Asking Question first,
Where are you > Where have you been > ?
There was no answer reply,
Sad , that is a hyper sad story.
He was lost in Earth Planet.
I have no idea for that.
I don't understand where you are out there Janis,
Now you were there weeks already missing ,
I am worry and I miss you more than I do,
Whenever I have got a call ,I wish that you call me.
How crazy I am ?
I wish you right beside me.
I wish that you know my feeling.
I wish that you are here with me.
I wish that ...
I want to see you every morning.
Man , Come back.
I want you Come Back Home .
Thursday, November 8, 2012
Monday, October 22, 2012
"တိမ်ဖုံးလို့ လမသာဘူးတဲ့လား"
သတိရဖို့ကို မေ့ပစ်ပါ
ပြီးရင်
မေ့ပစ်ဖို့ကို သတိရပါ...
အချစ်ဆိုတာ
တခါတခါ တစ်ချပ်မှောက်ဖဲကစားသလိုပဲ
ပြထားတဲ့ဖဲလေးချပ်ထက်
မှောက်ထားတဲ့ဖဲတစ်ချပ်က
ပိုပြီးအရေးပါနေတတ်တာမျိုး...
ညီမလေးရယ်
လမ်းတွေဆိုတာလျှောက်ဖို့ထားတာပဲ
ဘာဖြစ်လို့ရပ်တန့်တွေဝေနေမလဲ
မနက်ခင်းတိုင်းတော့
နေမင်းကထွက်နေတုံးပါပဲကွယ်....။
(၂)
မိုးညတွေလည်း ရှည်ခဲ့ပြီ
အလွမ်းစတွေလဲ ကျေခဲ့ပါပြီ...
မိုးတွေရွာတဲ့အခါ
ထီးဆောင်းတဲ့အခါ ဆောင်း
မိုးကာဝတ်တဲ့အခါ ၀တ်
ဒါမှမဟုတ်
ဒီအတိုင်းပဲ စိုစွတ်ရင်လဲ
စိုစွတ်ပါစေကွယ်..
ဘာပဲဖြစ်ဖြစ်
မင်းအတွက်
မိုးရေသုတ်ပေးမယ့် သူတွေရှိနေတယ် ညီမလေးရဲ့...။
(၃)
မွေးဖွားရာကနေ သေဆုံးခြင်းကြား
မင်းကလေး
ကောင်းကောင်းနေ ကောင်းကောင်းသွား
ကောင်းကောင်းစား ကောင်းကောင်းအိပ်
ငါတို့ရဲ့ နေ၀င်ချိန်တွေ
သိပ်စောလွန်းနေလဲ ကိစွမရှိဘူး....
အစကတည်း
ချစ်ခြင်းတရားဟာ အဆုံးသတ်မှမရှိဘဲ
ဘာဖြစ်လို့များ
ပေါင်းစပ်ခြင်းလို့ အဓိပါယ်ဖွင့်နေမှာလဲ
ညီမလေးရယ်
နှင်းဆီပန်းဆိုတာ
အမြဲတမ်း ဆူးတွေရဲ့ အထက်မှာမှ ရှိတယ်...။
(၄)
ဒီလောကမှာ
မသေချာတာတွေချည်း များနေတော့လည်း
သေချာတယ်ထင်မိတိုင်း
ကြောက်' ကြောက်လာတယ်...
ညီမလေးရယ်
အပြင်မှာရှိတာတွေက မတည်မြဲတတ်တော့လည်း
မင်းကလေး
အထဲမှာပဲ သိမ်းထားတာက
ပိုကောင်းလိမ့်မယ်...။
(၅)
ဒီအိပ်မက်တွေကိုက
ပိတောက်ပန်းတွေလို
ဘယ်အချိန်မှာပွင့်ရမယ်ဆိုတဲ့
ကန့်သတ်ချက်မှ မရှိဘဲ
ဒီအတွက်
ဘာကိုမှ အပြစ်မတင်ပါနဲ့
ဘာကိုမှ စိတ်မကုန်ပါနဲ့
ဘာကိုမှ နောင်တမရပါနဲ့
လွမ်းစရာရှိတယ်ဆိုတာကိုက
ဘ၀မှာကျေနပ်ဖို့ကောင်းနေပြီပဲ ညီမလေးရဲ့
ကဲ...
ပန်းတွေလိုပဲ ပွင့်ပစ်လိုက်စမ်းပါ
ခူးမယ့်လူ ရှိရှိ မရှိရှိပေါ့...။ ။
(ရွှေယုန်လေးရဲ့ကဗျာလေးပါဗျာ...ကျနော်ကြိုက်လို့တင်လိုက်တာ)
ပြထားတဲ့ဖဲလေးချပ်ထက်
မှောက်ထားတဲ့ဖဲတစ်ချပ်က
ပိုပြီးအရေးပါနေတတ်တာမျိုး...
ညီမလေးရယ်
လမ်းတွေဆိုတာလျှောက်ဖို့ထားတာပဲ
ဘာဖြစ်လို့ရပ်တန့်တွေဝေနေမလဲ
မနက်ခင်းတိုင်းတော့
နေမင်းကထွက်နေတုံးပါပဲကွယ်....။
(၂)
မိုးညတွေလည်း ရှည်ခဲ့ပြီ
အလွမ်းစတွေလဲ ကျေခဲ့ပါပြီ...
မိုးတွေရွာတဲ့အခါ
ထီးဆောင်းတဲ့အခါ ဆောင်း
မိုးကာဝတ်တဲ့အခါ ၀တ်
ဒါမှမဟုတ်
ဒီအတိုင်းပဲ စိုစွတ်ရင်လဲ
စိုစွတ်ပါစေကွယ်..
ဘာပဲဖြစ်ဖြစ်
မင်းအတွက်
မိုးရေသုတ်ပေးမယ့် သူတွေရှိနေတယ် ညီမလေးရဲ့...။
(၃)
မွေးဖွားရာကနေ သေဆုံးခြင်းကြား
မင်းကလေး
ကောင်းကောင်းနေ ကောင်းကောင်းသွား
ကောင်းကောင်းစား ကောင်းကောင်းအိပ်
ငါတို့ရဲ့ နေ၀င်ချိန်တွေ
သိပ်စောလွန်းနေလဲ ကိစွမရှိဘူး....
အစကတည်း
ချစ်ခြင်းတရားဟာ အဆုံးသတ်မှမရှိဘဲ
ဘာဖြစ်လို့များ
ပေါင်းစပ်ခြင်းလို့ အဓိပါယ်ဖွင့်နေမှာလဲ
ညီမလေးရယ်
နှင်းဆီပန်းဆိုတာ
အမြဲတမ်း ဆူးတွေရဲ့ အထက်မှာမှ ရှိတယ်...။
(၄)
ဒီလောကမှာ
မသေချာတာတွေချည်း များနေတော့လည်း
သေချာတယ်ထင်မိတိုင်း
ကြောက်' ကြောက်လာတယ်...
ညီမလေးရယ်
အပြင်မှာရှိတာတွေက မတည်မြဲတတ်တော့လည်း
မင်းကလေး
အထဲမှာပဲ သိမ်းထားတာက
ပိုကောင်းလိမ့်မယ်...။
(၅)
ဒီအိပ်မက်တွေကိုက
ပိတောက်ပန်းတွေလို
ဘယ်အချိန်မှာပွင့်ရမယ်ဆိုတဲ့
ကန့်သတ်ချက်မှ မရှိဘဲ
ဒီအတွက်
ဘာကိုမှ အပြစ်မတင်ပါနဲ့
ဘာကိုမှ စိတ်မကုန်ပါနဲ့
ဘာကိုမှ နောင်တမရပါနဲ့
လွမ်းစရာရှိတယ်ဆိုတာကိုက
ဘ၀မှာကျေနပ်ဖို့ကောင်းနေပြီပဲ ညီမလေးရဲ့
ကဲ...
ပန်းတွေလိုပဲ ပွင့်ပစ်လိုက်စမ်းပါ
ခူးမယ့်လူ ရှိရှိ မရှိရှိပေါ့...။ ။
(ရွှေယုန်လေးရဲ့ကဗျာလေးပါဗျာ...က
Friday, October 19, 2012
မနေ့ က နင်နဲ့  skype မှာ တွေ့တယ်
နင့်အတွက်ဘာသာပြန်လုပ်ငန်းလုပ်ပေးနေရတယ်
သိပ်ကိုထူးဆန်းတဲ့ကောင်လေးပါ နင်က
ငါကနင်ကသိပ်ထူးဆန်းတာပဲလို့ပြောတော့
ငါမဟုတ်ဘူး နင်တဲ့
ငါက normal ပါလို့ပြောတော့ နင်က သေချာလို့လားတဲ့
လူတစ်ယောက်ကိုစလဲမစတတ်ဘဲနဲ့
နင့်ကိုချစ်နေရတာသိပ်ဝမ်းသာပါတယ်လို့
ငါသိပ်ပျော်ပါတယ်
No matter how many years goes by ,I know one thing to be as true as it ever was ,I'll see you soon then
I love you, RJ <3 .=".">3>
နင့်အတွက်ဘာသာပြန်လုပ်ငန်းလုပ်ပေးနေရတယ်
သိပ်ကိုထူးဆန်းတဲ့ကောင်လေးပါ နင်က
ငါကနင်ကသိပ်ထူးဆန်းတာပဲလို့ပြောတော့
ငါမဟုတ်ဘူး နင်တဲ့
ငါက normal ပါလို့ပြောတော့ နင်က သေချာလို့လားတဲ့
လူတစ်ယောက်ကိုစလဲမစတတ်ဘဲနဲ့
နင့်ကိုချစ်နေရတာသိပ်ဝမ်းသာပါတယ်လို့
ငါသိပ်ပျော်ပါတယ်
No matter how many years goes by ,I know one thing to be as true as it ever was ,I'll see you soon then
I love you, RJ <3 .=".">3>
Tuesday, October 9, 2012
Again no ,I never wanna fall apart
Never wanna break your heart ,Never wanna let you break my own
I know we've said alot of things
That we probably didn't mean
But it's not too late to take them back so
(The memory of my crash day with him :P )
Sunday, October 7, 2012
ဒီနေ့က တနင်္ဂနွေနေ့မို့အလုပ်သိပ်မရှိဘူး
သူများတွေနားရင်မှာအလုပ်လုပ်နေရတယ်
အလုပ်တွေပြီးသွားတော့
အွန်လိုင်းဝင်တယ်
နင်ရှိနေတယ်
စကားတွေပြောနေရင်းနဲ့
အပျက်တွေဘက်ရောက်သွားတယ်
တော်လောက်ပြီ။
ထုံးစံအတိုင်းနာကျင်နေမှုတွေကို ငါမခံစားနိုင်တော့ဘူး။
တော်လောက်ပြီလို့ ငါ့ဘာသာတိုးတိုးလေးပြောနေမိတယ်။
လေးနှစ်
အဲဒီအချိန်လောက်နဲ့ဆိုငါတို့လမ်းခွဲဖို့လုံလောက်ပြီထင်ပါရဲ့နော်။
နင်သိမှာမဟုတ်ပေမယ့်
တိုးတိုးလေးတော့ငိုမိတယ်
မျက်ရည်ထွက်ကျလာတာမဟုတ်ပေမယ့်
အတွင်းပိုင်းထဲကအက်ကွဲပြီးကျလာတဲ့ မျက်ရည်တွေ
နင်မြင်မှာမဟုတ်ပါဘူး။
နင့်ကိုလဲမမြင်စေချင်ဘူး။
ငါ ... နင့်ကိုသိပ်ချစ်တယ်။
အဲဒီလိုပဲ အရမ်းလဲမုန်းတယ်။
နင့်ကိုချစ်တဲ့ ကောင်မလေး နင်လိုချင်တဲ့မိသားစု
နင်လိုချင်တဲ့ဆုတွေ ပြည့်စုံပါစေ။
ဒါက ငါနင့်အတွက် အမြဲပြည့်စေချင်တဲ့ဆုပါ။
ငါ့လောက်ချစ်မယ့်သူမရှိပေမယ့် ငါ့ထက်ချစ်မယ့်သူပေါ်လာပါစေ။
ငါဆုတောင်းပေးနေမယ်။
သူများတွေနားရင်မှာအလုပ်လုပ်နေရတယ်
အလုပ်တွေပြီးသွားတော့
အွန်လိုင်းဝင်တယ်
နင်ရှိနေတယ်
စကားတွေပြောနေရင်းနဲ့
အပျက်တွေဘက်ရောက်သွားတယ်
တော်လောက်ပြီ။
ထုံးစံအတိုင်းနာကျင်နေမှုတွေကို ငါမခံစားနိုင်တော့ဘူး။
တော်လောက်ပြီလို့ ငါ့ဘာသာတိုးတိုးလေးပြောနေမိတယ်။
လေးနှစ်
အဲဒီအချိန်လောက်နဲ့ဆိုငါတို့လမ်းခွဲဖို့လုံလောက်ပြီထင်ပါရဲ့နော်။
နင်သိမှာမဟုတ်ပေမယ့်
တိုးတိုးလေးတော့ငိုမိတယ်
မျက်ရည်ထွက်ကျလာတာမဟုတ်ပေမယ့်
အတွင်းပိုင်းထဲကအက်ကွဲပြီးကျလာတဲ့ မျက်ရည်တွေ
နင်မြင်မှာမဟုတ်ပါဘူး။
နင့်ကိုလဲမမြင်စေချင်ဘူး။
ငါ ... နင့်ကိုသိပ်ချစ်တယ်။
အဲဒီလိုပဲ အရမ်းလဲမုန်းတယ်။
နင့်ကိုချစ်တဲ့ ကောင်မလေး နင်လိုချင်တဲ့မိသားစု
နင်လိုချင်တဲ့ဆုတွေ ပြည့်စုံပါစေ။
ဒါက ငါနင့်အတွက် အမြဲပြည့်စေချင်တဲ့ဆုပါ။
ငါ့လောက်ချစ်မယ့်သူမရှိပေမယ့် ငါ့ထက်ချစ်မယ့်သူပေါ်လာပါစေ။
ငါဆုတောင်းပေးနေမယ်။
Saturday, October 6, 2012
Subscribe to:
Posts (Atom)
















