သူငယ်ချင်းထက်ပိုတဲ့နင့်အပြုအမူတွေကြောင့်ငါတိတ်တိတ်ကလေးမျှောင်လင့်ဖူးတယ်
ဒါပေမယ့် နင့်အချစ်ဟာငါ့အတွက်မဖြစ်ခဲ့ပါဘူး
သူငယ်ချင်းတွေအလယ်မှာငါဟန်ဆောင်နေခဲ့တယ်
ငါပျော်နေပါတယ်လို့နင်ထင်သလား
ငါပျော်နေပါတယ်လို့နင်ထင်ရက်သလား
ငါ့ကိုမနှုပ်ဆက်ဘဲရုတ်တရက်နင်ထွက်ခွာသွားခဲ့တယ်
ငါ့မှာတော့အရူးတပိုင်းဖြစ်လို့
ဘာပဲဖြစ်ဖြစ်ပေါ့ဟာ
အချိန်တွေကြာသွားလို့ငါ့ကိုမေ့သွားရင်တောင်ငါကျေနပ်ပါတယ်
နင်နဲ့ငါကသူငယ်ချင်းတွေပဲ
ငါ့ဘက်ကမဖြူစင်နိုင်တာငါ့အမှားပဲလေ
ငါတောင်းပန်ပါတယ်
နောက်တစ်ခါနင်ပြန်လာခဲ့ရင်ငါ့ကိုအိမ်မက်တွေမပေးပါနဲ့တော့
ငါမခံစားနိုင်တော့လို့ပါ
No comments:
Post a Comment