလေးပါပဲ

သိသိသာသာလည်းဝမ်းမနည်းခဲ့မိပါ
ဘယ်တော့မှ
ပြုံးမပြတတ်တော့ရုံကလေးပါပဲ

ဆောက်တည်ရာမရလည်းမဖြစ်ခဲ့မိပါ
ဦးတည်ချက်ကလေး
ပျောက်သွားခဲ့ရုံကလေးပါပဲ

ဘယ်တော့မှ
မျက်ရည်တစက်
မြေပေါ်မသက်ရောက်ရ

ဘယ်တော့မှ
အသံတစက်
လေထဲမပျံ့လွင့်စေရ

ဘယ်တော့မှ
ဆောက်တည်ရာမရ
မပြေးလွှားစေရ

လျှာကိုဖိကိုက်
အံကြိတ်ထားသော
သွားတစုံအောက်မှသာ
တစက်ပြီးတစက်သောသွေးများကို
ရင်ဘတ်ထဲသို့...ခုန်ဆင်းခွင့်
ပြုခဲ့မိပါ၏ ။ ။



တခါတလေတော့လည်း ကျနော်တို့ဟာ
ရင်ဘတ်ထဲမှာပဲ ငိုကြွေးလိုက်ရတဲ့အခါတွေ
လူမသိသူမသိငိုကြွေးလိုက်ရတဲ့အခါမျိုးတွေအများကြီးရှိနေတယ်
တရက်စာနှင့်တသက်တာ


ကတိပေးပြီးရင် မဖျက်ပါနဲ့
ကတိပေးပြီးဖျက်တာ ကတိမပေးခဲ့တာထက်နာကျင်ရလို့ပါပဲ..

လွမ်းတယ်ပြောပြီး ပစ်မထားပါနဲ့
လွမ်းတယ်ပြောပြီး မသိချင်ယောင်ဆောင်တာ
မလွမ်းဘူးပြောခံရတာထက်နာကျင်ရလို့ပါပဲ

သတိရတယ်ပြောပြီး မေ့မနေပါနဲ့
သတိရတယ်ဆိုပြီး မေ့နေခြင်းက
သတိမရခဲ့ဘူးလို့ ပြောခံရခြင်းထက် ပိုနာကျင်ရလို့ပါပဲ

ဘယ်တော့မှ မထားသွားပါဘူးလို့ အပြောမစောပါနဲ့
ပြောပြီးအထားခံခဲ့ရခြင်းက ပိုပြီးနာကျင်ရလို့ပါပဲ

ချစ်ရင်မရက်စက်ပါဘူးလို့လည်း မပြောပါနဲ့
ချစ်တယ်ဆိုပြီးရက်စက်ခံရရင် ပိုပြီးအနာမကျက်ဖြစ်တတ်လို့ပါပဲ..

အချစ်နဲ့ပတ်သက်ရင် တင်္ဒဂစာနားထောင်ကောင်းရုံမပြောပါနဲ့
တသက်စာ လုံခြုံနွေးထွေးပြီး သေချာနေဖို့ပဲလိုပါတယ်..

ချစ်သူနဲ့ပတ်သက်ရင် ကတိလွယ်လွယ်မပေးပါနဲ့
ကတိပေးမိရင်လည်းအမြဲတည်မြဲနိုင်တဲ့ ကတိမျိုးကိုပေးတာပဲကောင်းပါတယ်

ချစ်သူဆိုတာ တကယ်တော့
ကတိပေးပြီးသူ့ကိုပျော်ရွှင်မှုပေးရခြင်းထက်
ကိုယ့်ခံစားချက်အစစ်အမှန်နဲ့သူ့ကို ပျော်ရွှင်မှုပေးရခြင်းက
ပိုပြီးချစ်စရာကောင်းပါတယ်


ကောက်ရိုးလေးတမျှင်....

စောင့်ရတာနှစ်သက်ပါတယ် ဒါပေမဲ့
လုံးဝပြန်မလာတော့မဲ့ လူတယောက်ကိုစောင့်နေရခြင်းမျိုးတော့မဟုတ်ဘူး

ချစ်ရတာရင်ခုန်စရာကောင်းပါတယ် ဒါပေမဲ့
ကိုယ့်ကိုလုံးဝပြန်မချစ်တောမဲ့လူတယောက်ကိုချစ်နေရခြင်းမျိုးတော့မဟုတ်ဘူး

မျှော်လင့်ရတာကောင်းပါတယ် ဒါပေမဲ့
လုံးဝမဖြစ်နိုင်တာကို မျှော်လင့်ချက်ထားနေရခြင်းမျိုးတော့မဟုတ်ဘူး

ပေးဆပ်ရတာ ကြည်နူးစရာကောင်းပါတယ် ဒါပေမဲ့
လုံးဝအသိအမှတ်ပြုခြင်းမခံရတဲ့ ပေးဆပ်မှုမျိုးတော့မဟုတ်ဘူး

ကြိုးစားရတာ ဂုဏ်ယူစရာကောင်းပါတယ် ဒါပေမဲ့
အရှုံးကိုကြိုသိနေရတဲ့ ပြိုင်ပွဲတခုမျိုးမှာတော့မဟုတ်ဘူး

မချစ်ရင်လည်း စွန့်ပစ်ခံရတာကောင်းပါတယ်
ဒါပေမဲ့.....လုံးဝကြီးလစ်လျူရှုလိုက်ခြင်းမျိုးတော့မဟုတ်ဘူး


ချစ်တာပဲဖြစ်ဖြစ် ၊ မုန်းတာပဲဖြစ်ဖြစ် ကျနော်တို့ဟာဘယ်လောက်ပဲ
မမျှော်လင့်ပါဘူးပြောပြော ၊ ဘယ်လောက်ပဲမုန်းမေ့ထားလိုက်ပါပြီပြောပြော
ရင်ထဲမှာကောက်ရိုးလေးတမျှင်စာလောက်ကတော့ကျန်နေတတ်ခဲ့ကြပါတယ်

စောင့်မျှော်ခဲ့ရတဲ့ဆိုရင်တောင် ဘယ်သူကများလုံးဝပြန်မလာတော့မဲ့
လူတယောက်ကို စောင့်မျှော်နေချင်ပါ့မလဲ ။ ။
အတိမ်အနက်


အရိပ်ပေးတယ်ဆိုတာ
အေးစေချင်လို့ပါ
နင်းပြီးရပ်စေချင်ရုံသက်သက်
မဟုတ်ဘူးဆိုတာ
နားလည်စေချင်တယ် ။ ။

ပန်းပေးတယ်ဆိုတာ
နမ်းစေချင်လို့ပါ
နွမ်းပြီးလွှင့်ပြစ်ရုံသက်သက
မဟုတ်ဘူးဆိုတာ
နားလည်စေချင်တယ် ။ ။

လက်ကမ်းတယ်ဆိုတာ
တူလက်တွဲစေချင်လို့ပါ
ဆုပ်စေချင်ရုံသက်သက်
မဟုတ်ဘူးဆိုတာ
နားလည်စေချင်တယ် ။

ကိုယ်ပေးတဲ့အရာရဲ့
အတိမ်အနက်
မင်းသိအောင်
ကြိုးစားပါလားကွယ်

လွယ်လွယ်နဲ့ရ
လွယ်လွယ်နဲ့ပြစ်
အဲဒီလောက်
တန်ဖိုးမထားရအောင်
စေတနာဆိုတာ
စက်နဲ့လှည့်ထုတ်
တခုပြီးတခုလုပ်လို့ရတဲ့
ကုန်ပစ္စည်းတခု မဟုတ်ဘူးဆိုတာ
မင်းမသိခဲ့လေရော့သလား ။ ။
ကြာတော့လဲ နင့်ကိုချစ်ရတာ ပင်ပန်းလာပြီလို့ ငါတစ်ယောက်ထဲတိတ်တိတ်ကလေး
ညဉ်းနေမိတယ်။
နင့်ကိုဖွင့်မပြောရက်ဘူး။
နင်နာကျင်နေမှာစိုးလို့။
အဲဒီလောက်ထိနင့်ကိုချစ်တာ နင်မသိလျော့လေသလား။

အကွာအဝေးကြောင့်လား။
အဲဒီ distance ဆိုတဲ့အရာကြီးကိုမုန်းလာတယ်။

နင့်ကိုစောင့်လာခဲ့တဲ့ နှစ်တွေကလဲရှည်လာပြီ။
ကြာလာရင်ငါတော့ခက်ရချည်ရဲ့။

ကျမသည်သူ့အားချစ်၏
ကျမအချစ်ဖြင့်သူ့အားဖြူစင်စေမည်။
ထိုသစ္စာစကားမှန်ကန်ပါက
သူနှင့်ကျမပေါင်းရပါစေသား။         ။
တကယ်တော့လာချင်ရင်အနီးလေးပါ။
အဲဒီလိုပြောချင်ပေမယ့်
တကယ်တမ်းတော့
မပြောရက်ခဲ့ဘူး။
နင့်ကိုနာကျင်အောင် ဘာစကားတွေနဲ့မှ
ငါမနှိပ်စက်ခဲ့ဘူး။

နင်သိမှာပါ။
မသိရင်လဲမသိနိုင်ပါဘူး။
ငါကနင့်ကိုချစ်တယ်။
အဲဒီတော့ငါ့အနားမှာနင့်ကိုရှိစေချင်တယ်။
ဒါပဲငါသိတယ်။ 
သင့်ကိုချစ်တော့ချစ်တယ် ဒါပေမဲ့သိပ်ပြီးအလေးအနက်မထားတတ်တဲ့လူက သူဘာလုပ်လုပ်သင့်ကိုသိပ်ပြီးသတိမရတတ်ဘူး

သင့်ကိုချစ်တယ်အလေးအနက်လည်း ထားတတ်တဲ့လူကျတော့
သူဘာလုပ်လုပ် သင့်ကိုသတိရတတ်တယ်

ရှောပင်းမောတခုထဲ ဈေးဝယ်ထွက်ပြီဆိုပါစို့

သင့်ကိုစိတ်ထဲတကယ်ရှိတဲ့လူက သူ့အတွက်ဝယ်ရုံတင်မကဘူး
သင်နဲ့လိုက်ဖက်တဲ့အသုံးအဆောင်လေးတွေကို မြင်တာနဲ့ သင်နဲ့ဆိုအရမ်းလှမှာပဲဆိုပြီး သူကစဉ်းစားနေတတ်တယ် ပြီးတော့မှတ်မှတ်ရရနဲ့လည်းဝယ်လာတတ်တယ်

လူတယောက်ကိုအလေးအနက်ထားတယ်ဆိုတာပါးစပ်ကပြောရုံနဲ့ယုံကြည်လို့မရဘူး လိမ်လို့လည်းမရဘူး
တကယ်စိတ်ထဲရှိမရှိဆိုတာ အရေးအကြောင်းကြုံရင်ပေါ်လာတတ်တာပါပဲ

"ဆော်ရီး ကိုယ်မေ့သွားလို့ပါကွာ" ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ တစုံတယောက်ဆီက
သင်ကြားနေရပြီဆိုရင်
အဲဒီလူရဲ့သင့်အပေါ်လေးနက်ပါတယ်ဆိုတဲ့စကားကို
သင်ပြန်သုံးသပ်ဖို့တော့လိုနေပြီလေ
သူဆက်သွယ်မလို ကိုယ်ဆက်သွယ်မလိုနဲ့
ဘယ်သူမှမဆက်သွယ်ဖြစ်ခဲ့ကြဘူး

သူစခေါ်မလို ကိုယ်စခေါ်မလိုနဲ့
ဘယ်သူမှစမခေါ်ဖြစ်ခဲ့ကြဘူး

သူစချိန်းမလို ကိုယ်စချိန်းမလိုနဲ့
ဘယ်သူမှစမချိန်းဖြစ်ခဲ့ကြဘူး

တယောက်နဲ့တယောက်အပြန်အလှန်စောင့်ရင်းကနေ
သူတို့တွေသွေးအေးသွားကြတယ်
ရင်ခုန်သံတွေအေးစက်သွားကြတယ်
သူခေါ်မလိုကိုယ်ခေါ်မလိုနဲ့ဝေးကွာသွားကြတယ်

ကိုယ်ကချစ်နေရင်မတွက်ကပ်ပါနဲ့ သူခေါ်မှာပဲ ငါခေါ်မှာပဲတွေးမနေပါနဲ့
အဲဒီလိုတွေးပြီးနေနေသေးသရွေ့သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာအနွေးထွေးဆုံးဖြစ်လာနိုင်စရာမရှိပါဘူး

အချစ်မှာ အမြဲပဲကိုယ်ကအချစ်ခံချင် ၊ အမြဲပဲကိုယ်ကဦးစားပေးခံချင်နေရင်တော့ အဲဒီအချစ်ဟာတချိန်ပြိုကွဲမှာပါပဲ
အချစ်ဆိုတာကိုယ်ကအချစ်ခံလိုက် ကိုယ်ကချစ်လိုက်
အဲဒီနှစ်ခုဟာ balanceမျှနေဖို့တော့လိုတယ်လေ


ပြောစရာစကားတွေရှိတယ်
ဒါပေမဲ့မပြောချင်တော့တာ

မေးစရာမေးခွန်းတွေရှိတယ်
ဒါပေမဲ့အဖြေတွေကိုမယုံတော့တာ

ဂရုစိုက်ချင်စိတ်ရှိတယ်
ဒါပေမဲ့ ဂရုစိုက်ဖို့မထိုက်တန်တော့တာ

လျှောက်ချင်နေသေးတဲ့ခြေလှမ်းတွေရှိတယ်
ဒါပေမဲ့မလျှောက်ချင်တော့တာ

လုပ်ချင်စိတ်တွေကရှိသေးတယ်
ဒါပေမဲ့လုပ်ဖို့ စိတ်ကုန်သွားတာ

တချို့လူတွေက ချစ်လို့ရသေးတယ်
ဒါပေမဲ့ သင်ချစ်ဖို့အတွက်တော့ထိုက်တန်မှုမရှိတော့ဘူးလေ

အချစ်မှာချစ်ချင်နေသေးတယ်
ဒါပေမဲ့လည်းသူတို့တွေက သင့်ကိုစိတ်ကုန်စိတ်ပျက်သွားအောင်ပြုမူသွားကြပါတယ်
တစ်ခါတစ်လေ
သူ့ကိုရည်ရွယ်ပြီးပြောချင်တဲ့စကားလုံးတွေရှိတယ်။

သူနာကျင်သွားမှာစိုးပြီး
မပြောခဲ့တဲ့အချိန်တွေလဲရှိခဲ့တယ်။

အဲဒီအချိန်မှာ ကျမကိုယ်ကျမဆွံ့အ သွားလိုက်တာ ...။

ဘယ်သူမှမရှိတာ အထီးကျန်တယ်ထင်ရတယ်
ဒါပေမဲ့ရှိရက်သားနဲ့ လစ်လျှရှခံထားရတာပိုပြီးအထီးကျန်တယ်လေ

တခါတလေ ဘယ်သူမှမရှိလို့သင်ဝမ်းမနည်းပါနဲ့
ရှိပြီးသင့်ကိုဂရုမစိုက်ရင် ပိုပြီးဝမ်းနည်းရတတ်တယ် ။ ။