Wednesday, May 21, 2014

များသောအားဖြင့် ငါကနင့်ရှေ့မှာ ဟန်ဆောင်နေတတ်တယ်
အမြဲတမ်း နင့်ရှေ့မှာ ဘာမှမဖြစ်သလိုဟန်ဆောင်နေခဲ့တယ်
ဘာလို့လဲလို့ နင်မမေးခဲ့ပေမယ့် ငါ့ဘက်မှာ ဖြေစရာ အဖြေတွေအများကြီးပါ
ရှင်းရှင်းလေးပါ နင့်ကိုငါ့ထက်ပိုစိတ်ချမ်းသာစေချင်လို့
နင်ပျော်နေတာကိုပဲ ငါမြင်ချင်လို့
တစ်ခါတစ်လေ ငါလိမ်မိတာတွေ နင့်ကိုအမှန်မပြောမိတာတွေရှိကောင်းရှိမယ်
ဒါကလဲ နင့်ကို ချစ်လို့
ဘာအတွက်နဲ့မှ နင့်ကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး
နင်ဒါတွေတစ်နေ့တော့ သိတန်ကောင်းပါရဲ့လေ
နင်ပြောခဲ့သလိုပေါ့ ငါနဲ့နင်ရဲ့ ပုံပြင်ကပြီးသွားခဲ့ပြီ
နင်သေချာလားလို့ ငါမမေးခဲ့ဘူး
နင်နဲ့မျက်နှာချင်းဆိုင်ရင် ငါငိုမိမယ်ထင်တယ်
ဘာလို့လဲဆိုတော့ နင့်ကိုမြင်နေရင်းတောင် ငါက လွမ်းနေမိတာ 
အခု ငါနင့်ကိုမတွေ့ရတော့ ငါ့နေ့တွေတိုင်းက ငရဲလို

ဒီနေ့ လေတွေထန်နေတယ်
ဘာမှလဲမဆိုင်ဘဲနဲ့ ငါနင့်ကိုလွမ်းနေတယ်။


No comments: