Tuesday, September 9, 2014

8.9.2014 မှာအလုပ်စ၀င်သည်။
ကိုယ်မကျင်လည်တဲ့ပတ်ဝန်းကျင်အသစ်တစ်ခုမှာ နေသားတကျဖြစ်ဖို့ကျမကြိုးစားရင်း အစစအရာရာ ကျမကြိုးစားနေသည်။
တစ်ချို့သောအရာများသည် ၀ါသနာကိုအရင်းခံ၍လုပ်ရတာရှိသလို
တစ်ချို့သောအရာများသည်းလုပ်ရင်းနှင့် ၀ါသနပါသွားတာလဲ ရှိပါသည်။

Monday, September 1, 2014

ဒီနေ့ အသိတစ်ယောက်ဆေးရုံတက်တာကို အမေနဲ့ လိုက်သွားရင်း တစ်ခုစဉ်းစားမိတယ်
ဆေးရုံဆိုတာ ၀မ်းနည်းစရာတွေနဲ့ပြည့်နေတဲ့အရာပါလားလို့လေ ။


နောက်ညဘက်အပြန် ဘန်နီဖြိုးရဲ့ အလွမ်းပြေသီချင်းကိုနားထောင်ရင်း အမေ့ကိုပြောဖြစ်သေးတယ်
အရင်က Janis ကို သတိရတိုင်းနားထောင်မိတဲ့ သီချင်းလို့
အမေကပြောပါတယ် အခုတော့နင်တို့နှစ်ယောက်ဇာတ်လမ်းကပြီးသေးလို့လားတဲ့
ကျမကသူ့ကိုချစ်ခဲ့တဲ့အတွက်နောင်တမရပါဘူးလို့
သူကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျမဘက်ကအမြဲသည်းခံပေးခဲ့နားလည်ပေးခဲ့တဲ့အတွက် ကျမဘက်ကလိပ်ပြာလုံပါတယ်လို့
အမေနဲ့ကျမက သူငယ်ချင်းလိုတစ်ဖုံ မိခင်လိုတစ်မျိုး ရင်ဖွင့်ဖော် ရတဲ့အတွက် ကျမရင်ထဲမှာခံစားနေရသမျှကိုအမေ့ကိုမပြောဖြစ်တာတွေရှိပေမယ့် များသောအားဖြင့်တော့ပြောပြဖြစ်ပါတယ်
တစ်ခါတစ်လေ အမေက ကျမ fb status တွေဖတ်ရင်း ရီမောရပါသေးတယ်တဲ့
အမေ့ fb post တွေတော့ ကျမ တစ်ခါမှမဖတ်ဖြစ်ပါဘူး (စကားချပ်)

အလုပ်ကနေ နားပြီးရန်ကုန်ပြန်ဖို့အားယူနေတဲ့ကျမရဲ့ရက်တွေက အလွန်တရာအရှုပ်တော်ပုံဖြစ်နေတဲ့ အထုပ်တွေကိုရှင်း အရုပ်တွေကိုထိုးထည်းရင်း ကီလိုမတက်အောင်လုံးပန်းနေရပါတယ်

ပင်ပန်းနေတဲ့ ဒီမြို့ကနေ ငါ့ကိုထွက်ခွာခွင့်ပြုပါ Janis
နင်နဲ့ပတ်သက်တဲ့ နာကျင်စရာတွေအိမ်မက်ဆိုးတွေပျော်ရွင်မှုတွေဝမ်းနည်းမှုတွေ မျက်ရည်တွေ
အဲလိုအရာတွေအားလုံးကိုထားခဲ့ပြီး ငါ့မိခင်နိုင်ငံဆီပြန်ခွင့်ပြုပါ။
တိုက်ဆိုင်မှုတွေရှိတိုင်း သတိရနေခွင့်ပြုပါ ။
မနှုတ်ဆက်ချင်ပေမယ့် နင့်ကိုနောက်ဆုံးနှုတ်ဆက်ခွင့်ရှိချင်တယ် ။
GoodBye are always sad but GoodBye ,my love .

Sunday, August 31, 2014

Breakfast time with mom 😊


The last Turkish's coffee in office , I will miss you , guys 😑
ဒီနေ့ အလုပ်မှာနောက်ဆုံးလုပ်ခွင့်ရတဲ့ရက်
မနက်ကတည်းကအလုပ်ကလူတွေက ကျမကိုတစ်ကြည့်ကြည့်လုပ်ရင်း " နင်ဒီနေ့နောက်ဆုံးနေ့နော်"
ဆိုတာတွေပြောဖြစ်တော့ ကျမလဲ ခပ်ပြုံးပြုံးနဲ့ "အင်း ဟုတ်တယ် မနက်ဖြန်မလာတော့ဘူး အိမ်ပြန်ဖို့သုံးရက်ပဲလိုတော့တယ် "လို့ ပြောဖြစ်တယ်။
သူတို့စိတ်မကောင်းဖြစ်အောင်  ကျမမျက်နှာပြုံးပြုံးလေးနေရပေမယ့် တကယ်တမ်းရင်ထဲမတော့
ကိုယ်လဲဘယ်စိတ်ကောင်းပါ့မလဲ ။
အဆိုးဆုံးကတော့ ကျမကိုညာလက်ရုံးတစ်ဆူလိုအားကိုးတဲ့ ကျမတို့ဆရာက အဆိုးဆုံးပေါ့
" ငါ့ညာလက်တစ်ဘက်တော့ မရှိတော့ဘူးတဲ့"
သူအဲလိုပြောတော့ ကျမလဲနှစ်သိမ့်စကားပြောလိုက်ပါတယ်
 "နောက်လူတွေရောက်လာမှာပဲ သူတို့ကကျမထက်ပိုကြိုးစားနိုင်မှာပါ" လို့ပြောလိုက်တယ်။
ဘယ်တော့မဆို ကျမဘက်ကစေတနာထားပြီး သာတယ်နာတယ်မရှိဘဲ အလုပ်ကို မခိုမကပ်နဲ့လုပ်ပေးဖြစ်တဲ့အပြင် တစ်ခါတစ်လေနားရက်တောင်မယူတဲ့ကျမကို အခုလိုအလုပ်ကအပြီးထွက်သွားတော့ သူလဲခံစားရမှာပဲလေ။
သူတို့တွေကချစ်လို့ပေးတဲ့လက်ဆောင်တွေကိုစိတ်မကောင်းစွာနဲ့ယူရင်း ပြီးခဲ့တဲ့ Good Bye ပါတီလေးကိုသတိရတယ်။
လူတိုင်းလူတိုင်းကတစ်နေ့နေ့တစ်ချိန်ချိန်မှာ အရာအားလုံးကိုစွန့်ခွာသွားရမှာဖြစ်ပေသိ
ခွဲခွာရတယ်ဆိုတဲ့အသိက လူကိုနာကျင်စေပါတယ် ။
အဲလိုတွေးမိတော့ ပြီးခဲ့တဲ့အတိတ်အကြောင်းမှာ ကျမရဲ့စိတ်တွေက တ၀ဲလည်လည်
ခက်တော့ခက်ရချည်သေးရဲ့
အလုပ်ကအသိ ညီမလေးတစ်ယောက်က မိတ်ကပ်ဘောက်စ်ပေးတော့ ဒီမိတ်ကပ်တွေကိုငါဘယ်မှာပြင်ရမလဲလို့သူကိုမေးတော့ အဲဒီညီမက အစ်မမင်္ဂလာဆောင်တော့ပြင်ပေါ့တဲ့
မင်္ဂဆောင်ဖို့မပြောနဲ့ ရည်းစားတောင်မရှိတဲ့ ကျမအဖြစ်ကိုတော့မပြေပြဖြစ်တော့ပါဘူး
အပြုံးနဲ့ပဲ ကျေးဇူးပါ ညီမရေလို့ပဲပြောမိတော့တယ်
ကဲ ဒီနေ့တော့ ရှိတဲ့အလုပ်တွေကိုအားလုံးလက်စသပ်ရင်း မနက်ဖြန်တစ်ရက်ကိုအမေနဲ့အပြင်မှာတစ်ခုခုသွားစားဖြစ်မယ်ထင်ပါတယ် ။
အားလုံးပဲ မင်္ဂလာနံနက်ခင်းပါရှင် ။


Saturday, August 30, 2014

If I want to leave here , I wanna leave quietly , J 'cause I don't wanna disturb other people's feelings .
Especially about you ,J .
I bet this time Of night , you're just still up .
Everything in me is about to call you but I don't .
I can't say hello to you now I risk again another good bye .
I am about to leaving soon ,J .
How's everything with you ? 
I m dying of missing you.
Don't act like you're alone 'cause you still have me even though we'ew apart .
Life is going on ,J .
I wish you all the best . 
4 days to go ...
ဒီနေ့ အလုပ်မှာ ငါအားနေတာနဲ့ မပြီးသေးတဲ့စာတွေဖတ်နေမိတယ်
အခုတစ်လော စာဖတ်ဖို့အကြွေးတွေတင်နေတယ်
ဘာတွေရှုပ်နေမှန်းမသိ ရှုပ်နေတော့ ငါလဲ အကြွေးတင်နေတဲ့စာဖတ်ဖို့ကိုခဏဖတ်ထားရတယ်

Friday, August 29, 2014


 ညီရေ

ဒီနေ့ အလုပ်မှာ မပြန်ခင်နှုတ်ဆက်ညစာ စားကြတယ်
ငါပြန်မှာကိုစိတ်မကောင်းဖြစ်နေတဲ့အလုပ်ကလူတွေကိုမြင်တော့ ငါလဲမျက်ရည်ဝဲမိတယ်
စိတ်မကောင်းဘူး
ညီရေ
တစ်ခါတစ်လေ လောကကြီးက မတရားဘူးနော်
ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်အိမ်ပြန်တာမှန်ပေသိ ငါ့အတွက် စိတ်မကောင်းဖြစ်နေတဲ့လူတွေကိုမြင်တော့
ငါလဲဘယ်စိတ်ကောင်းနိုင်ပါ့မလဲလေ
နင်နဲ့ဝေးကွာပြီးနောက်ပိုင်း ဒီနေရာဟာ နာကျင်မှောင်မိုင်ေးနတဲ့ ရဲတိုက်တစ်ခုလိုဖြစ်နေခဲ့တာ
အမြဲတမ်း အသက်ရှုလိုက်တိုင်း ၀မ်းနည်းမှုတွေနဲ့ပြည့်နေတဲ့ ဒီနေရာကို
နောက်ခုနှစ်ရက်လောက်ဆို ငါခွဲခွာရတော့မယ် ညီ ။
ငါမပြန်ခင် နင့်ကိုတွေ့ချင်တယ်လို့မပြောမိအောင် ငါ့ဖုန်းလေးကိုပိတ်ရင်း ညဘက်တွေ ငါအိပ်ပျော်အောင်
ကြိုးစားရအုံးမယ် ညီ
အနေဝေးရင် သွေးအေးသွားမှာပါ ညီ
ဘယ်လောက်ပဲချစ်လာခဲ့ချစ်လာခဲ့ပါ တစ်နေ့တော့ လူတိုင်းဟာ ခွဲရမှာပဲလေ
တရားသဘောနဲ့ ငါ့စိတ်လေးကိုနှစ်သိမ့်ရင်း နင်နဲ့အဝေးမှာပဲ ငါနေတော့မယ်
နင်လဲ ပျော်ရာမှာတော်သလိုနေရင်း ငါ့ကိုလဲမေ့လိုက်ပါလေ ။
အဝေးကနေ လှမ်းခေါ်နေမယ့်အသံကိုလဲနင်နားစွင့်စရာမလိုတော့ပါဘူးလေ


ကြိုးစားပါ ညီ
အရာရာတိုင်းအတွက် ကြိုးစားပြီးအသက်ရှင်ပါ


နင့်ကိုတစ်ချိန်ကချစ်ခဲ့တဲ့ နင့်ရဲ့မိန်းကလေး

Thursday, August 28, 2014

ထမင်းစားချိန်မှာ သီချင်းတစ်ပုဒ်နားထောင်နေမိတယ်


I almost do
အဲဒီသီချင်းထဲမှာ နင့်ကိုပြောချင်နေတဲ့ စကားလုံးတစ်ချို့ပါနေတယ်
ငါနင့်ကိုမမုန်းပါဘူး
အယူအဆတွေမတူလို့ ငါတို့လမ်းကွဲသွားပြီးတဲ့နောက်ပိုင်းမှာ
ငါကနင်ပျော်ရွင်ဖို့ပဲဆုတောင်းပေးတဲ့ကောင်မလေးတစ်ယောက်ဆိုတာ နင်သိရင်ကျေနပ်ပါပြီ J။
ပြန်ဆုံတွေ့ရင် အရင်လိုအပြုံးတွေနဲ့ပဲနှုတ်ဆက်ကြတာပေါ့ ။
နင်အစစအရာရာအဆင်ပြေပါစေ J။

Good Bye .

Tuesday, August 26, 2014

My whole body is aching , can't sleep , terrible pain of my both hands .😥😰

Thursday, August 21, 2014

Dear RJ,
If you can have my happiness , I will give my everything 'cause you have to be happy . 
The dream net has been made
For many generations
Where spirit dreams have played.
Hung above the cradle board,
Or in the lodge up high,
The dream net catches bad dreams,
While good dreams slip on by.
Bad dreams become entangled
Among the sinew thread.
Good dreams slip through the center hole,
While you dream upon your bed.
This is an ancient legend,
Since dreams will never cease,
Hang this dream net above your bed,
Dream on, and be at peace.

(Author Unknown)



Wednesday, August 20, 2014

ဒီနေ့ လေယာဉ်လက်မှတ်ရတယ် J
သောကြာနေ့ ညနေခြောက်နာရီ
ဘာလိုလိုနဲ့ငါဒီနိုင်ငံကိုခွဲရတော့မယ်
နားထဲမှာ Good Bye My love ဆိုတဲ့ သီချင်းကိုနားထောင်ပြီး ငါမျက်ရည်ကျမိတယ်

အရင်လိုစာအုပ်ဆိုင်ကိုငါတို့တူတူမသွားနိုင်တော့ဘူး
ငါအနိုင်ကျင့်သမျှကိုအပြုံးမပျက်ခံတတ်တဲ့ နင်မရှိတော့ဘူး ငါ့ဘေးမှာ
ဘာမဟုတ်တာလေးနဲ့လဲ အကျအနစိတ်ကောက်တတ်တဲ့ငါ့ကိုစိတ်ရှည်လက်ရှည်ချော့မယ့်
နင် ငါ့ဘေးမှာမရှိတော့ဘူး
ငါဖျော်ပေးနေကျ Green Tea ကို နင်သောက်ဖို့အခွင့်အရေးမရှိတော့ဘူး
ငါတို့နှစ်ယောက်ဖတ်ချင်တဲ့စာအုပ်ကို နင်ကအသံထွက်ဖတ်ပြမယ် ငါကမရရအောင် ငြင်းမယ်
အဲလိုပျော်စရာကောင်းတဲ့အချိန်တွေမရှိတော့ဘူး
အမြဲပြုးံနေတတ်တဲ့နင့်ကိုငါမြင်ဖို့အခွင့်အရေးမရှိတော့ဘူး
ဘာမဟုတ်တာလေးနဲ့ကတ်သတ်နေတတ်တဲ့ငါ့ကို အမြဲခွင့်လွတ်နေတတ်တဲ့ နင့် ငါ့ဘေးမှာမရှိတော့ဘူး
ခေါင်းအလွန်မာတဲ့ ပေါက်စီလေးလို့ နင်ခေါ်တတ်တဲ့ငါ အခုနင့်ကိုလွမ်းတိုင်းမျက်ရည်ကျနေတယ်
ပြန်တွေးကြည့်ရင် ငါလွန်တာပါ ငါ့အလွန်တွေပါ
ဒါပေမယ့်ဟာ အရင်ကလည်း ငါဘာအမှားလုပ်လုပ်နင်ခွင့်လွတ်ခဲ့သေးတာပဲ
အခုလဲ ခွင့်လွတ်ပြီးငါ့ဆီပြန်လာပါ
ငါသတိရတိုင်းမျက်ရည်မကျချင်တော့ဘူး
အလွမ်းသီချင်းတွေကြားတိုင်းမငိုချင်တော့ဘူး
အများရှေ့မှာပျော်ရွင်နေအောင် ဟန်ဆောင်နေရပေမယ့် ငါတစ်ယောက်ထဲအမှောင်ထဲမှာထိုင်နေမိတဲ့အချိန်တွေမနည်းတော့ဘူး
တစ်ခါတစ်လေ အသံတိတ်ငိုမိတဲ့အထိ နင့်ကိုသတိရတယ်
ညီရေ

ငါထပ်မငိုချင်တော့ဘူး
ငါထပ်ပြီးလဲ ဟန်မဆောင်ချင်တော့ဘူး
အမှောင်ထဲမှာလဲ ငါတစ်ယောက်ထဲမနေချင်တော့ဘူး
အသံတိတ်လဲမငိုချင်တော့ဘူး
ဖြစ်နိုင်ရင် ပြန်လာပေးပါ ညီ

ငါနင့်ကိုတွေ့ချင်တယ် ။



မနေ့က ငါ့သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့မှာ ငါအပြင်ထွက်စားဖြစ်တယ်
ငါကလဲ လူတစ်မျိုးပါဟယ်
အိမ်ကအစားအသောက်ထက်အပြင်စာတွေကိုပိုကြိုက်လို့မရဖူး
အရွယ်ရောက်နေတဲ့ လှတပတမိန်းကလေးဖြစ်တဲ့ငါ့ကိုချဉ်းကပ်ချင်တဲ့ယောကျာ်းတွေဆိုတာကလဲ
ရှိတာပါပဲ J ရယ်
ဒါပေမယ့် ငါကဘယ်သူ့ကိုမှ open up မလုပ်ပဲ ငါ့ကမ္ဘာလေးနဲ့ပဲ ငါပျော်နေတယ်
နောက်ထပ်ငါ့ကိုယ်ပါ ဒဏ်ရာရအောင်မလုပ်တော့ဘူး
I won't let anybody hurt me again .
ဒါပေမယ့် ငါပျော်နေတယ် J
အရင်ကထက် ငါအဆင်ပြေနေတယ်
ငါရန်ကုန်ပြန်တော့မယ်
မပြန်ခင်နင့်ကိုတွေ့ချင်လိုက်တာ
လူတစ်ယောက်ကိုမှီခိုတတ်တာငါ့အကျင့်မဟုတ်ပေမယ့် တစ်ခါတစ်လေတော့ငါ့ဘေးမှာနင့်ကိုရှိစေချင်လိုက်တာ ။

Tuesday, August 19, 2014

You are not beside me anymore now I realize it . How sad it is ! I know that I am a different type of girl that you cannot use to be with . Honestly , I really miss you , RJ . 

With birthday girl , me and foods




Monday, August 18, 2014

လေပါတယ်ဟယ် အဲဒီဆိုင်ကိုမသွားခဲ့ရင်ကောင်းသား 
နင်နဲ့စားနေကျအစားအစာတွေမမှာမိရင်ကောင်းသား
နင်ထိုင်တဲ့နေရာမှာမထိုင်မိရင်ကောင်းသား
အခုတော့ရောက်ခဲ့ပြန်ပြီတစ်ခေါက်