Tuesday, July 10, 2012

ချစ်သော J

အသက်တွေကြီးလာတော့ အရင်လို ဆုံးဖြတ်ချက်ကိုလွယ်လွယ်နဲ့ မချဖြစ်တော့ဘူး။
ငယ်ငယ်ကတော့ ဘာပဲဖြစ်ဖြစ်ရူးရူးမိုက်မိုက်လုပ်မိမှာပဲ။
အခုတော့
ကျမတို့ဝေးနေရတာ ကျမတို့ဆုံးဖြတ်ချက်တွေကြောင့်လို့ထင်ပါတယ် ။
တစ်နေ့တော့ ကျမ J ကိုတွေ့မှာပါ။
တွေ့မယ်လို့လဲ ယုံကြည်ပါတယ် ။
လေညင်းလေးရေ
သူ့ရဲ့ ပင်ပန်းနေတဲ့ အချိန်တွေကိုကုစားပေးလိုက်ပါ 
ငါအဝေးကနေ နှစ်သိမ့်နေချင်လို့ပါ ။
ချစ်သော J
ပျော်ရွင်ပါစေ။

No comments: