Sunday, June 29, 2014

အရင်တုန်းက တွေးထားမိတဲ့ အိမ်မက်တစ်ချို့အကောင်အထည်မဖော်နိုင်တော့တဲ့နောက်မှာ
ငါတစ်ယောက်ထဲ နေသားတကျဖြစ်ရင်းနဲ့အရာအားလုံးကိုအကောင်းမြင်ဖို့ကြိုးစားခဲ့တယ်
ဒါပေမယ့် ညီရယ် အသက်ရှုလိုက်တိုင်း နင့်ကိုလွမ်းမောခြင်းတွေပြည့်နေတဲ့ ဒီလေထုက ငါဘယ်လိုရုန်းထွက်ရပါ့မလဲ
နင်မပါတော့တဲ့ ငါ့အနာဂါတ်ရဲ့အစီအစဉ်တွေကို ဘယ်လိုအင်အားတွေနဲ့ အကောင်အထည်ဖော်ရပါ့
လောကကြီးက တစ်ခါတစ်လေ မတရားဘူး ညီ
တစ်ယောက်တည်းအထီးကျန်ဝမ်းနည်းနေတဲ့ ငါ့အချိန်တွေရဲ့အခြားတစ်ဘက်က နင်ဘယ်လိုများရပ်တည်နေနိုင်လဲ ငါသိချင်လိုက်တာ
အချိန်တွေကတော့ သူသတ်မှတ်နှုန်းနဲ့သူ ရွေ့လျားနေတာပဲ ငါလဲအလိုက်သင့်စီးမျောရင်း
နင်မရှိတော့တဲ့ ငါနေ့ရက်တွေနဲ့ ရင်းနှီးဖို့ အတော်ကြိုးစားရအုံးမယ် ။

No comments: