Wednesday, October 30, 2013

နင်ငါ့ကိုအရမ်းချစ်တာ ငါခံစားလို့ရပါတယ် 
ငါနင့်ကိုချစ်တာလဲနင်သိနေတာပဲ
ဒါပေမယ့်ဟာ 
တစ်ခါတစ်လေ နင့်ဆီကငါ့ကိုဘယ်လောက်ကြီးချစ်ပါတယ်ဆိုတာ
ပြောတဲ့စကားသံလေးကြားချင်မိတယ်

နင်ငါ့ကိုအရမ်းဂရုစိုက်တတ်တာ ငါသိပါတယ်
ဒါပေမယ့်ဟာ တစ်ခါတစ်လေ နင့်စကားပြင်းပြင်းတွေက
ငါ့ကိုတကယ်အလေးအနက်ထားတာမှဟုတ်ရဲ့လားဆိုပြီး 
ဇဝေဇဝါဖြစ်စေပါတယ်

နင်ငါကိုသတိတရရှိတတ်တာ ငါသိပါတယ် 
ဒါပေမယ့် တစ်နေ့လုံးနေလို့မှ message တစ်ခုတောင်
မပို့တဲ့နင့်ကိုဘယ်လိုနားလည်ရမလဲ 

ငါကအရာရာတိုင်းမှာ အကန့်အသတ်ရှိတယ်လို့ပြောတိုင်း
နင်ကနားလည်ရခက်တဲ့အပြုံးနဲ့ငါ့ကိုအဖြေပြန်ပေးတတ်တယ်

နင့်ဆီကနေအဝေးကိုပြေးဖို့ကြိုးစားလိုက်တိုင်း
ဘာလိုများမအောင်မြင်ရတာလဲ
ဒါကိုနင်လဲသိပါတယ် 

နင်နဲ့ငါ့ကြားမှာကြိုးတွေမရှိဘူ
မမြင်နိုင်တဲ့ သံမဏိမျှင်လေးပဲရှိတယ်

တစ်နေ့ပေါ့
အဲဒီတစ်နေ့မှာ 
ငါတို့အိမ်မက်တွေ ...

No comments: