Friday, April 10, 2009

သူငယ်ချင်းတစ်ယောက်ရဲ့အဖြစ်အပျက်

ဒီနေ့ မနက်မှာပဲ ကျွန်တော်ကြုံလိုက် ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေး ပါ ….

ကျွန်တော့်ရုံးက ပြည်လမ်းမကြီးပေါ်က လမ်းသွယ်လေး တစ်ခုထဲ မှာ ပါ … လှည်းတန်းနဲ့ နီးတာပေါ့ဗျာ ..

ရုံးကိုလာတဲ့ ကောင်မလေးတစ်ယောက်ပေါ့ … လမ်းဖြတ်ကူးတာ ကားတိုက်ခံရရော .. အဲဒီ မှာ စတော့တာပဲ .. ကောင်းလိုက် တဲ့ ဒရိုင်ဘာ .. ထွက်ပြေးသွားတယ် .. စပယ်ယာပဲကျန်ခဲ့ တယ် .. အဲဒီကောင်မလေး အတိုက်ခံလိုက်ရတာကို တွေ့ လိုက်တဲ့ ရုံးက တစ်ခြားကောင်မလေးတွေ ကလည်း လာပြောတဲ့ သူကပြော.... သူ့ နားမှာနေတဲ့ သူကနေ ပေါ့ ဗျာ … အဲဒီနားမှာကျန်ခဲ့ တဲ့ကောင်မလေးတွေနဲ့ စပယ်ယာကတော့ အတိုက်ခံ ရ တဲ့ကောင်မလေး ကိုဆေးရုံ ပို့ ဖို့ စီစဉ်ရတာပေါ့ .. အဲဒီကောင်မလေး လည်း ခေါင်းကွဲတဲ့ ဒဏ်ရာ နဲ့ သွေးသံ ရဲ ရဲ ပေါ့ဗျာ … သူတိုက်ခံ ရတဲ့ ဘက်အခြမ်း က အင်းစိန်ဘက် ၈ မိုင်ဘက် သွားတဲ့ ဘက်အခြမ်း ပါ .. အဲဒီဘက်က လာတဲ့ကားကိုပဲတားတာပေါ့ … အဲဒီမှာ ပါရမီ Taxi တစ်စီးက ပါစင်ဂျာပါရဲ့ သားနဲ့ ရပ်ပေးတယ် .. ခရီးသည် ကောင်မလေးကလည်းသဘောတူ ပြီးလိုက်ပို့ တယ် …. ကျွန်တော်တို့ ရုံးကလူတွေရောက် သွားတဲ့အထိ အဲဒီခရီးသည်ကောင်မလေးနဲ့ ပါရမီ Taxi ဒရိုင်ဘာကြီးကစောင့်နေပေးတယ်ဗျာ …. ဒဏ်ရာ ရတဲ့ကောင်မလေးကလည်း အခန်းထဲရောက်နေ ပြီ … သူ့ ဒဏ်ရာတွေကို ချုပ်ပေးနေတာပေါ့ .. ကားတိုက်ခံရတဲ့ကောင်မလေးနဲ့ အတူ သူနဲ့ အဖော်လိုက် သွားတဲ့ ရုံးကကောင်မလေး ၂ ယောက်လည်းရှိနေပါတယ် … ရုံးကလူတွေ ရောက်သွားတော့မှ ပါရမီ ကားသမားနဲ့  ပါစင်ဂျာကောင်မလေးတို့ က နှုတ်ဆက်ပြီး ပြန်သွားတယ် … သူတို့ ကို ကျေးဇူးတင်စကားပဲပြောပီး .. ကားတိုက်ခံရတဲ့ ကောင်မလေး အခြေအနေကို ပဲအဓိက စိတ်ပူနေ မိတယ် .. ကျွန်တော် တို့ သတိမေ့တာ ပေါ့တာလဲ ပါတာ ပေါ့ဗျာ … အဲဒီစေတနာရှင်နှစ်ယောက်နာမည်တောင်မသိလိုက်ရပါဘူး .. ကျွန်တော်တို့ ကမှ မမေးလိုက်တာ .. အခုမှ တေွးမိ ပြီး အရမ်း ကို အားနာနေတာဗျာ … ရုံးကတစ်ယောက်က ပါရမီကားသမားကြီးကို ကားခသွားပေးတာလည်း မယူသွားဘူးဗျာ .. ပီးတော့ အဖော် ပါလိုက်သွားတဲ့ ကောင်မလေးတွေ ပြောပြတာက ပါရမီ Taxi မှာပါလာတဲ့ ခရီးသည်ကောင်မလေး က သူ့ အိမ်ကိုဖုန်းလှမ်းဆက်ပီး ဆေးရုံမှာ လိုရင်ရှင်းလို့ ရအောင် ပိုက်ဆံတောင်လှမ်း တောင်းသေးတယ် တဲ့ဗျာ .. အဲ လို စေတနာရှင် တွေကို နာမည်တောင်မမေး လိုက်မိတဲ့ ကျွန်တော်တို့ ကို ဒီစာလေးဖတ် ပြီးရင် စိတ်ခုသွားရင်တောင် ခွင့်လွတ်ပေးပါ လို့ တောင်းပန်ပါတယ် ….

သူတို့ သွားမယ့်လမ်းကြောနဲ့  ဆေးရုံ ကြီး က တောင်နဲ့ မြောက် ဆန့် ကျင်ဘက်တွေ … အဲဒါကို လိုက်ပို့ ပေးတဲ့ပါရမီ ကားဆရာကို ရော အလုပ်ပျက်ခံ ပြီးလိုက်ပို့ တဲ့ ခရီးသည် ကောင်မလေးကိုရော စဉ်းစား ရင်း ပိုပိုကျေးဇူး တင်သလောက် တာဝန်မဲ့ပြီး ထွက်ပြေးတဲ့ လိုင်းကားဒရိုင်ဘာကို တော့ စဉ်းစားရင်း ပိုပိုဒေါ သထွက်လွန်းလို့ ဗျာ ….

တာဝန်သိတယ် ဆိုတာဘာလဲ … ပရဟိတစိတ်ဆို တာဘာလဲ … လူမှုရေးအသိ ဆိုတာဘယ်လိုကိုခေါ်တာလဲ

ကျွန်တော် ဒီနေ့ မနက်က ကြုံလိုက်ရတဲ့ ကိုယ်တွေ့ လေးပါ .. နာမည်တောင်မသိလိုက်ရတဲ့ စေတနာရှင် တွေလည်း ဒီစာလေးကို ဖတ်မိ စေချင်ပါတယ် … သူငယ်ချင်းတို့ လည်း ဖတ် ပြီးရင် အချင်းချင်း လက်ဆင့်ကမ်းပေးချင်တယ် … ဒါမှပြန့်  ပြီး နာမည်တောင် မသိ လိုက်ရတဲ့ စေတနာရှင်တွေလဲ ဖတ်မိသွားအောင်လို့ ပါ


နေလင်းလွင်

၂၁.၃.၀၉


No comments: