Saturday, May 14, 2016

သူ့ကို ကျွန်မ ချစ်သည်။
သူသိပါစေလို့လဲ အထူးတလည် မကြိုးစားဖူးဘူး။
တစ်နေ့ သူသိလာမှာပါလို့လဲ မဝင့်မရဲ မမျှော်မှန်းရဲဘူး။ 
ရိုးရိုးကလေးနဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ မရိုးမသားဖြစ်နေတံ့သူက ငါပါ။

Wednesday, May 11, 2016

ကျမနှင့် ဗုဒ္ဓဟူးညနေခင်း


ဒီနေ့ အလုပ်ကအပြန် ဗိုက်ဆာဆာရှိတာနဲ့ ရခိုင်မုန့်တီကို ငါးဖယ်နဲ့ပဲသွေးနဲ့ရောကြိတ်လိုက်တယ်။ ဒီလိုရာသီဥတုနဲ့ ချွေးဒီးဒီးကျနေတဲ့အချိန် မုန့်တီသောက်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့မရလောက်ဘူး အဟီး။ ထုံးစံအတိုင်း mini busစီးပြီး လမ်းနီရောက်တော့ နိုင်ငံခြားသားတစ်ယောက် ပလက်ဖောင်းလမ်းလေးအတိုင်းပြေးလာတယ်။ ကျမရဲ့ လေးလုံးအားနဲ့ဖမ်းရှိုးလိုက်တာ ...ဟယ် ချောလိုက်တာ အဝေးကနေ ကြည့်တာတောင်ဒီလောက်ချောတာ သေချာပါတယ် ဒါ ငါ့ type ပဲ စိတ်ထဲမှာတော့ အဲ့လို ဟစ်ကြွေးနေတာပေါ့လေ ကျမတို့ကားလေးရဲ့ ခပ်လှမ်းလှမ်းရောက်လို့ကြည့်လိုက်တော့ ဘုရားရေ ... အခြောက်ကြီးဟာာာာ(နှမြောတသဖြစ်သွားတဲ့ ဝမ်းဂေါင်းသံ) ငမ်းမိတဲ့ ငါ့မျက်လုံးလေးကိုတောင် အားနာလက်ထှာ ။

Friday, March 18, 2016

Long way to go ...

Whe we text with my close friend and meantime I do missed him alot .
my friend(from SanFransisco):Good that you are now in ygn .
me :yes I feel happy and calm.
my friend(from SanFransisco):what about the man you met on the other side of the world?
me : That's not that . He was the best .I shouldn't received an apologies. I should have held him and I should confess my love.I'm the one who missed all opportunities.How could he loved me ?...
 my friend(from SanFransisco): Sigh ...
me : I don't know what I have to do now and all I need is to travel somewhere silent place
my friend(from SanFransisco):Pls keep on text me on skype whenever you are
me :Ofcourse I will ,hope that I will see him in the future

Tuesday, March 15, 2016

နောက်ဆုံးလူမဟုတ်ခဲ့သော ကျမ၏အချစ်ဆုံးသူသို့ပေးစာ ...

ချစ်သော J

မမျှော်လင့်ဘဲ နင်နဲ့ဝေးပြီး 365 ရက်ကြာတဲ့အခါမှာ Social Media တစ်ခုကနေ ပြန်အဆက်အသွယ်ရတဲ့အခါ သူ့ဘက်က Hi လို့ပြောတဲ့အချိန်မှာ ကျမဘက်ကအတွေးက
ငါဟာအရာရာအားလုံးကိုမေ့သွားတဲ့အထိပျော်ရွင်သွားမယ်
နေမထိထိုင်မသာ စိတ်တွေလှုပ်ရှားနေမယ်
တစ်နေ့လုံးသူ့အကြောင်းတွေးပြီး ပြုံးနေမယ်
အရာရာတိုင်းဟာ ချစ်သောမျက်စိနဲ့ကြည့်လို့လှပနေမယ်လို့ထင်ထားခဲ့တာ
 တကယ်တမ်းတော့ ကျမဘက်က Hello,How are you ? လို့သာပြောပြီးတိတ်ဆိတ်သွားခဲ့တာ
သာမန်သူငယ်ချင်းထက်မပိုတဲ့ခံစားချက်နဲ့သူ့အပေါ်အေးစက်သွားခဲ့တာ
ဒါဟာအနေဝေးမှုကြောင့် သွေးအေးသွားတာလား ?
မချစ်လို့မဟုတ်ဘဲ လွတ်လပ်စွာလမ်းကွဲသွားခဲ့တဲ့ ကျမတို့နှစ်ယောက်ဟာအခုအချိန်မှာအထူးသဖြင့် ကျမဘက်ကသူ့အပေါ်သာမာန်သူငယ်ချင်းထက်စိတ်ခံစားမှုမပိုခဲ့တော့ပါဘူး
သူ့ဘက်ကတော့ဘယ်လိုမှန်းမသိပေမယ့် ကျမဘက်ကတော့ပြတ်သားစွာနဲ့ နာကျင်စရာအတိတ်တစ်ခုကို အတိတ်မှာပဲထားခဲ့လိုက်ပါတယ်
အတိတ်ဆိုတာမျိုးကလဲတစ်ခါတစ်ရံပဲ သတိရစရာကောင်းတာပါ
ကျမအတွက် move on ဖြစ်စရာကိစ္စတစ်ခုလိုပဲ မှတ်ယူထားခဲ့တာပါ။
သူကတော့ပြောပါသေး နင့်အစစအရာရာကူညီခဲ့တာတွေကိုငါမမေ့နိုင်ဘူးတဲ့
ပြီးခဲ့တဲ့အခြေအနေတစ်ခုမှာသူ့ကိုမှမဟုတ်ပါဘူး အကူအညီလိုတဲ့ဘယ်သူ့မဆို ကျမကကူညီခဲ့မှာပါ
ဒါကိုသူက appreciate ပါလို့ပြောတော့ကျမကမလိုပါဘူး ငါကူညီနိုင်တာကူညီတာပါလို့ပြန်ပြောယုံကလွဲပြီး ဆက်ပြောစရာ စကားမရှိခဲ့ဘူး
သူက ကျမကို သတိရနေခဲ့တယ်တဲ့
ဒီတစ်နှစ်ပတ်လုံး သူဘယ်လိုနေသလဲ ကျမဘယ်လိုနေခဲ့သလဲ ဘာမှကိုမပြောချင်မမေးချင်တော့ပါဘူး
မခံစားရဘူးလို့ပြောရအောင် ကျမကစက်ရုပ်မှမဟုတ်ဘဲလေ ပြီးခဲ့တဲ့ ကိစ္စမှာဘယ်သူကအမှားဘယ်သူကအမှန်ဆိုတာကိုလဲ ပြိုင်မငြင်းချင်တော့ပါဘူး လက်ခုပ်ဆိုတာမျိုးကလဲ တစ်ဘက်တီးတိုင်းမှမမြည်နိုင်တာပဲလေ
အများကြီးခံစားခဲ့ပြီးတဲ့နောက်ပိုင်းမှာကိုယ့်ကိုကိုယ်တည့်မတ်အောင်ထူရင်းသူဘေးမှာမရှိတဲ့ အချိန်တွေကိုကြိုးစားဖြတ်သန်းခဲ့တယ်
ကိုယ့်ဘာသာကိုယ်အားပေးရင်းနဲ့ကုစားခဲ့တယ်
အရင်ကသူ့ကိုကျမပြောခဲ့ဖူးတဲ့စကားကိုသတိရမိတယ်
အချိန်တွေအများကြီးကြာသွားလို့အတိတ်ကိုအပြုံးနဲ့ပြောနိုင်တဲ့အချိန်ကြရင်ပြန်တွေ့ကြရအောင်လို့
အခုတော့ ကျမအဲ့စကားကိုပြင်ရပါတော့မယ်
ငါတို့ပြန်တွေ့တဲ့အချိန်ကြရင် ပြုံးနေရအောင်လို့
အမှန်တရားတစ်ခုကတော့ ကျမသူ့ကိုချစ်ခဲ့တယ်
အခုအချိန်မှာ ချစ်သေးလားလို့သူကမေးခဲ့ရင် ကျမမှာသူ့အတွက်အဖြေစကားမရှိပါဘူး
ဒါပေမယ့် ဖြေပေးပါလို့ ပြောလာခဲ့ရင်တော့ ပြီးသွားတဲ့ကိစ္စတစ်ခုမှာဘာလို့လမ်းကွဲသွားသလဲဆိုတာပြန်တွေးစေချင်တယ်
ကျမပြန်စဉ်းစားခဲ့တယ်
ပြန်ဆက်လို့မရတဲ့အက်ကြောင်းတွေကို ကြိုးစားပြီးဆက်ရတာပင်ပန်းတဲ့အတွက် သူငယ်ချင်းအဖြစ်နဲ့ဆက်ရှိနေအုံးမယ်ဆိုရင်တော့ ကျမဘက်ကသူ့ခင်မင်မှုကို အသိအမှတ်ပြုမှာပါ
ပြီးသွားခဲ့တဲ့ ဇာတ်လမ်းတစ်ခုကို ပြန်ဆက်ရေးဖို့ကျမခွန်အားတွေအချိန်တွေ ကျမစိတ်ထက်သန်မှုတွေမသုံးချင်တော့ပါ။
ပြီးသွားခဲ့တာက ပြီးသွားခဲ့ပါပြီ
တစ်ခါတစ်လေ အတိတ်တွေက ပြန်လှည့်ကြည့်ချင်စရာကောင်းလောက်အောင်လှပနေခဲ့ပေမယ့်
ပြန်လည်အသက်ဝင်ဖို့တော့ ခက်ခဲသွားပြီလေ ။

Sunday, December 6, 2015

Thursday, November 5, 2015

Sunday, November 1, 2015

Dad , when I count my blesdings 
I count you twice 
Miss you , daddy .

Monday, October 26, 2015

I am imagine that how you sleep in day time after your duty off and how you eat , how you laugh and how you feel the nature . 
I  am curious how's the way you live .
I just think about you and miss u.

Wednesday, October 21, 2015

တစ်ခါတစ်လေကျတော့လဲ မျှော်လင့်တိုင်းလွဲတတ်လွန်းတော့
ကျမသည် ဘာကိုမှမမျှော်လင့်ချင်လောက်အောင် နာကျင်နေရပါပီ ။

feeling so down ::::

Thursday, October 15, 2015

ငါဒီလိုပြောခဲ့တာ မှတ်မိသေးလား
နင်စွန့်လွှတ်ခဲ့တဲ့ ငါကလွန်ခဲ့တဲ့ ငါးနှစ်အချိန်အတွင်း တစ်နေ့မှ မမေ့ခဲ့ဖူးဘူး 
နင့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ ယုံကြည်မှု တွယ်တာမှုတွေကို အရင်တုန်းကအတိုင်းပဲ ရှိခဲ့တယ်။
ဒါပေမယ့်အဲဒီလိုပဲ နင့်အပေါ်ထားတဲ့ အမုန်းတရား နာကျည်းမှု စိတ်ဒဏ်ရာတွေကလဲ ကုန်လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကြီးမားလာခဲ့တယ်။
ငါစောင့်စားနေတုန်းကမလာခဲ့ဘဲ ခုမှပေါ်လာခဲ့တဲ့နင့်ကို အံ့သြမှု မယုံကြည်နိုင်မှု စိုးရွံ့မှုတွေနဲ့ ငါ လက်မခံနိုင်တော့ဘူး။ 
ငါတို့ဘယ်တုန်းကမှမသိတဲ့လူတွေလို နေကြရအောင်။

Thursday, September 24, 2015

ငယ်ငယ်ကတည်းက စိတ်ဝင်စားလာခဲ့တဲ့ငယ်သူငယ်ချင်းလေးကို မမျှော်လင့်ဘဲ ပြန်တွေ့ရတယ် ။ အချိန်တွေကြာလာရင် တစ်နေ့တော့ သိတန်ကောင်းပါရဲ့။

Sunday, September 20, 2015

ဒီနေ့ကတော့ ပျော်ရွှင်စရာ အမှတ်တရနေ့လေးပါ။
သူငယ်ချင်းတွေနဲ့အတူ နံနက်စာစား ဘုရားသွား နေ့လည် သူငယ်ချင်းအလုပ်မှာ ခဏနား နေ့လည်စာစား survey interview  ဖြေ အဲကမှ တဆင့် ice cream စား shopping ပတ် လမ်းမှာကားဘီးပေါက်လို့ ပြင် တစ်နေ့လုံး မနက်ခြောက်နာရီကတည်းကထွက်လာတာ ညနေခြောက်နာရီမှ အိမ်ပြန်ရောက်တယ်။
တကယ့်ကိုပျော်စရာနေ့လေးပါ ။

Saturday, September 19, 2015

အခုဆိုရင်တော့  ကျမသိလိုက်ပြီ ။
တကယ်ဆို တစ်ချို့အရာအားလုံးကို စိတ်ထဲ သိပ်ထားနေစရာမလိုတာ။
စိတ်ထဲအရမ်းထားနေရင် ကိုယ်ပဲခံစားနေရမယ်ဆိုတာ ကျမသိလိုက်ပီ။
တစ်ချို့အရာတွေက စိတ်ထဲထားနေဖို့ မတန်ဘူး ။

Friday, September 18, 2015

အလွန့်အလွန် စန်းစန်းတင့်ဖြစ်
တစ်ခုခုဆို စိတ်ခံစားလွယ် ဝမ်းသာဝမ်းနည်းလွယ်
ဒေါသဖြစ်လွယ်တတ်တဲ့ အကျင့်တွေပြင်မှပါလေ
ကိုယ်ဟာ မရင့်ကျက်သေးတဲ့ လူတစ်ယောက်ပါ ။

Sunday, September 6, 2015

ထိုင်းဆိုင်တစ်ခုမှာ ငါစားနေရင်းနဲ့
နင်နေတဲ့မြို့မှာ စားခဲ့တဲ့ ထိုင်းဆိုင်လေးအကြောင်းစဉ်းစားနေမိတယ်။
အဲဒီဆိုင်လေးမှာ နင်ရယ် ငါရယ် ငါ့အမေရယ် 
ပြီးတော့ ငါတို့ မိတ်ဆွေနှစ်ယောက်ရယ်
ငါ့အတွက် အရမ်းကိုပျော်ရွှင်ရတဲ့ ညနေခင်းတစ်ခုပါ ညီ
ငါတို့အကြိုက်ဆုံး အစားအစာတွေကို တူတူစားကြတယ်
စကားတွေပြောကြတယ်
ပြီးတော့ ဓါတ်ပုံတွေရိုက်ကြတယ်
အဲဒီကင်မရာလေးထဲမှာ မဖုံးနိုင် မဖိနိုင် ပျော်ရွှင်နေတဲ့ မျက်နှာနဲ့ နင့်လက်ကို အားကိုးတကြီးကိုင်ထားတဲ့ ကလေးမလေးရဲ့ ဓါတ်ပုံလေးက နင့်ဆီမှာ ခုထိရှိနေဖို့ မျှော်လင့်ပါတယ်။
အချိန်တွေကလဲ ကုန်မြန်လိုက်တာ ညီရေ 
ငါတို့တွေဝေးသွားတာ သိပ်ကိုကြာသွားသလိုထင်ရပေမယ့် ငါခံစားရတာတွေက မနေ့တစ်နေ့ကလိုပါပဲ ။
အချိန်တွေ အများကြီးကြာသွားလို့ အတိတ်ကို အပြုံးနဲ့ပြောနိုင်တဲ့အချိန် 
ငါတို့ပြန်တွေ့ကြရအောင်။

Saturday, September 5, 2015

ငှက်ကလေးတွေ တီးတိုးပြောသံတွေနဲ့ ငါရဲ့မနက်ခင်းလေးက နင့်ကိုလွမ်းတဲ့ အလွမ်းတွေနဲ့ မှုန်မှိုင်းနေတယ်
ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ မနက်ခင်းမှာ ငါတစ်ယောက်ထဲ ဝရန်တာမှာ ရပ်ရင်း မျက်ရည်ဝဲနေမိတယ် ။
နင်ရှိတဲ့ အရပ်မှာ ခုအချိန်ဆို ညပဲလေ။
နင်နှစ်ခြိုက်စွာအိပ်ပျော်နေမလား
ငါ့အကြောင်းတွေးနေမလား
အရင်လိုပဲအလုပ်တွေရှုပ်နေမလား
ငါတို့ပျော်ရွှင်ခဲ့ဘူးတဲ့ ညနေခင်းကိုပဲသတိရနေမလား

နင်မှမရှိဘဲကွယ် 
ဘယ်လိုအရာတွေနဲ့များ ငါအသက်ရှင်ရပ်တည်ရမလဲ ။
ညီ ဆိုတဲ့ နာမည်လေးက ငါချစ်စနိုးနဲ့ နင့်ကိုခေါ်ခဲ့တာပါ ။
အခုထိ အဲဒီနာမည်ကစွဲနေတုန်းပဲ
ငါတို့တွေကြားမှာ ဘာလျှို့ဝှက်ချက်မှမရှိဘူး
ငါတို့တွေမှာစောင့်ထိန်းမှုတွေရှိတယ်
တစ်ယောက်ကိုတစ်ယောက်နားလည်တယ်
ဝါသနာတူကြတယ်
နင်အကူအညီလိုတဲ့ အချိန်တိုင်း ငါအနားမှာရှိခဲ့တယ်
ငါစိတ်ဓါတ်တွေကျလို့ အဝေးမှာငိုနေတဲ့အချိန်တိုင်း နင်ကညလုံးပေါက် ဖုန်းထဲကနေငါ့ကိုအားပေးခဲ့တယ်
ငါ့ဟာတကယ်တမ်းတော့ ပျော့ညံ့ပါတယ် ညီ
အမြဲတမ်းပြုံးနေတတ်ပေမယ့် ငါ့မှာလဲ ဝမ်းနည်းစရာဆိုတာရှိပါတယ်
နင်နဲ့ဝေးကွာပြီးတဲ့နောက်ပိုင်း ငါဟာ ပြုံးရီဖို့ အသက်ရှူဖို့ကို အတော်လေးမေ့နေခဲ့တယ်
လအတော်ကြာတဲ့အထိ ငါနေသားမကျခဲ့ဘူး
တကယ်တမ်းတော့ ငါက နင့်ကိုစွန့်ခွာခဲ့သူပါ 
အဲဒီအတွက် နင်ဘယ်တော့မှခွင့်မလွှတ်လိုက်ပါနဲ့ 
ချစ်လျှက်နဲ့ ငါစွန့်ခွာခဲ့တာပါ ညီ
နင့်ကို ငါ့ထက်ပိုချစ်နိုင်မယိ့သူတွေ့ပြီး နင်ပျော်ရွှင်ဖို့ကိုပဲ ငါဆုတောင်းနေဆဲပါ 
ငါ့ကိုယ်ငါ ဆုတောင်းခဲ့တယ် ညီ

နင်မှလွဲလို့ ငါဘဝမှာအရာရာပြည့်စုံပါစေသား။

Friday, September 4, 2015

အသဲကွဲတယ်ဆိုတာ နံရိုးကျိုးသလိုပဲ
ဘယ်သူမှမမြင်ရပါဘူး
ဒါပေမယ့် အသက်ရှုတိုင်းတစ်ခါနာတယ်။

ဒီနေ့ ဖတ်မိတဲ့စာသားလေးပါ ညီ
ငါ့အဖြစ်ကလဲ အဲလိုပါပဲ 

ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို ရွေးချယ်ရင်း ငါ့လမ်းငါလျှောက်ခဲ့ရတယ် ။
အဝေးကြီးမှာ တစ်ယောက်ထဲ နင့်ကိုထားခဲ့ရတာ ခုထိ စိတ်ထဲမှာ ဝမ်းနည်းမိနေတုန်းပဲ ။
ဘယ်လိုအရာတွေဘယ်လိုပဲ ပြောင်းလဲပါစေ 
နင့်ကိုချစ်ခဲ့တဲ့ ချစ်နေဆဲဖြစ်တဲ့ ငါ့ရဲ့စိတ်ကပြောင်းလဲသွားမယ်မထင်ဘူး ညီ။

အတော်ကြာမဖြစ်တာကြာပြီဖြစ်တဲ့
နင့်ကို သတိရတဲ့မနက်ခင်းကို ငါပြန်ရတယ် ညီ 

ငါတို့က အမြဲ connected ဖြစ်နေတယ်လို့ နင်အမြဲ ပြောဖူးတယ်နော်

ဒါဆို နင့်ကို သတိရတမ်းတနေတဲ့ ငါ့အဖြစ်ကို နင်သိနိုင်မလား။
I make it ok but I miss you .