Monday, January 9, 2012

အတိတ်

မနမ်းဖြစ်ပေမယ့်
ပန်းဆိုတဲ့အသိက
အသိစိတ်ကို နူးညံ့စေတယ်


နင်ကနင်
ငါကငါ
ဖြစ်သွားတဲ့နောက် ငါတို့ဘာများပြောစရာတွေကျန်သေးလဲ။

ဘာပဲဖြစ်ဖြစ် နင်လဲ နေပျော်အောင်နေပါ။
ငါလဲပျော်အောင်နေတော့မယ်
တိုက်ဆိုင်မှုတွေရှိလာတိုင်း ငါမေ့ထားလိုက်တော့မယ်။
ဝမ်းနည်းတတ်တဲ့ချစ်သူ

Friday, January 6, 2012

                                          morning glory
သစ္စာမရှိတဲ့သူတွေ ကောင်းစားစတမ်းဆို
နင်နဲ့ငါ လမ်းဘေးထွက်ထိုင်နေရအောင်

Thursday, January 5, 2012

တဖြည်းဖြည်းနဲ့ဝေးလာ

အဆက်အသွယ်ပြတ်သွားတဲ့   နိုဝင်ဘာလကစလို့ 
ရင်ဘတ်ထဲ  အလွမ်းတွေ ဗရပွနဲ့  ငါနေတဲ့မြို့ကိုနှင်းမြူဖုံးတယ်
ဒီဇင်ဘာတဲ့
ငါ့အတွက် အလကားပါပဲ
ဘာတစ်ခုမှ မလုပ်ဖြစ်တာလဲ နင့်ကိုလွမ်းနေခြင်းပါပဲဆိုတာ
ခပ်ကြောင်ကြောင်ဖြစ်နေတတ်တဲ့ ငါပြောနေကျအရာ
ဒီကမ္ဘာမှာနင်ရှိမှရှိသေးရဲ့လားလို့ စိုးရိမ်မိတာအမော

နင်ကတော့ အတိတ်ကို ပြစ်ချက်တွေနဲ့ ကန်ထုတ်နေချင်တယ်
G - mail မသိဘူး  facebook  မသုံးဘူး
Yahoo mail  မရှိဘူး  Skype တစ်ခုထဲနဲ့ ငါတို့ ဆက်သွယ်ကြတယ်

သတိရတယ်ဆိုတာ ငါ့စိတ်ထဲက ဖြစ်နေတဲ့ ခပ်နက်နက်ဒဏ်ရာ

Mail တစ်စောင် send လိုက်ရုံ Message တစ်ခု ထားခဲ့ရုံနဲ့
ဒီပြဿနာကို ဖြေရှင်းနိုင်သလား

ဘာပဲဖြစ်ဖြစ် "ချစ်တယ်" လို့
ပြောခဲ့မိတာခွင့်လွတ်ပါ။

ဒီနှစ်နွေဦးရာသီမှာ
နင့်ဆီ ငါလာလည်နိုင်မယ် မထင်တော့ဘူး။                     ။





Sunday, December 18, 2011

ထုံးစံရှိခြင်းကြောင့် ကျမ ထိုနေရာသို့ သွားခြင်းဖြစ်ပါသည်။
သင်၏ဂရုစိုက်ခြင်း ၊ဂရုမစိုက်ခြင်းများကို ကျမ ပျင်းနေသည်မှာကြာပါပြီ။

Thursday, November 3, 2011

ကမ္ဘာငယ်လေး
ဘယ်သူ့ကိုမှမချစ်ချင်တော့ပါ
ကျမတစ်ယောက်ထဲအေးအေးဆေးဆေးလေးနေနေပါတယ်

Tuesday, November 1, 2011

အရင်ကတည်းကလဲ တစ်ယောက်ထဲပါပဲ သူငယ်ချင်းရယ်
အခုဆို ပိုလို့တောင်သေချာသွားခဲ့တယ်
နင်မို့ထားခဲ့ရက်တယ်
ငါ့မှာတော့ အလွမ်းမိုးတွေငိုလို့

နေချင်တယ် မင်းအနား











အိမ်မှာရိုက်ထားတာ ရေတောင်မချို့ရသေးဘူး ဟီးဟီး

ဘာရယ်တော့မဟုတ်ပါဘူး သူ့ကိုသတိရလို့ပါ

Friday, October 28, 2011

ကိုဒီးဒီးအတွက်

အရင်က မခင်ခဲ့ဘူးလို့ထင်တဲ့ အစ်ကိုကြီးတစ်ယောက်အတွက် ဒီစာကိုရေးတာပါ
ဘယ်တော့မှနှုတ်မဆက်ဘဲ အဝေးကိုအမြဲတမ်းပြေးနေတတ်တဲ့ ကျမကိုခင်တဲ့အတွက် ကျေးဇူးတင်ပါတယ်

ကိုဒီး
နင်လဲနေကောင်းပါစေ
ငါဆုတောင်းပေးနေမယ်
တစ်နေ့တော့ နင့်ဆီ ပြန်လာအုံးမယ်
ကျန်းမာရေးဂရုစိုက်ပါ ကိုဒီး
နင့်ဘ၀မှာ ရေလိုအေးလို့ ပန်လိုမွှေးပါစေ
မော်ဖူးရခြင်းများနဲ့လဲဝေးပါစေ


ဒါပါပဲကိုဒီး
ငါအဆင်ပြေပါတယ် ငါ့အတွက် နင်စိတ်မပူပါနဲ့

Monday, October 10, 2011

ဘယ်သူ့ကိုမှအပြစ်မတင်ပါ ကျမတစ်ယောက်ထဲအေးအေးဆေးဆေးနေနေပါတယ်
အဲဒီအတွက် အမေ့ကိုသိပ်ကျေးဇူးတင်ပါတယ်

အမေ
အမေ့ကိုချစ်တယ်

love you mom
thanks for blessing me
ချစ်သူ့အနား

Friday, September 23, 2011

နားထောင်ကြည့်ပါ

လွန်ခဲ့သောနှစ်တွေက September မှာကျမကိုထားခဲ့သောသူငယ်ချင်း ကောင်လေးတစ်ယောက်သို့

September


have fun!!

ရန်ကုန်နှင့်မိုင်ပေါင်းများစွာဝေးသော အိမ်တစ်ခုသို့

အချိန်တန်တော့လဲ အိမ်ပြန်ရတာပါပဲ
ရန်ကုန်မှာနေရတာ ကျမအတွက် မမေ့နိုင်တဲ့အဖြစ်အပျက်တွေပါပဲ
သူငယ်ချင်းအသစ်တွေလဲရတယ်
အရင်လိုတစ်ယောက်ထဲလဲမနေဖြစ်တော့ သိပ်ပျော်ပါတယ်
အမေ့ကိုလဲလွမ်းတယ်
ရန်ကုန်ကလဲမခွဲချင်ဘူး
ဒါပေမယ့် အချိန်တန်တော့ ကျမအိမ်ပြန်ရမှာပါ

Wednesday, June 29, 2011


အခုတော့ကျမအိမ်ပြန်ရောက်ပါပြီ ချစ်စရာကောင်းတဲ့အိမ်သစ်လေးဆီပေါ့

Saturday, August 7, 2010

အိမ်ကိုပြန်ချင်နေတာကြာပါပြီ ဒါက အိမ်လွမ်းလို့ ဆိုရင်းနဲ့ ဘလော့မှာတင်ဖို့အကြံရသွားတယ်
ကျမအိမ်ကိုလွမ်းပါတယ် အိမ်မပြန်ဖြစ်တဲ့နှစ်တွေက ကြာနေပြီ

Home