Sunday, December 30, 2007

ဝမ်းသာစရာအဖြစ်အပျက်တွေ

အမေ နေကောင်းလား
သတိရတယ် အဆင်ပြေပါ့မလားလို့တွေးမိတာခဏခဏပဲ သမီးအရမ်းလွမ်းနေတယ်
သမီးတို့အလုပ်မှာဒီနေ့ပစ္စည်းတွေလဲကြတယ် အမေရ သမီးကအလုပ်မအားလို့သူများကိုဝယ်ခိုင်းလိုက်တယ်
ပြီးတော့သမီးဆံပင်ရှည်လာပြီ အရင်လိုဆံပင်ရှည်ထားရမလား ဒီတစ်ခါတော့မညှပ်တော့ပါဘူး
အမေ့ဆီလာဖို့သမီးကိုခေါ်ထားတာ အဆင်ပြေရင်ကောင်းမယ် ဒီနေ့မေးလ်ပို့နေတာအဆင်ကိုမပြေနိုင်ဘူး
ရောက်ရောရောက်ရဲ့လားမသိပါဘူးမေရာ အဆင်ပြေစွာရောက်ရှိရပါလို၏

Friday, December 28, 2007

အမေဖုန်းဆက်တယ်

lolဒီနေ့အမေဖုန်းဆက်တယ်
သတိရနေတာ နေမကောင်းများဖြစ်နေသလားလို့
တော်ပါသေးရဲ့အမေနေကောင်းလို့ mrgreen
အဟဲ .. ပိုက်ဆံမပို့သေးဘူးလားလို့ မေးလိုက်တယ်biggrin
အမေက ငါတို့ကိုလုပ်ကျွေးနေတာလေ .. အဲဒီလိုတွေးမိတော့ကျွန်မဘာသာရှက်မိတယ်redface
တကယ်ပါ .. ကျွန်မရှက်မိတယ်...
အခုအသက်အရွယ်အထိကျွန်မကအမေ့ကိုမလုပ်ကွေးနိုင်ဘူးလေ ...အဲဒါကိုတစ်ခါတစ်လေအားမရဘူး...
ခင်ဗျားတို့ရော ...
ရှေးတုန်းကအဆိုတစ်ခုလိုပေါ့
မိဘကသားသမီး(၁၀)ယောက်ကိုကျွေးနိုင်တယ် .. သားသမီး(၁၀)ယောက်က မိဘ(၂)ပါးကိုမကျွေးနိုင်ဘူးဆိုတာလေ
အမေပြောတဲ့ဥစ္စာအဆင်ပြေသွားရင်သိပ်ကောင်းမှာပဲနော်

Wednesday, December 26, 2007

ကွ်ျန်မမှာသူငယ်ချင်းတွေအများကြီးရှိပါတယ်
ငယ်ငယ်တုန်းကသူငယ်ချင်းတွေရော အခုပေါင်းတဲ့သူငယ်ချင်းတွေရော အများကြီးပါပဲ
အခုလောလောဆယ်တော့ငယ်ငယ်ကသူငယ်ချင်းတွေနဲ့မတွေ့ဖြစ်ဘူး
အွန်လိုင်းကသူငယ်ချင်းတွေတောင်ရှိသေးတယ် အပြင်မှာတစ်ခါတွေ့ဖူးတယ် သိလား
ကျွန်မမွေးနေ့တုန်းကလေ မှတ်မှတ်ရရပေါ့
အဲဒီနေ့တုန်းကဘာတွေပြောဖြစ်မှန်းတောင်မသိပါဘူး ပြန်တော့ကျွန်ကိုသူကလိုက်ပို့တယ်
အဲဒီနေ့က အိမ်ပြန်ရတာတော်တော်ပင်ပန်းတယ်ဗျာ
အိမ်ရောက်တော့သူငယ်ချင်းတွေပေးထားတဲ့လက်ဆောင်တွေရတယ် ပျော်စရာကြီးသိလား
ကျွန်မအဲဒီနေ့ကတော်တော်ပျော်တယ်
ပြီးတော့မထင်မှတ်တဲ့ကိစ္စလဲဖြစ်သေးတယ် အဲဒါကတော့ အိမ်မက်ထဲမှာမက်ဖူးတဲ့လူက သူနဲ့တူတယ်
အဲဒီအိမ်မက်ကလဲတော်တော်ြ့ာပါပြီ လချီနေပြီ ဒါပေမယ့်အခုမှတိုက်ဆိုင်နေလို့ပါ ရီချင်တယ်နော်
သူလား မသိဘူး ....
အဲဒီအိမ်မက်ထဲက လူက ကျွန်မဖူးစားဖက်တဲ့
ဖူးစာဆိုတာ ဦးရာလူလို့ကျွိန်မထင်တားတာ ဖူးစာတွေဘာတွေမယုံပါဘူး
တိုက်ဆိုင်တာပဲဖြစ်ပါစေ
သူဆိုရင်လဲမဆိုးပါဘူး စိတ်ထားလေးကောင်းတယ် ဖြူစင်တယ်
တစ်ခါတစ်လေကျွန်မအပေါ်နိုင်တာကလွဲလို့ပေါ့......
ဒါပေမယ့် ဒါကိုပြောပြဖို့ကသိပ်လိုပါသေးတယ်
ကျွန်မသူ့ကိုအကဲခတ်ချင်သေးတယ် .... ဟုတ်တယ်မဟုတ်လား
လူတစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြဖို့ဘာတွေလိုမလဲ
ပြီးတော့အသိုင်းအ၀ိုင်း ဒါတွေက အများကြီးစဉ်းစားစရာတွေပါ...
ကျွန်မကအချစ်ကိုမယုံဘူး အချစ်ကိုမုန်းတာ
လူတစ်ယောက်ကိုချစ်ဖို့ကျွန်မမစွန့်စားချင်ဘူး
ထားလိုက်ပါ ကွယ် ဒါတွေကပြောဖို့လိုပါသေးတယ်


Sunday, December 16, 2007

ိတိတ်တိတ်ကလေး

သူငယ်ချင်းထက်ပိုတဲ့နင့်အပြုအမူတွေကြောင့်ငါတိတ်တိတ်ကလေးမျှောင်လင့်ဖူးတယ်
ဒါပေမယ့် နင့်အချစ်ဟာငါ့အတွက်မဖြစ်ခဲ့ပါဘူး
သူငယ်ချင်းတွေအလယ်မှာငါဟန်ဆောင်နေခဲ့တယ်
ငါပျော်နေပါတယ်လို့နင်ထင်သလား
ငါပျော်နေပါတယ်လို့နင်ထင်ရက်သလား
ငါ့ကိုမနှုပ်ဆက်ဘဲရုတ်တရက်နင်ထွက်ခွာသွားခဲ့တယ်
ငါ့မှာတော့အရူးတပိုင်းဖြစ်လို့
ဘာပဲဖြစ်ဖြစ်ပေါ့ဟာ
အချိန်တွေကြာသွားလို့ငါ့ကိုမေ့သွားရင်တောင်ငါကျေနပ်ပါတယ်
နင်နဲ့ငါကသူငယ်ချင်းတွေပဲ
ငါ့ဘက်ကမဖြူစင်နိုင်တာငါ့အမှားပဲလေ
ငါတောင်းပန်ပါတယ်
နောက်တစ်ခါနင်ပြန်လာခဲ့ရင်ငါ့ကိုအိမ်မက်တွေမပေးပါနဲ့တော့
ငါမခံစားနိုင်တော့လို့ပါ
ရီစရာအဖြစ်အပျက်

ရီစရာပြောရအုံးမယ်စနေနေ့ကပေါ့ကျွန်မကအပြင်မှာ အိမ်ကိုဖုန်းလာတယ်တဲ့အလုပ်အတွက်အင်တာဗျူး
ဘယ်ကလဲလို့မပြောဘူးအဒေါ်ကလဲမမေးဘူးပြန်လာတော့မှပြောတယ်ဖုန်းပြောတဲ့ကောင်မလေးကနင်အသံနဲ့ အရမ်းတူ တာပဲ တဲ့အဲဒါနဲ့အဒေါ်လဲကြောင်သွားပြီးဘာမှမမေးလိုက်ရဘူးတဲ့ သေရော
ဒီနေ့ (၁၀း၀၀)နာရီ မှာအင်တာဗျူးရှိတယ် ကျွန်မဘယ်လိုလုပ်ရမလဲမသိတော့ဘူး လှိုင်ထဲမှာလျှောက်တဲ့အလုပ်က
ချက်ချင်းကြီးတော့မခေါ်လောက်ပါဘူးနော် အာ ... မသိတော့ဘူး ဒီနေ့တစ်နေ့လုံးရုံးမှာအလုပ်တွေရှုပ်နေတာ
ကဲ ဖြစ်ချင်တာဖြစ် မောင်ဘချစ်......
lol

Thursday, December 13, 2007

ရည်မှန်းချက်

ဘ၀မှာရည်မှန်းချက်တွေအများကြီးထားခဲ့ဘူးတယ်
ငယ်ငယ်ကရည်မှန်းချက်က ဆရာဝန်
ဆယ်ကျော်သက်အရွယ်ရောက်လာတော့ လေယာဉ်မယ်
နောက်ပိုင်းမှာတော့ကွန်ပျူတာပညာရှင်
အတတ်ပညာတစ်ခုတတ်ဖို့အတွက် ငွေအလုံအလောက်ရှိဖို့လိုတယ်ထင်တယ်နော်
အော် ...... ဆင်းရဲတော့လဲဘာမှမတတ်နိုင်ပါလား
ငါဘာကောင်လဲလို့ခဏခဏမေးမိတယ်
မေးတိုင်းလဲအဖြေမထွက်လာဘူး
ငါဘာလဲငါဘယ်သူလဲ
ငါလူဖြစ်လာတာဘာလုပ်ဖို့လဲ
တကယ်လို့ငါသေသွားခဲ့ရင်ပြောစရာအဖြစ်ကျန်မယ့်ငါ့အကြောင်းတွေကဘာတွေလဲ
မေးမိပါတယ်
အများကြီးပါပဲ
လောကကြီးမှာငါလူဖြစ်လာလို့စိတ်တိုင်းကျလုပ်နိုင်တဲ့အရာကဘာလဲ
ငါကဘာကိုအလုပ်ချင်ဆုံးလဲ
အဲဒီအရာကိုလုပ်နေရလို့စိတ်ကျေနပ်ရတာဘယ်အလုပ်လဲ
ကဲ .........
မေးချင်တာတွေကအများကြီးပါပဲ
ဒီနေ့ငါသိပ်နေမကောင်းဘူး
လူမကောင်းတာမဟုတ်ဘူး
စိတ်မကောင်းတာကိုပြောတာ
နင့်ကိုသတိရလို့နဲ့တူတယ်နော်
ပြန်လာပါလားဟာ
နင့်ကိုမမြင်ရတာတစ်နှစ်ကျော်ပြီနော်

neutral
နေကောင်းပါရဲ့လား?

ငါနင့်ကိုသတိရတယ်
နေကောင်းပါရဲ့လား
သတိရတယ်ဆိုတာဝဋ်ပဲ
ဘယ်အထိငါသတိရမလဲ ဘယ်လောက်အထိငါမေ့မလဲငါမသိဘူး
နင်ကရောသတိရနေမလား
မေ့နေမလား
neutral
ထားလိုက်ပါ
အရာအားလုံးဟာတစ်နေ့နေ့ရောက်ရင် .........

Do u like a story?

mrgreen hi,

once upon a time , there was a pretty girl live in the small country ............
she said that .........
when i was child, i like fariy tail .Sometimes i think that angles are living in my house and
town too. i believe angles and i afarid devil.
twisted
but she love cats and fishes.when she become teenage,she has many friend.
One day, she see one handsome boy.Later, the boy and she are become a friend.
But she meets the first love for her fast time meet.
redface
she dreams are become failure 'coz the boy who love her is not love him.she know that he has many male friend and many girlfriend . Sometimes she feels give up anything 'coz of her poor life.rolleyes
Time is gone by gone , Season is changing and changing. The day in the day out,
the boy and her life are changing and changing.
The strange thing is that she still love him, but she don't want to find an answer.
but her boy know anything yet.
cry
The sad day is comin. the boy is leaving her life without say goodbye.
she think that "i think i become mad when he leave me". but she believe that
the boy is coming for her life one day
She is still waiting for him .

well , the stroy is finished.
how do u think of that story?

I wanna know your suggesstion.
bye now.
biggrin

Intro

hi all,

May i introduce my self.
Most of the time, my friends call me
ICE
.


Is not strange? 'coz I want to live lonely and stay slience.

I have many dreams .One of my dream is to become a richer girl.I believe that my dreams come true.

And another dream is to become a computer expert.
I surely believe that my dreams comes true.
hi everybody

i wish Everything is fine and happy to u and all.

Monday, November 12, 2007

http://services.nexodyne.com/email/icon/LJSjnVfMEkyC/JFp3E7M%3D/R01haWw%3D/0/image.png