နှင်းတွေလဲ မကုန်သေး
အနည်းအကျဥ်းနဲ့
နံနက်စောစောဝေလီဝေလင်း
မရောက်သေးတဲ့အတာရေ
မင်းကိုငါလွမ်းတယ်
လ္ဘက်ရည်ဆိုင်ထဲမှာ
ပြေးပြေးလွှားလွှား ကားတွေပေါ်မှာ
လမ်းသွားရင်းကြားနေရတဲ့
သင်္ကြန်သီချင်းတွေ
မင်းကိုလွမ်းဖို့
အားဖြည့်ပေးနေလေရဲ့
မြူတွေဆိုင်းမှိုင်းမှုန်လို့
ရွာမယောင်မိုးပြေး
ပိတောက်တွေ ပွင့်ဖို့များ
အားယူလေရော့သလား
နှစ်တွေတိုင်းမှာ
သင်္ကြန်သီချင်းသံတွေကြားတိုင်း
မရောက်သေးတဲ့ သင်္ကြန်ကိုလွမ်းတယ်
ပိတောက်နဲ့အတူ မရဖူးသေးတဲ့
ချစ်ခြင်းကိုပါလွမ်းတယ်။
1 comment:
ပိတောက် နဲ့ အတူ .... မရသေး တဲ့ ချစ်ခြင်းတွေပါ ရ ပြီး
အကုန် အဆင်ပြေပါစေ ဗျာ ...
Post a Comment