Sunday, April 5, 2009

ရန်ဖြစ်ကြတဲ့နေ့တွေ


သူနဲ့ကျမ ဒီတစ်ခါ ရန်ဖြစ်ကြတာ တော်တော်ပြင်းထန်ပါတယ်
ကျမတို့စကားမပြောကြတာ ငါးရက်လောက်ရှိပါတယ် သူကဖုန်းခေါ်တယ်
သူခေါ်တဲ့ဖုန်းမှန်သမျှကျမက ပိတ်ပစ်တယ် ပို့တဲ့ မက်ဆေ့ တွေလဲ မဖတ်ပါဘူး
နောက်ဆုံးတစ်ရက် သူဖုန်းခေါ်တော့ ကျမ ပြန်ဖြေပါတယ် သူက ကျမကြောင့်
ရူးကြောင်ကြောင်ဖြစ်နေပြီတဲ့ အစားလဲမစားနိုင် အလုပ်ပြီးအိမ်ပြန် ပြီးရင်အလုပ်ပြန်လာနဲ့
လူက ရူးသလိုလိုဖြစ်နေတယ်တဲ့ ကျမလဲ ပြန်ပြောလိုက်ပါတယ် သေလိုက်လို့
ကျမက အဲသလို ဘာမဟုတ်တာလေးတွေကို စိတ်ဆိုးတတ်ပါတယ်
ငါးရက်နေလို့ ခြောက်ရက်မြောက်တဲ့ နေ့မှာ ကျမ ပြန်ခေါ်လိုက်ပါတယ်
သူလဲပိန်သွားသလို ကျမလဲတော်တော်ပိန်သွားပါတယ်
သူကနောက်ဆိုအဲသလိုအကျင့်ဆိုးတွေဖျောက်ပါတော့မယ်ဆိုပြီး
ကျမကိုဂတိပေးပါတယ်
အခုဆိုရင်ကျမတို့နှစ်ယောက်ပျော်ပျော်ရွင်ရွင်ပါပဲ အရင်လို ခေါ်ခေါ်ပြောပြောနေနိုင်ပါပြီ

No comments: