Tuesday, February 5, 2008

မျှော်လင့်ချက်

ဘာမှမထူးခြားတဲ့ညတွေမှာ
ကြယ်တွေထိုင်ကြည့်တဲ့အရသာကိုသိခဲ့တယ်

ဘာမှမထူးခြားတဲ့ငါ့ဘ၀ရဲ့တစ်နေ့တာထဲမှာ
ငါ့ဘာသာပျော်ဝင်ဖို့ကြိုးစားခဲ့ဖူးတယ်

အသစ်မဖြစ်တော့တဲ့အတိတ်အကြောင်းတွေတွေးရင်း
တိတ်တိတ်ကလေးဝမ်းနည်းဖူးတယ်

မသွားပါနဲ့လို့ပြောမထွက်မီသွားနှင့်နေတဲ့နင့်အတွက်
ငါ့ဘက်ကဘာမှလဲမတောင်းဆိုချင်တော့ပါဘူး

ကြားနိုင်ခဲ့မယ်ဆိုရင်တော့စကားတစ်ခွန်းပဲပြောချင်ပါတယ်
လွမ်းတယ်



No comments: