Thursday, February 28, 2008

ကျွန်မစိတ်ထား


စိတ်ထားအကောင်းကြီးမဟုတ်ပေမယ့်ကောင်းအောင်ထားတယ်
တစ်ခါတစ်လေ အရမ်းစိတ်တိုတတ်တယ်
အားနာလွန်းတော့ခဏခဏစိတ်မကောင်းဖြစ်ရတယ်
သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ်
နင့်လောက်အားနာတတ်တာနင်ပါသွားမယ်တဲ့ အဟိ
ဟုတ်လဲဟုတ်ဘဲနဲ့
တစ်ခါတစ်လေတွေးမိတယ်
မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်ပါသလားလို့မေးချင်တာ
လူတိုင်းအပေါ်မှာမေတ္တာထားပေမယ့်တစ်ခါတစ်လေစိတ်မကောင်းဖြစ်ရတယ်
လူတွေကတစ်ခါတစ်လေမကောင်းဘူးနော်
လူတိုင်းကိုစိတ်ရင်းနဲ့ဆက်ဆံတတ်ပေမယ့်ဟန်ဆောင်တတ်တဲ့လူတွေတွေ့ရင်
အံ့သြတယ်
ဘာလို့သူတို့အဲလိုလုပ်ရတာလဲ
စိတ်ညစ်စရာကြီး
တစ်ခါတစ်ရံကျွန်မလိမ်ပြောတတ်တယ်
ဒါကလဲသူတစ်ပါးစိတ်ချမ်းသာအောင်ပြောရတာလဲရှိတာပဲနော့လေ
အမေ့ကိုတော့မလိမ်ဘူးဘူး
ပြီးတော့ကျွန်မက ဂျစ်တိုက်တတ်တယ်
ဂျစ်ထနေတာပေါ့ ဟိ
မောင်လေးကိုအမေကပိုချစ်ရင်ဖြစ်ဖြစ် ကိုယ်လိုချင်တာမရရင်ဖြစ်ဖြစ် ဂျစ်တိုက်တာ
နားငြီးအောင်ပြောတာပေါ့
သူငယ်ချင်းတွေကတော့ နင်ကအားလုံးကောင်းတယ်
အဲဒီတစ်ခုပဲစိတ်ညစ်စရာကောင်းတာတဲ့ ဟိ
ဟုတ်တယ်နော်
ပြီးတော့ နောက်တစ်ခုဆိုးတာရှိသေးတယ်
အဲဒါက ဘာလဲဆိုတော့ လိုချင်တဲ့ ပစ္စည်းတစ်ခုမရမချင်း
မစားနိုင်မအိပ်နိုင် ပြီးရင်အဲဒီပစ္စည်းလက်ထဲရောက်လာရင် မလိုချင်တော့ဘူး
သိလား
အဲဒီအကျင့်ဆိုးတာ(ဒါကြောင့် ရည်းစားကိုမထားတာ ) ဟိ
ကြော်ငြာဝင်တာ
မထားလဲမထားချင်ပါဘူး စိတ်ညစ်ရမှာ
ဟုတ်လားတော့မသိဘူး
တစ်ခြားသူတွေကြည့်ပြီးပြောတာပါ ရှုပ်လို့
ကျွန်မက စိတ်ရှုပ်လဲမခံနိုင်ဘူး
အေးအေးပဲနေချင်တယ်
ဘ၀ကိုအေးအေးချမ်းချမ်းပဲဖြစ်သန်းချင်တယ်
ဘာကိုမှမက်မောပြီးမလိုချင်ဘူး
ရှိတာလေးနဲ့ပြည့်စုံနေရင်တော်ပြီ
မရှိတဲ့လူတွေကိုပဲပေးချင်တယ်
ဘ၀ဟာတိုတိုလေးပါ
အေးအေးချမ်းချမ်းပျော်ပျော်ရွင်ရွင်နဲ့ဘ၀ကိုဖြတ်သန်းချင်တယ်
ကိုယ်ချစ်တဲ့သူတွေနဲ့ပေါ့

No comments: