Saturday, July 14, 2012

J သို့

ငါတို့ အွန်လိုင်းမှာ အရင်လိုတွေ့ကြတယ်။
ဒါပေမယ့်အရင်လိုမဟုတ်တော့တာ နှစ်ယောက်စလုံးသိနေတယ် ။
ငါတို့အရင်လိုစကားတွေပြောနေပေမယ့် အရင်လိုခံစားချက်တွေမဟုတ်တော့ဘူး။
အရာအားလုံးတဖြည်းဖြည်းနဲ့အေးစက်လာခဲ့တာ ငါသိနေတယ်။
Janis ရေ အရင်လို နင်ကချစ်ပါတယ်လို့ မပြောတော့သလို
ငါကလဲ နင့်ကိုတစ်နေ့လုံးသတိရနေတယ်လို့မပြောဖြစ်တော့ဘူး။
ဘာတွေကြောင့်မှတော့မဟုတ်ပေမယ့်
ငါတို့ကြားမှာနံရံတစ်ခုခြားသွားပြီ ။
Janis ရေ အဖြေကိုသိနေတဲ့ ငါတို့နှစ်ယောက်လုံး
တစ်ယောက်ခံစားချက်ကိုတစ်ယောက်မသိချင်ယောင်ဆောင်ရင်းနဲ့
ရေငုံနှုတ်ပိတ်နေကြတယ် ။
Janis ရေ အဲဒီအဖြေက ငါတို့နှစ်ယောက်အတွက်ပိုကောင်းမယ်လို့ထင်ပါတယ်။

No comments: