Saturday, June 25, 2016

စနေနေ့ဇာတ်လမ်း

ဒီနေ့တစ်နေ့လုံး ခြင်ထောင်ထဲမှာပဲနေဖြစ်တယ် မနက်လင်းကတည်းက မျက်နှာမသစ်ပဲ ခေါက်ဆွဲပြုတ်စား ပြီးတော့ ပြန်အိပ်နိုးလာတော့ ရုပ်ရှင်ကြည့် ပြီးတော့ ပြန်အိပ်
နိုးလာတော့ နေ့လည်စာစား ပြန်အိပ် 
နိုးလာတော့ရေချိုး ညစာစား အခွေကြည့် စနေနေ့တစ်နေ့လုံး ခြင်ထောင်ထဲက မထွက်ဘူး တစ်နေ့လုံးကိုကောင်းကောင်းအနားယူပလိုက်တယ်။ဘာကိုမှမတွေးဘဲနဲ့ပေါ့ ။

Friday, June 17, 2016

 My Garden ကို အလုပ်က အစ်မ တစ်ယောက်ရဲ့ wedding's dinner နဲ့ စားဖို့သောက်ဖို့ ရောက်နေပြီး unplugged သီချင်း နားထောင်နေတယ် သာယာနေတယ် ဒါပေမယ့် crush ပို သတိရနေတယ်  တစ်ခါတစ်လေတော့ ကိုယ်တစ်ယောက်ထဲ အတော် အထီးကျန်သလိုခံစားရတယ် ။

My Crush & Me :D



ဒီနေ့ရဲ့ စိတ်ကြည်နူးစရာလေးကတော့
ဒီရက်ပိုင်းမှာ ကိုယ်ကကောင်းကောင်းနေကောင်းနေတာမဟုတ်ဘူး တစ်ပတ်လုံးကိုဖျားနေခဲ့တာ
ဖျားတာကအခုဆိုနှစ်ပတ်မြောက်ဖြစ်နေပြီ အဲ့လောက်ထိအကြာကြီးကို မဖျားဖူးဘူး
ဖျားပေမယ့် လုပ်စရာရှိတာတွေကတော့လုပ်နေရတာပဲလေ
ကိုယ် FB မှာတင်လိုက်တဲ့ Post ကို ကိုယ့် crush က liked လုပ်ထားတာတွေ့တော့ ကိုယ်က ဖျတ်ကနဲရင်ခုန်သွားတယ်
ကိုယ် fb မသုံးတဲ့လတွေကတော်တော်ကြာခဲ့ပြီ
ဘာရယ်မဟုတ်ဘဲ ကိုယ့်ဘက်ကပဲစပြီး crush ကိုကိုယ်နေမကောင်းဘူး တိုက်ဖွိုက်ဖြစ်နေလို့ မုန့်လေးလှမ်းပို့ပေးပါလို့ပြောလိုက်တယ် (သူက ဟောင်ကောင်မှာရှိနေခဲ့တယ်ထင်လို့)
Crush ကပြောတယ် သူရန်ကုန်ရောက်နေပြီတဲ့ ကျန်းမာရေးဂရုစိုက်ပါတဲ့ ကျန်းမာရေးကအရေးကြီးဆုံးပဲ တခြားဟာတွေက အရေးမကြီးဘူးတဲ့ ကိုယ့်ကိုကိုယ် ကျန်းမာအောင်မနေတာအဆိုးဆုံးပဲတဲ့
လူကတကယ်လဲနေမကောင်းတာပါ ဒါပေမယ့်  crush ကိုတော့တိုက်ဖွိုက်ဖြစ်နေတယ်ပြောလိုက်တာ တကယ်တော့သူ့ဘက်က Response ကိုသိချင်လို့ပါ ကိုယ့်ကိုဂရုတစိုက်လေး စကားပြန်ပြောတော့ စိတ်ချမ်းသာလိုက်တာ
ပြီးတော့  လူတစ်ယောက်ကိုချစ်တယ်ဆိုတာ ကောင်းတဲ့အလုပ်ပါ crush ရယ်
ကျမကတော့ကိုယ်ချစ်ချင်တဲ့လူကိုချစ်မယ် သူကအရူးလုပ်ပါစေ ကိုယ်ဘယ်လောက်ချစ်တတ်တယ်ဆိုတာပြလိုက်မယ်
ပိုးနှံကောင်ဆိုတာ မီးကိုတိုးတတ်ပါတယ် ကျမကပိုးနှံကောင်မဟုတ်ပါဘူး ဒါပေမယ့် အချစ်ဟာပူတယ်လို့ပြောပေမယ့် ဂရုမစိုက်ဘဲနဲ့ချစ်ချင်သူပါ
တစ်ကြိမ်တစ်ခါလောက်အခွင့်အရေးပေးပါ ။

Thursday, June 16, 2016

ဝေလေလေ ကျွန်မ ...



မနက်အစောကြီးအိပ်ရာကနိုးတော့ မိုးတွေသည်းကြီးမည်းကြီးရွာနေတော့ စိတ်ထဲမယ်စဉ်းစားမိတယ် …
ဒီပုံအတိုင်းဆို  ငါအလုပ်ကိုသွားရင် ထပ်ဖျားမှာသေချာတယ် အခုတောင်အဖျားကပျောက်သေးတာမဟုတ်
အလုပ်ကခွင့်ယူလို့မရလို့သာ တက်နေရတာ(ဒီကြားထဲ SG ရုံးကအစ်မကရန်ကုန်ခဏပြန်လာမယ်ဆိုတော့သူ့အစားအလုပ်ပိုလုပ်ပေးရအုံးမယ်)
နှာစေးအအေးမိနေတာတော်တော်ကြာနေပြီ ကိုယ်ကအိပ်ရေး၀၀အိပ်ဖို့လဲလိုအပ်နေတယ် တနေ့လုံးအနားယူဖို့လဲလိုနေပြီ လိုနေတာတွေကတော်တော်များနေပြီ
ဒီနေ့အလုပ်ကိုလာဖို့တော်တော်ခက်ခဲတယ် ထုံးစံအတိုင်းအသည်းအသန်အိပ်ရာကထ ရေချိုးခေါင်းလျှော် အကျီလဲ ဘောာင်းဘီဝတ် (ကိုယ်အလုပ်ကိုသွားတဲ့ပုံစံကလဲရီချင်စရာပါ တီရှည်လက်ရှည်တစ်ထည် အောက်က ဒူးဆစ်ဖုံးဘောင်းဘီတို အပေါ်က မိုးကာအကျီနဲ့ကျောပိုးအိတ်) ထီးကလဲ ဆောင်ခဲတော့မိုးတွင်းမှာကိုယ်ကဖျားတဲ့အကြိမ်အများဆုံးပဲ တစ်ခါတစ်လေ စဥ်းစားမိတယ် ငါဟမိန်းကလေးဖြစ်လာဖို့မသင့်တော်ဘူး ယောကျာ်းကလေးအနေနဲ့ဆို တော်တော်အဆင်ပြေမှာလို့လေ ။
ကိုယ်ကကိုယ်လုပ်ချင်တာကို စိတ်ထင်တိုင်းလုပ်တတ်တဲ့သူ 
ဒီရက်ပိုင်းမှာ အလုပ်နဲ့လူ လူနဲ့ရာသီဥတု အဲဒါတွေနဲ့တင် ချာလပတ်ကိုလည်နေတယ်
တခြားဘာမှမလုပ်ဖြစ်လောက်အောင် လူလဲမအားမလပ်ဖြစ်နေတော့တယ်။
အလုပ်ထဲမှာလဲ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ client တွေ မပြီးဆုံးနိုင်သေးတဲ့အလုပ်တွေ ...

ဒီကြားထဲ ကိုယ်ချစ်ခဲ့ဖူးသူတစ်ယောက်အကြောင်းတွေးမိတော့ အလိုလိုနေရင်းနဲ့ မျက်ရည်ဝဲနေမိတယ်
နှစ်ယောက်အတူတူချစ်ခဲ့ကြပေမယ့် သဘောထားချင်းမတိုက်ဆိုင် လမ်းခွဲတော့နောက်ဆုံးရင်နာရတဲ့သူကကိုယ်ပဲဖြစ်နေခဲ့တာကိုမကျေနပ်ချင်
အတင်းကာရော မေ့ချင်တဲ့စိတ်တွေနဲ့နေ့ရက်တွေကိုကြိုးစားဖြတ်သန်းနေပေမယ့် တစ်ခါတစ်လေ သိပ်အထီးကျန်လွန်းတော့ ထွက်ပေါက်မဲ့စွာ ငိုနေမိတယ် .
ဒီတစ်ခါတော့သေချာဆုံးဖြတ်လိုက်ပါတယ် နောက်တစ်ခါချစ်ခွင့်ရှိခဲ့ရင် သူ့ကိုအရူးအမူးချစ်ပြီး သူကအရူးလုပ်ပါစေ ရအောင်ကိုချစ်အုံးမယ်လို့ ဆုံးဖြတ်လိုက်တယ် ။

ကိုယ်ဟာ တစ်ဇွတ်ထိုး တစ်ဇောက်ကန်း ကိုယ်မှန်တယ်ထင်တာတွေကိုရွေးလုပ်နေတဲ့ကောင်မလေးကြီးကြီးတစ်ယောက်ပါ ။


 
 

Tuesday, June 7, 2016

ချစ်ခဲ့ဖူးသောပုံပြင်

သတစ်သက်လုံးချစ်မယ်စိတ်ကူးပြီး တစ်ဘဝလုံးအတူနေမယ်ဆိုတဲ့အတွေးနဲ့ချစ်ခင်ခဲ့ပေမယ့် မထင်မှတ်တဲ့အဖြစ်အပျက်တွေနဲ့ ကိုယ်လမ်းကိုယ်လျှောက်ခဲ့ကြတယ်။ဘယ်သူ့ဘယ်သူကိုမှအပြစ်မတင်ပဲ ငါတို့တွေအေးချမ်းစွာလမ်းခွဲပြီးနောက်ပိုင်း နင့်ဘက်က ဘယ်လိုခံစားရမှန်းမသိပေမယ့် ငါကခံစားမှုတွေကိုမြိုသိပ်ရင်းတိတ်တဆိတ်နဲ့မျက်နှာလွှဲခဲ့တယ်။

နှစ်အနည်းငယ်ကြာတဲ့အထိခံစားပြီးနောက်မှာ ငါဟာ အရင်လို ငါကို ပြန်ရှာမတွေ့တဲ့နောက်ဆုံး လေနှင်ရာရွေ့နေတဲ့တိမ်လို ခရီးနှင်ခဲ့တယ်။
တစ်နေ့မှာ ငါချစ်ခဲ့ဖူးတဲ့နင့်ကိုပြန်တွေ့တဲ့အခါ နင်က ဘာမှမဖြစ်သလို အပြုံးနဲ့နှုတ်ဆက်ခဲ့ပေမယ့် ငါကတော့ ရင်ထဲကခံစားချက်ကိုဖုံးကွယ်ပြီး အရင်လို ခပ်ပေါ့ပေါ့လေးပဲနေခဲ့တယ်။
အရာအားလုံးအဆင်ပြေနေတဲ့နင့်ကို  မြင်ရတာဝမ်းသာပါတယ်။တကယ်တမ်းတော့ ငါဟာ နင်ထင်သလို အဆင်ပြေဖို့ အတော်ကြိုးစားနေခဲ့ရသူပါ။ အတိတ်ကိုအပြုံးနဲ့ပြောနိုင်ဖို့ ငါအတော်ကြိုးစားရအုံးမယ် ထင်ပါရဲ့။

Monday, May 30, 2016

ကျွန်မနှင့် My best four years

တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ကျွန်မ မထင်မှတ်ပဲတွေ့ပြီးကော်ဖီဆိုင်တစ်ခုမှာ စကားတွေပြောဖြစ်တော့ သူက သာကြောင်းမာကြောင်းမေးပြီးအခုရော ဘယ်လိုအခြေအနေရှိသလဲမေးတော့ ကျွန်မထုံးစံအတိုင်း ရင်ထဲကခံစားချက်တွေဖုံးကွယ်ပြီးခပ်ပေါ့ပေါ့ပဲပြန်ဖြေဖြစ်ပါတယ် ။ဒါကို သူက ... အကောင်းမြင်တတ်တဲ့ စိတ် 
ပေါ့ပေါ့ပါးပါးနေတတ်တဲ့စိတ်ကအခုထိမပြောင်းလဲသေးဘူးနော်။
လူဆိုတာကလွယ်လွယ်နဲ့မပြောင်းလဲ တတ်ပါဘူးလို့ ခပ်ပြုံးပြုံးပြောပြီး အရင်ဦးဆုံးပဲ ကျွန်မက နှုတ်ဆက်ထွက်ခွာလာခဲ့ပါတယ်။
လူတစ်ယောက်ဟာ နာကျင်လွန်းရင် ထုံကျင်သွားပြီး ငိုဖို့တောင်မေ့သွားတယ်ဆိုတာ ကိုယ်တွေ့ကြုံလို့ ယုံလိုက်ရပြီ။
၂.၂.၂၀၁၄

Thursday, May 19, 2016

ကျွန်မကလေးလေးပြန်ဖြစ်သွားတဲ့နေ့ ...

တမနေ့က ရန်ကုန်မှာ မိုးတွေကရွာ ကိုယ်ကလဲထီးမပါ ထုံးစံအတိုင်း ဟိုအကာယူ ဒီအကွယ်ယူနဲ့ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ကိုယ်ကအမေ့ကိုဖုန်းခေါ်ပြီး ထီးလာပေးဖို့ခေါ်ရတော့တယ်။သမီးကိုကားဂိတ်မှာစောင့်နေပေးပါ ထီးမပါလို့ လာကြိုပေးပါ သမီးရောက်ခါနီးရင် ဖုန်းဆက်ပေးပါမယ်လို့ အမေ့ကို အားနာနာနဲ့ဖုန်းဆက်ရပါတယ် ။အမေက ကိုယ့်ကို ကားဂိတ်မှာစောင့်နေခဲ့ပါတယ် ။ကားပေါ်ကဆင်းဆင်းခြင်းအမေကမ်းပေးတဲ့ ထီးကိုလှမ်းယူလိုက်ရင်း ကိုယ်ဟာ အတိတ်ကိုဖျတ်ကနဲရောက်ပြီးပစ္စုပ္ပုန်မှာကိုယ်ဟာ ကလေးလေးဖြစ်သွားခဲ့ပါတယ်။သုံးတန်းကလေးလေးက ကျောင်းဆင်းချိန်မိုးတွေရွာပီး ထီးမပါလို့ ငိုမဲ့မဲ့ဖြစ်နေတဲ့အချိန် အမေက ထီးအပိုလေးကိုင်ပြီးအပြေးတပိုင်းနဲ့ရောက်လာတာကို မြင်ရတဲ့ ပျော်ရွှင်မှု။ အမေတစ်ယောက်ဟာဘယ်လောက်ပဲ ရုပ်ဆိုးချို့တဲ့နေပါစေဘာတွေပဲဖြစ်နေပါစေ အမေ့တစ်ယောက်ချင်းစီမှာရှိတဲ့ သားသမီးအပေါ်မှာထားတဲ့မေတ္တာကတော့ တူတူပါပဲ

ရန်ကုန်မှာမိုးတွေရွာပြီ ...

ဘာအတွက်ကြောင့်ပဲ ပူပူ အခုအချိန်မှာ အရမ်းအေးချမ်းသွားပြီ ။

Monday, May 16, 2016

အိပ်ချင်ပြောအတွေးနှင့် သူ

ဒီနေ့ အိပ်ချင်ပြေအတွေးက ကျွန်မရဲ့ Old friend ကြီးနဲ့ ပတ်သက်တာဖြစ်သွားတယ် ။တကယ်တမ်းတွေးကြည့်တော့ သူနဲ့ကျွန်မ နှစ်ယောက်တွဲပုံရယ်လို့ တစ်ပုံမှမရှိဘူးဖူး ချစ်သူသက်တမ်းလေးနှစ်မှာအနည်းဆုံးသုံးနှစ်လောက်ကသူနဲ့ကျွန်မက တစ်နေရာဆီမှာရှိနေခဲ့တယ်။ကျွန်မဆီမှာ သူ Africa ကို Volunteer လုပ်တုန်း skype ကနေရိုက်ပို့ပေးတဲ့ ဓါတ်ပုံလေးတစ်ပုံပဲရှိခဲ့ဖူးတယ်။ကျွန်မကလဲ သူ့ကို ဓါတ်ပုံလှလှလေးတစ်ပုံတောင်မပေးခဲ့ဖူးဘူး။ဒါပေမယ့် တစ်ရက်ကလေးတောင်ကျွန်မတို့အဆက်အသွယ်မပြတ်ခဲ့ဖူးဘူး။ အားရင်အားသလို မက်ဆေ့ခ်ျတွေပို့ သူ့ဘက်က reply ပြန်တာလေးကိုစောင့်ဖတ် ။တစ်ခါတစ်လေ ကျွန်မက သူနဲ့ဖုန်းပြောရင်း အိပ်ပျော်လိုပျော်။ဘာမှလဲမဟုတ်ဘဲ သူကမနက်အစေားကြီဖုန်းခေါ်လို့ ကျွန်မကဒေါသတွေထွက်နဲ့ ကျွန်မတို့နှစ်ရောက်ကအနေဝေးခဲ့ပေမယ့် စိတ်ချင်းကတော့အမြဲနီးနေခဲ့ပါတယ်။ကျွန်မက ကိုယ့်လမ်းကိုယ်လျှောက်ရအောင်လိုပြောပြီး ဓါတ်ပုံတွေဖျက်ပစ်လို့ သူကိုပြောတော့ ငါတို့မှာ အဲ့ဒီလို အမှတ်ရစရာပုံတွေမရှိခဲ့ပါဘူးတဲ့လေ ။အေးရော😂😂။
ဟုတ်တော့လဲ ဟုတ်ပါတယ်လေ ။မဖြစ်နိုင်တော့လို့လက်တွဲဖြုတ်ပီးတဲ့နောက်ပိုင်း ကျွန်မကသူ့ကိုမမုန်းပါဘူး ဒါပေမယ် ပြန်ချစ်နိုင်သလားဆိုရင် အဖြေက နိုးပါ။ သူဟာကျွန်မသိခဲ့ဖူးတဲ့ အတိတ်က ကျွန်မချစ်သူ ဒါပေမယ့် အနာဂါတ်မှာတော့ သူဟာ ကျွန်မအတွက်သူစိမ်းတစ်ယောက်ပါ။