Tuesday, November 17, 2009

အရင်တုန်းက နင့်ရဲ့အဆင်မပြေမှုတွေတွေးပြီး ငါကနင့်အတွက်မျက်ရည်ကျပေးခဲ့ရတယ်
တကယ်တမ်းတော့အချစ်ဆိုတာ ငါနဲ့မထိုက်တန်ပါဘူးကွယ်

Friday, September 11, 2009

ဖျားနာနေတဲ့ မုတ်သုန်မြို့

ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို
ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ
၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း
ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ
ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ
ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း
မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့
ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ
ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့
လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။

တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့
မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ဘကုန်း၊
စလုံး၊ ဂငယ်ကုန်းအထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင် ၀လုံးလို့
လှောင်ပြောင် ခေါ်နေကြပြီ။ မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်မီး ရှိရမယ်၊
သန့်ရှင်းရေးစနစ် ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊
သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း
ဖြစ်ရမယ် အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင် သူဟာ မြို့တစ်မြို့
မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် လူဦးရေ ခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ
ရှင်သန် နေထိုင်တုန်းပါ။ သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့
ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို တစ်ယောက် ကိုယ်ငွေ့ တစ်ယောက်
ပြန်ချုံလို့ ရတဲ့ မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။
လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ်
ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။ ရာသီဥတု သာတောင့်သာယာ
ဆိုပေမယ့် ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။

အရင်ကတော့ နယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေ ဆိုပြီး ပုံပြင်တွေ
အမျိုးမျိုး ကြားရတတ်တဲ့မြို့။ အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး
ပြန်လာတဲ့သူတွေကို ဘာလက်ဆောင်ပါသလဲလို့ စီး စီးမေးတတ်တဲ့မြို့လေ။
အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို
အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး အထက်တန်းက တက်စီးလို့ရတဲ့မြို့။
ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။ ရန်သူတွေ
ကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။
ပြည်တွင်းစစ်ကာလမှာ ၀ါရှင်တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင် ထွက်ကာ
ကွယ်ရသလို ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊
တက္ကသိုလ် ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း
ခုခံခဲ့ရတဲ့မြို့။ အဲဒီအချိန်ကလည်း တချို့တွေက ရန်ကုန်ကို
ဟားတိုက်ခဲ့တာပဲ။ ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့
အတွေးမျိုးတော့ ရန်ကုန်က မတွေးခဲ့ရိုးအမှန်ပါ။ ပုံသေကားချပ်နေ့တွေကို
တင်ဆက်ပြီးရင် အပြောင်းအလဲကို ညနေစာငတ်သူ တစ်ယောက်လို သူ
ဆာလောင်တတ်ခဲ့တယ်။ မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့။
အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။ သူမှ မစောင့်ရှောက်ရင်
အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့။
ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။
ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့
ကလေးငယ်တွေ သိပ်များနေတဲ့မြို့။ အဝေးရောက် လင်သားတွေ အလုပ်အကိုင်
အဆင်ပြေပါစေ ဆုတောင်းနေရတဲ့မြို့။ လယ်ကန်သင်းတွေကို ဖြို၊
မြေကွက်အသစ်တွေရိုက်လို့ သူ့မြို့ခံတွေကို နေရာထိုင်ခင်း
လုပ်လုပ်ပေးရတယ်။ အချက်အချာ မြို့လယ်ခေါင် တိုင်းတပါးသား လက်အောက်တွေ
ကျရောက်နေလို့။ သူက တစ်ခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ်
`နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင်
နေတတ်ခဲ့´။ ဗုံးဆံ၊ အမြောက်ဆံကို ကြောက်လို့ ၀ါးရင်းတုတ်နဲ့ရိုက်လည်း
အံကြိတ်ခံ၊ ရိုင်ဖယ်နဲ့ ချိန်ပစ်လဲ အသံသိပ်မထွက်ရဲခဲ့ဘူး။

အခုတော့ ခေတ်နဲ့အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။
လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပွနေတာမို့ သူ့အတွက်
သိပ်အရေးမကြီး။ ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင်
ပြဿနာရှာပေးတတ်ပြီ။ ကူးစက်ရောဂါတွေကိုလည်း ဖောဖောသီသီ လက်ခံသလို
အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတတ်တော့ဘူး။ မနက်ဆိုရင် ပါးစပ်ခြောက်သန်းကို
ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့် ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့
အသောက် မပျက်တဲ့မြို့။ လူ့ဘ၀စည်းစိမ်မှာ အဆိုး လောကဓံ လေးပါးကို
ထိန်ချန်လို့ မရဘူး။ အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့
တဘောင်လိုလို ငကြောင်လိုလိုနဲ့ မူး မူးပြီး ထပြောတတ်တဲ့မြို့။

မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီ သွားမယ်လို့ အရူးတွေ ဆော်သြပြီး
နောက်ဖေးပေါက်က ပြန်တက်၊ သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ အရူးတွေ
ရှိနေတတ်တဲ့မြို့။ မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ မိန်းမပျက်နဲ့
အကျဉ်းထောင် အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။
အမှန်အကန်ဆိုရင်တော့ နံရံလေးဘက် ပိတ်ထားတယ်။ အတုတွေ သိပ်များတော့
ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါလို့ သတင်းထောက်တွေကို
စိတ်ရူးပေါက်ပြီး ရှင်းရှင်းပြ တတ်သေးတယ်။ အတုကလည်း
ဘယ်လောက်တောင်များသလဲဆိုတော့ ခင်ဗျား မြင်မြင်သမျှ အကုန်အတုကြီးပဲ။
ဆေးဝါးအတု၊ ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊ ကွန်ပျူတာ
ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊
တရားရုံးအတု၊ စီရင်ချက်အတု၊ အမိန့်ကြော်ငြာစာအတု၊ အမွေစား အမွေခံအတု၊
လက်ထပ်စာချုပ် အတုကနေ ဒီမိုကရေစီအတု အထိ။ အတုဆိုရင် အကုန်ရှိနေတတ်တယ်။

ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊ ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊
တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊ အသက်ရှူကျပ်ရင် ကင်းမြီးကောက်
ထောင်ပြီး နေထိုင်ပါ၊ မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊ ဒါဟာ
အခွင့်အရေးတစ်ရပ်။ အဲဒီလို မြင်တတ်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး
အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက်
အလုပ်လက်မဲ့ပေမယ့်လည်း တစ်ယောက် လက်ဖက်ရည် တစ်ယောက် မျှသောက်တတ်တဲ့
ရန်ကုန်။

လမ်းကြုံရင် လာလည်ပါ။ ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။

ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။

ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာခြင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့ မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ

ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်


(သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့မေးလ်ကိုပြန်ဖော်ပြပေးတာပါ)

Wednesday, September 2, 2009


ကျမတို့ မိသားစု သုံးယောက်

Tuesday, August 4, 2009

တစ်ကြိမ်အောင်မြင်ရင် ရပြီ


ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။


"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။

၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။

၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွါးခဲ့ရတယ်။

၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။

၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။

၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်အချို့ လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။

၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။

သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David Sanders Colonel Sanders (September 9, 1890 – December 16, 1980)ပဲ ဖြစ်ပါတယ်။

"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။
တစ်ကြိမ်အောင်မြင်ရင် ရပြီ


ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။


"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။

၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။

၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွါးခဲ့ရတယ်။

၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။

၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။

၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်အချို့ လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။

၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။

သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David Sanders Colonel Sanders (September 9, 1890 – December 16, 1980)ပဲ ဖြစ်ပါတယ်။

"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။
"ဆရာတော်ကြီးများ၏ အသိပေးစကားစုများ"

ပုံနှိပ် စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်.............
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင်
ဘယ်လောက်သာယာ လိုက်မလဲ လို့ ..............................
........
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ
ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို
လွယ်လွယ်မသုံးမိအောင် သတိထားပါ .....................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ်
မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ်
လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောက လုံးကို အလှဆင်တယ် ..............
( သုဗောဓာ လင်္ကာရကျမ်း)

သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ .......
သူ့ကြောင့် ခံစားခဲ့ဖူးပြီ ...........
ဝမ်းသာရတာ ခံစားရတာ
ပင်ပန်းလှပါပြီ..........................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ
ဘာမျှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဥာဏ် တိုးပြီး လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့.........................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ )

စွန်လွှတ်သူ ဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ
သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

ကြာလည်းမမေ့ ..................
ရှာလည်းမတွေ့.................
ငါလည်းတစ်နေ့................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သူ့နှလုံးသားရဲ့ စကားပြန်ကတော့
သူ့အမူအရာပါပဲ ...............................
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

မပြိုကွဲနိုင်တဲ့ အရာကို
ဆောင့်မတိုးလိုက်နဲ့
သူမကွဲရင် ကိုယ်ကွဲမယ်...............
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

သစ်ပင်တိုင်းမှာ
အလှတစ်မျိုးစီ
ရှိကြပါတယ်..........................
လူတိုင်းရဲ့
တစ်မျိုးစီ အလှကို
မြင်တတ်ရင်
ဘယ်လောက် သာယာလိုက်မလဲ လို့.............................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အမှိုက်လှဲ ပြီးမှ
ရှင်းတာထက်
မရှုပ်ဘဲ ရှင်းနေတာက
ပိုကောင်းမယ်......................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အရွယ်ချင်း မတူရင်...............
နေရာချင်း မတူရင်...............
အဖြစ်ချင်း မတူရင်..............
အသိချင်း မတူနိုင်ပါဘူး.........
ဒါလေးတော့
နားလည်သင့်တာပေါ့..................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ငယ်တုန်းက ထမင်းကို
ဝါးပြီးခွံ့ခဲ့တာ ကောင်းပေမယ့်
ကြီးလာတဲ့ အခါ
အန်ဖတ်တွေ ထင်တတ်တယ်............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကျေနပ်စရာကြောင့်ဖြစ်စေ
မကျေနပ်စရာကြောင့်ဖြစ်စေ
လောကဓံကြောင့်
တုန်လှုပ်နေသူ မှန်သမျှ
လောကကို အရှုံးပေးနေရသူချည်းပါပဲ..................
ဆရာတော် တစ်ပါး

အယောင်ဆောင် ပညာရှိက
အပြစ်ကိုသာရှာပြီး
ထောက်ပြတတ်တယ်
ပညာရှိအစစ်က
အမှန်ကို ချီးကျူးပြီး
အမှားကို ပြုပြင်ပေးတယ်
အဋ္ဌကထာဆရာတော် ( သီဟိုဠ် )

ပုထုဇဉ် ဆိုတာ အပြစ်နဲ့ မကင်းဘူး ဆိုပေမယ့်
ဆရာသမားက ကိုယ့်တပည့်ပါ လို့ မပြောချင်လောက်အောင်
မိဘက တို့သားသမီးပါ လို့ မပြောချင်လောက်အောင် အထိတော့
မဖြစ်စေသင့်ဘူး.............................................
ည၀ါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ဘာမှ မစွမ်းနိုင်ဘူးဆိုရင်တောင်
ကိုယ့်ခြေရာ လက်ရာ တစ်ခုခုတော့
နောင်လာနောက်သား သတိရလောက်အောင်
ချန်ထားရစ်ခဲ့ ရမယ် .........................
ည၀ါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ကိုယ့်ကို စောင့်ရှောက်တာ
ကိုယ့်မှာ ရှိတဲ့ တရားပဲ........................

ကိုယ့်ကို ဖျက်ဆီးတာ
ကိုယ့်မှာ ရှိတဲ့ မတရားပဲ.....................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က မှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်...............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စုပြီး ဆုံပြီး ရှင်းလင်းကြတာက
စုဆုံပြီး ငြင်းကြတာထက်
အကျိုးကောင်းတွေ များပါတယ်...................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သဘာဝတရားကြီးဟာ
ချစ်စရာလို့ပဲ ထင်ထင်...
မုန်းစရာလို့ပဲ ထင်ထင်...
သူ့သဘော သူဆောင်တာ မှန်ပေမယ့်
သတ္တ၀ါတွေက
ချစ်ခင်စရာတွေကိုတော့ မခွဲချင်ကြဘူး...
မုန်းစရာကျတော့ မတွေ့ဆုံချင်ဘူးဆိုတဲ့ ..
လိုအင်ဆန္ဒတွေ ဖြစ်နေကြတယ်... .... ...
(တရားဦး- ဓမ္မဘေရီ အရှင်ဝီရိယ)

လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ
ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့်
အသက်ရှင်ရတာဟာ
ဘာလုပ်ဖို့လဲဆိုတာ အထိတော့
ဆက်ပြီး မစဉ်းစားတတ်ကြဘူး...။
ဆရာတော်တစ်ပါး (ပုသိမ်)

မသင့်တော်တဲ့ နေရာကို
ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့ အကျင့်တွေ
မဖျောက်ပစ်ပါနဲ့.....................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပညာဆိုတာ ကောင်းပါတယ်။
ပညာရှိချင်တာလား?
ပညာပြချင်တာလား?
နည်းနည်းတော့ သတိထားပါအုံး.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်ကမှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့
လုပ်သမျှတွေဟာ ..
အကောင်းချည်း ဖြစ်လာရင်
အကောင်းဆုံးပေါ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အသိပေးဆုံးမပေးမည့်သူကို ..
ရှာသင့်ပေမယ့်
ကိုယ်စကားနားထောင်မည့် သူကိုပဲ
ရှာနေကြတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သောကမီးတွေ ညီးညီးပြောင်ပြောင်
အမြဲတောက်လောင်နေပါလျှက်
ဘာကြောင့် ပျော်ရွှင်ဝမ်းမြောက်နေကြသလဲ..
အမှောင်ထုကြီး ကာဆီးပိတ်ဖုံးထားပါလျှက်
ဘာကြောင့် လင်းရာကို မရှာမှီးကြသလဲ..
(ဓမ္မပဒတရားတော်-၁၄၆)

ရင်ခွင်ပိုက် ကလေးများက မိခင်ရဲ့ မေတ္တာကို စိန်ခေါ်တယ်..
သက်ကြီးရွယ်အိုတို့က သားသမီး မြေးများနဲ့ လူငယ်တို့ရဲ့
ကျေးဇူးသိတတ်မှုနဲ့ မေတ္တာတရားကို စိန်ခေါ်တယ်..
လောကဓံတရားက အရွယ်ရောက်သူတိုင်းကို စိန်ခေါ်တယ်...
ကံတရားက တုန့်ပြန်မှု အားလုံးကို စနစ်တကျ မှတ်တမ်းတင်လိမ့်မယ်
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း)

ကျေးဇူးဆိုတာ သိတတ်သူအတွက်
အကျိုးကန့်သတ်မရှိ ခံစားနိုင်သလို
ကျေးဇူးကန်းသူအတွက် ကန့်သတ်မရှိ
ပေးဆပ်ရတတ်တာမျိုး....
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

အမြဲတမ်း သူ့ကိစ္စနဲ့သူ
ရှုပ်နေတာပါလို့ နားလည်ရင်
ကိုယ့်အရှုပ် ထပ်မပေးလိုက်ပါနဲ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ
ကိုယ်နဲ့ သိပ်မဆိုင်ရင်
ပြဿနာက သေးတယ်
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ
လုံးဝမဆိုင်တော့ရင်တော့
ပြဿနာမရှိတော့ပါဘူး
ဓမ္မဒူတဆရာတော် (မှော်ဘီ)

ကောင်းတဲ့အလုပ်ဟာ
နောက်ကျတယ်ဆိုတာ မရှိပါဘူး
လုပ်ငန်း စရသေးတာပဲရှိတယ်။
ဓမ္မဒူတဆရာတော် ( မှော်ဘီ)

ရေအိုးစင်က ရေသောက်ရတဲ့အခါ
သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား?
အခက်အရွက်လား? ပင်စည်လား?
ဓမ္မဘေရီဆရာတော် (တောင်စွန်း)

မိုက်တယ်ဆိုတာ ကိုယ်ပဲ ခံရတာ
လိမ္မာတယ်ဆိုတာ ကိုယ်ပဲ စံရတာ
မယုံခဲ့ရင်တောင် မိုက်မကြည့်နဲ့
လိမ္မာပါ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အဆင်ပြေတာ မပြေတာထက်
နေသာဖို့က အရေးကြီးပါတယ်
နေတတ်ရင် နေသာပါတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကုသိုလ်ကံမှာ လိုရာကိုပေး စိတ်လည်းအေး၍
သူကတစ်ဖန် ကိုယ့်ကိုပြန် တာဝန်ယူပေးမှာ
တိပိဋက ဆရာတော်ကြီး (ယော)

လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ
ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ
ရတနာသုံးပါးကို ယုံကြည်လို့
ပုံအပ်ပြီးပြီလား............?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

"ဒုက္ခ" ဆိုတဲ့ ကောင်က သူရောက်လာရင်
အနည်းဆုံးတော့ ညည်းညူနေမှ ကျေနပ်တာလေ..
ဖြစ်နိုင်ရင် ငိုကြီးချက်မနဲ့ လူးလှိမ့်နေတာကို
သူက မြင်ချင်တာကိုး...
ကိုယ်က သူ့အလိုနဲ့  ဆန့်ကျင်ပြီး
ဣနြေ္ဒမပျက် နေပြလိုက်တော့
သူအတော် ဖြုံသွားပုံရတယ်..
ခုဆို ကိုယ့်ဆီ သူ တယ်လာချင်ပုံ မရတော့ဘူး.....
ပရဟိတ ဆရာတော်ကြီး

လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ
လေရှိမှန်း မသိကြသလို
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ
ရေရှိမှန်း မသိကြသလို
ဓမ္မ အဓမ္မကြောင့်
ကောင်းကောင်း ဆိုးဆိုး
ဖြစ်နေတဲ့ သတ္တ၀ါတွေ ဟာလည်း
ဓမ္မ အဓမ္မကို
ရှိမှန်း မသိကြပါဘူး...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပေးနိုင်သူ ထံက တောင်း၊
လက်ခံမယ့် သူကို ပေး၊
ဒါမှ အဆင်ပြေမယ်...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ
မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆိုရင် ...?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်.
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လူတိုင်းမှာ အစွမ်းကိုယ်စီ ရှိကြပါတယ်
ကိုယ်စွမ်းရာက မစကြဘဲ
သူများပါးစပ်နဲ့ လမ်းဆုံးနေကြလို့သာ
အစွမ်းမပြနိုင်ကြတာပါ..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

ကိုယ်ပြုသမျှ ကံများသည်ပင်
ကိုယ်ရှေ့ဆက်ရမည့် ခရီးအတွက်
ခရီးသွားလက်မှတ်များ ဖြစ်ပါတယ်
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

တခြားပစ္စည်းတွေကိုရောင်းလိုက်ရင်
အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်
စိတ်ချမ်းသာမှုကိုရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ
ရောင်းမစားပါနဲ့..................။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စေတနာ သည် လူတိုင်းနဲ့
မတန်သည် မဟုတ်
လူတိုင်းနဲ့ တန်တဲ့
စေတနာမျိုး
ထားနိုင်ဖို့သာ လိုအပ်ပါတယ်............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စိတ်ဆိုးနေတဲ့ အခါ
ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ
ရှုပ်နေရင် ရှင်းတဲ့စိတ်
ပူနေရင် အေးတဲ့စိတ်
နောက်နေရင် ကြည်တဲ့စိတ်နဲ့
ချက်ချင်းလဲ လိုက်ပါ..............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လေးစားထိုက်သူရဲ့ စကားကိုမှ
နားထောင်ကြတာ။
ကိုယ့်စကား
နားထောင်စေချင်ရင်
လေးစားထိုက်အောင်နေပေါ့.........။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်..............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘေးကိုကြည့်လွန်း အားကြီးရင်
ဘေးတွေ့တတ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က ကြိုက်လို့ကောင်းတာထက်
ကောင်းတာမိုလို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့...................။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လူမှုရေးဆိုတဲ့ ကြိုးနဲ့
လူ့ဘောင်ကို ၀ိုင်းခတ်ထားတယ်
လူကိုမမှုရင်
လူ့ဘောင်ရဲ့ဘေးရောက်မယ်.........
လူကိုမှုနေရင်လည်း
ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သူတစ်ဖက်သား မျက်မာန်ပွားသော်
တရားမကွာ ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာ ရှိချိမ့်နည်း။ ။
မင်းကွန်းဆရာတော်ကြီး

အမြင့်ရောက်မှ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက
ပိုကောင်းတယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မေတ္တာ ပို့နေရုံနဲ့
မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင်လိုအပ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မုန်းလောက်အောင်
ကြိုးစားလိုက်စမ်းပါ၊
ပျင်းတဲ့သူတွေက
မုန်းချင်သလောက်
မုန်းစမ်းပါစေ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ရက်ရက်စက်စက်
ရိုးသားလိုက်စမ်းပါ၊
ဒီရက်စက်မှုမျိုးကို
သူတော်ကောင်းတွေက
မြတ်နိုးပါတယ်။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မင်းမရှိလည်း ဖြစ်တယ်
သူမရှိလည်း ဖြစ်တယ်
ငါမရှိလည်း ဖြစ်တယ်
ဘာမျှ မရှိလည်းဖြစ်တယ်.............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မိုက်မဲတယ် ဆိုတာ
မိုက်လွန်လွန်း အားကြီးလို့
ကြုံတာလေး တစ်ခုတည်းကို
မဲ နေတာ............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
တိပိဋက ဆရာတော်ကြီး (ယော)

ကိုယ်ကျင့်တရား ဖြူစင်ရင်
အသိတရား မြင့်မြတ်လာသလို
စစ်မှန်တဲ့ အသိတရားရရှိသူဟာလည်း
ကိုယ်ကျင့်တရား ဘယ်တော့မှ မပျက်စီးဘူး..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

"မမှားသော ရှေ့နေ၊ မသေသော ဆေးသမား" တဲ့
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။
မမှားတာ အကောင်းဆုံးပဲ....
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

ကိုယ့်စကားကို သူ နားထောင်စေချင်ရင်
သူ့စကားကို အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

မြင်တဲ့အတိုင်း အမှန်ဖြစ်မှ
အမှန်အတိုင်း မြင်တယ် ခေါ်တယ်။
မြင်တဲ့အတိုင်း မှန် , မမှန်
ကြားတဲ့အတိုင်း မှန် , မမှန်
ဆန်းစစ်ရမယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အထွတ်အထိပ်ကို
ရောက်သွားသူတိုင်း
အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

Monday, July 20, 2009

ဝေဒနာဆိုတာမွေးဖွားလာတဲ့အရာ
မသိနားလည်မှုက ကျွန်တော့ကိုကသီလင်တဖြစ်စေခဲ့
မျက်ရည်အပြည့်နဲ့အမှန်တရားတွေပါ
ကျွန်တော်မာန်မာနမကြီးနိုင်တော့ဘူး

(allen ginsberg)






ငါတောင်းဆိုတာက တစ်ခုထဲမှာ နင့်ဘက်က မလိုက်လျောနိုင်ဘူး အမြဲတမ်းငါ့မျက်နှာအရိပ်အကဲကိုစောင့်ကြည့်နေတာဆို အခုဘာလို့နင်.....
ငါငိုနေတာနင်ပျော်သလား ....
::(

Sunday, July 12, 2009

:wala: ခံစားချက်က ရာနှုန်းပြည့်စစ်စစ်မှန်မှန် ကိုယ်ပိုင်အခန်းငယ်ထဲ
စည်စည်ဝေေ၀တွေးမိတဲ့သတိရခြင်းတွေနဲ့ ပြည့်နှက်နေတဲ့အထီးကျန်မှုများ
မငိုဘဲကျခဲ့တဲ့ မျက်ရည်များက နေရာယူထားကြတယ်
တစ်စုံတစ်ယောက်နဲ့ပတ်သက်တဲ့ချစ်ခြင်းမေတ္တာကိုနှလုံးသားထဲက ပယ်ထုတ်လို့
မရနိုင်တဲ့ကာလပတ်လုံး တမ်းတခြင်းမှာ ငါ့ခံနိုင်ရည်တွေကျဆုံးတယ်
ကြုံရအုံးမယ့် နေ၀င်ချိန်တိုင်းမှာ အတိတ်က ပုံရိပ်တွေရှာဖွေနေမိတယ် သေချာပါတယ်
ေ၀၀ါးနေဆဲ........။
ဘယ်တော့လဲ ဘယ်တော့လောက်လဲ ဘယ်လောက်ကြာမှာလဲ
မရေရာတဲ့အမေးစကားတွေနဲ့ ငါ့ညတာတွေရှည်ခဲ့တယ်
နင့်ကိုသိမ်းဆည်းထားတဲ့ ငါ့နှလုံးခုန်သံရဲ့တုန်ခါမှု
အမှတ်တရတွေနဲ့ဖြေသိမ့်နေရတဲ့ ဝေးကွာခြင်းမှာ
ထင်ရှားသိသာတဲ့အလွမ်းများကသာ ငါ့ဆံချည်မျှင်သွေးကြောမျှင်တွေထဲ
တစ်နံတစ်လျားစိုက်ဝင်သွားခဲ့ပေါ့
:sleep:
သူ့ကိုကျမ ဟိုတုန်းကလဲ သိပ်ချစ်ခဲ့တယ်
အခုလဲ သိပ်ချစ်တယ်

ကျမအချစ်က မသိနားမလည်တဲ့ကလေးတစ်ယောက်ရဲ့စိတ်ကစားမှုမျိုး
မဟုတ်ပါဘူး
ဘယ်လောက်ပဲဆင်ခြင်ထုံတရားပြည့်ဝတဲ့အရွယ်ကိုရောက်လာပါစေ
တဖြည်းဖြည်းပိုပြီးခိုင်မာလေးနက်လာဖို့သာရှိတယ်

ကျမကိုသတိပြုမိလိုက်စမ်းပါတော့

လောကကြီးမှာ ကိုယ်ဖြစ်ချင်တဲ့အရာ ကိုယ့်ဆန္ခတွေကိုထုတ်ဖော်ပြောခွင့်
မရတာလောက် ဆိုးဝါးတဲ့ခံစားချက်ရှိပါသေးသလား
:blush:
ကျမသူ့ကိုတော်တော်ချစ်မိနေပြီဆိုတာ သူနဲ့ဝေးနေမှပဲသိတော့တယ်
ငါနင့်ကိုတော်တော်ချစ်မိနေမိပြီ ငါတို့ပြန်ဆုံမယ် နောက်အပတ်မှာ
:anongnangyari:

Saturday, July 11, 2009

မနေ့က ကျမ နဲ့သူရန်ဖြစ်ပါတယ် စိတ်တိုလွန်းလို့ အစားတောင်မစားနိုင်ဘူး
:scream: အဲလိုပဲအော်လိုက်ချင်တယ် အဟုတ်

Monday, June 29, 2009

နီကိုရဲ - ငတုံး

ဒီနေ့တော့ကျမမှာလုပ်စရာတွေအမျာြး့ကီးပဲ
စိတ်ပိန်တယ်
ကျမနေချင်တဲ့နေရာလေး
ကျမသွားချင်တဲ့မြို့ကလေးပေါ့
ကျမ သူငယ်ချင်းတစ်ယောက်နေတဲ့ချစ်စရာကောင်းတဲ့ဒေသလေးပါ
လူဦးရေလဲသိပ်မများပဲအေးချမ်းတဲ့ latvia လို့ခေါ်တဲ့နေရာလေးပါ
တစ်နေ့နေ့တော့ ကျမ ရောက်အောင်သွားပါဦးမယ်
e - book ဖတ်ချင်သူများအတွက်
ဝိဇ္ဖာ -အပြာရောင်ရင်ခွင်အောက်ကကိုယ်ရောင်ပျောက်တဲ့ချစ်သူ
ဝိဇ္ဖာ - ကျွန်တော့်ဓါတ်တိုင်
ဝိဇ္ဖာ - ပန်းတစ်ပွင့်ရဲ့ ရနံ့ခက်ဆစ်
တင်အောင်နီ -လွမ်းတော်မူဖို့စာကိုစီိတယ် (ကာတွန်း)
ဂျူး - မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက်
ကြယ်ကြွေတို့ရဲ့အတောင်ပံ - ဂျူး

Sunday, June 28, 2009

ဂျူး - ထိုတစ်ည၀ယ်
ဒီနေ့အလုပ်ပိတ်ရက် အားနေတာနဲ့တစ်ယောက်ထဲတွေးနေမိတယ်
ပစ္စည်းရှိတဲ့လူတန်းစားလဲ ပစ္စည်းရှိလို့မာန်မာနတက်တယ်
ပစ္စည်းမရှိတဲ့လူတန်းစားကလဲ ပစ္စည်းမဲ့လို့မာန်တက်တယ်
အားလုံးဟာ ဘာမှမရှိတဲ့အတွက် ဘာကိုမှမာန်တွေတက်နေစရာ
မလိုဘူးလို့ကျမထင်ပါတယ်
တစ်နေ့ကျရင် လူတွေအားလုံးကသေရမှာပဲလေ
မသေခင်အေးအေးချမ်းချမ်းလေးနေရတာက ပိုမကောင်းဘူးလား
ိစိတ်အေးအေးချမ်းချမ်းနဲ့ပေါ့
လက်မထပ်မီ

ကောင်လေး - သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။

ကောင်မလေး - နင် နောင်တရမလား

ကောင်လေး - ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။

ကောင်မလေး - ငါ့ကို တကယ်ချစ်လား

ကောင်လေး - တကယ်ပေါ့။

ကောင်မလေး - ငါ့အပေါ် သစ္စာဖောက်မှာလား။

ကောင်လေး - အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။

ကောင်မလေး - ငါ့ကို တစ်ခါလောက် နမ်းပါလား။

ကောင်လေး - အင်း.. တစ်ခါထက်ကို မကဘူး။

ကောင်မလေး - ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။

ကောင်လေး - လုံးဝ မဖြစ်နိုင်တာ

ကောင်မလေး - ငါ နင့်ကို ယုံရမလား

လက်ထပ်ပြီးနောက်

စာကို အောက်မှ အထက်သို့ တစ်ခေါက်ပြန်ဖတ်ပါ။

မြန်မာပြည်သို့ရောက်လာသော ရောဂါH1N1

(27 May) စနေ.နေ က ရန်ကုန်မြို.တွင် မြန်မာနိုင်ငံရဲ. ပထမဆုံး H1N1 ဗိုင်းရပ် ကိုစတင်တွေ.ရှိခဲ့ပါတယ်။ ကူးစက်ခံထားရ သူကို ရန်ကုန် ပြည်သူ.ဆေးရုံကြီး Specail room မှာ တင်ထားပြီး ပုံမှန်စစ်ဆေးမူများ ပြုလုပ်နေတယ်လို. သိရပါတယ်။

ကူးစက်ခံရသူမှာ ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး SK585 လေယာဉ်ဖြင့် သောကြာနေ. က စင်ကာပူနိုင်ငံမှ ပြန်လာသူဖြစ်ပါတယ်။ လေယာဉ်စီးတုန်းက ဘာ ရောဂါ လက္ခဏာ မှ မပြခဲ့ဘူး လို.ဆိုပါတယ်။ နောက်တော့မှ သင်တန်းတက်နေစဉ် ချောင်း အင်မတန်ဆိုးသဖြင့် ဆရာမ မှ ဆေးရုံ သွားဖို. အကြံပေးရာမှာ ည၉နာရီ တွင် ရန်ကုန် ပြည့်သူဆေးရုံကြီးသို. ပို.ဆောင်ခဲ့ပါတယ်။

သူမရဲ. မိသားစုနဲ. အတန်းဖော် များကိုလဲ စောင့်ကြည့် စစ်ဆေး မူများပြုလုပ်နေပြီး ၊ သူမစီးနင်းလာသော လေယာဉ်တွင် ခရီး သည် ၉၁ ဦး စီးနင်းလိုက်ပါကြောင်းသိရပါတယ်။

Saturday, June 27, 2009

ကျွန်မတို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင်
ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊
လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ
လိုအပ်ပါတယ်ရှင်။ တစ်နေ့က ကျွန်မရဲ့ Mail Box ထဲကို ရောက်လာတဲ့ Forward
Mail တစ်စောင်ထဲက အကြောင်းအရာတွေကို ကြိုက်နှစ်သက်တာနဲ့ ဒီမှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်ရှင်။ အရေးကြီးတဲ့ အချက် 40 တိတိကို
ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ
များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ
ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့်
မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward
လုပ်လိုက်ပါတဲ့။ ကျွန်တော်ကတော့ တစ်ရက်ကို လူ ၁၀၀ ကျော်လောက် လာဖတ်နေကြတဲ့
ကျွနတော်ရဲ့ ဘလောဂ့်မှာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Tuesday, June 23, 2009


အဲဒီ ကဗျာလေးကို ဒီညနေမှာဖတ်ရင်းစိတ်ထဲမှာ ခံစားနေမိတယ်
အနေတွေဝေးသွားလို့သွေးအေးသွားတာဆိုလဲ စိတ်မဆိုးပါဘူး
ဘာကိုမှ နင်နဲ့ပတ်သက်ပြီးမခံစားချင်တော့လို့ပါ
ဘာပဲဖြစ်ဖြစ်အဆင်ပြေစေဖို့ပဲငါဆုတောင်းပေးဖို့ပဲငါတတ်နိုင်ခဲ့တာ
နင်ကအဆင်ပြေမှာပါ အဆင်ပြေအောင်နေတတ်ခဲ့တာ နင့်အကျင့်ပဲ
နားလည်မှုတွေလွဲမှားရင်းမှားရင်းနဲ့ပဲ ငါတို့တွေဝေးသွားခဲ့တယ်
ပြီးခဲ့တဲ့အတိတ်ကိုမေ့ချင်ယောင်ဆောင်ရင်းနဲ့ပဲ ငါအလုပ်တွေဆက်လုပ်
နေခဲ့တယ်
ပြီးတာတွေငါမေ့ထားချင်ယောင်ဆောင်ရင်းနဲ့အဝေးကနေငါသတိရနေဆဲပါ
အခုဆိုနင်လဲအဆင်ပြေနေမှာပါ
ငါဆုတောင်းပေးပါတယ်
အားလုံးသောကံကောင်းခြင်းတွေ နင့်ဘ၀မှာတည်ပါစေ

ဂဏန်းသချာင်္

ကျမ သူ့ကိုချစ်မိနေပြီ
ရိုးရိုးလား ဆန်းဆန်းလားတော့ မတွေးတတ်ဘူး
မောင်နှမ အချစ်ထက် တစ်ပဲပိုတာပါ
အောက်ပါအတိုင်းပေါ့
၅၂၈ +

သူ့ကိုတော့မပြောဖြစ်ပါဘူး ။
ကျမသိရင်ပဲ လုံလောက်နေပြီထင်တဲ့အတွက်ပါ။
ဘာမှမသိခင်ကတည်းက သူ့ကိုစချစ်ခဲ့တာပါ
အခုလိုဘာမှန်းသိပြီးတဲ့နောက်ကျတော့လဲ ပိုချစ်လာမိပြန်ရော
သူ့အကြောင်းတွေ တစိမ့်စိမ့်တွေးရင်း ကြည်နူးနေတတ်ပါတယ်
ကျမကို သူက သိပေမယ့် ကျမ အချစ်ကို သူမသိပါဘူး
ချစ်ဖို့က ကျမ အလုပ်ပါ
သူက ပြန်ချစ်မယ်ဆိုလဲမငြင်းပါဘူး

ဥာဏ်စမ်းပုစ္ဆာ

သူ့အကြောင်းတွေ ကျမ တွေးတယ်
သူ့ကိစ္စကို ကျမ စဉ်းစားတယ်
အချိန်တိုင်းခေါင်းထဲမှာရှိနေအောင်လဲ ကိုယ့်ကိုကိုယ်သတိပေးထားတယ်
ဘယ်လောက်အထိလဲဆိုရင် ..... အိမ်သာသုံးစက္ကူမှာတောင်
သူ့နာမည်ကိုရေးထားတယ်
အိမ်သာထဲမှာထိုင် စက္ကူပေါ်က သူ့နာမည်လေးကိုဖတ်
စိတ်ပိုင်းကျကျ သူ့ပြဿနာကိုဆင်ခြင်တယ်
ပြီးတော့ရုပ်ပိုင်းကျကျ အဲဒီစက္ကူကိုအိမ်သာသုံးခဲ့ပြီးတော့ပြန်ထွက်လာခဲ့တယ်
သူပေ သွားလားတော့မသိဘူး
ဒါပေမယ့် စေတနာကိုသိရင် သူခွင့်လွတ်မှာပါ။
အင်တာနက်ကနေအစုံကြည့်ချင်သူများအတွက်
သီချင်းချစ်သူများအတွက်
ကွန်ပျူတာနဲ့ပတ်သက်လို့လေ့လာချင်သူများအတွက်
ဘ၀ဆိုတာ တိုက်ပွဲ လို့ တစ်ချို့က ဆိုကြသည်
ကိုယ်စီကိုယ်စီလက်နက်ရှာကြသည်
ကျမ ကတော့ ဘ၀ဆိုတာဘာမှမဟုတ်ဟု ဆိုလိုချင်ပါသည်
ဘာလက်နက်ကိုမှလဲမရှာချင်ပါ
တစ်ခါတစ်ခါ ကျမသည် ရယ်ကျဲကျဲနေလေရှိပါသည်


အောင်မြင်ကြပါစေ
သို့သော်အောင်မြင်ခြင်းသည် ငြိမ်းချမ်းခြင်းမဟုတ်
စွန့်လွတ်ခြင်းဖြင့်ငြိမ်းချမ်းမည်
အဖော်မပါလဲတစ်ယောက်ထဲ ရပ်တည်မည်
စွန့်လွတ်ခြင်းဖြင့်ငြိမ်းချမ်းမည်

ဘ၀မှာလေပြေကိုချည်းပဲမျှော်လင့်စရာမလိုပါ
မုန်တိုင်းမှာလဲ အောက်ဆီဂျင်ပါသည်

နိုးနိုးကြားကြားတော့မအိပ်ချင်ပါ
အိပ်မယ့်အိပ်ပျော်အောင်သာအိပ်ချင်ပါတော့သည်

ကျမသည်လိုက်လျောတတ်ပါသည်
လိုက်လျောညီထွေရှိအောင်လဲအမြဲကြိုးစားလေ့ရှိပါသည်
အရည်ပျော်လုဆဲဆဲရေခဲတုန်းကဲ့သို့ပင်လိုက်လျောညီထွေပြုရန် အဆင်သင့်ဖြစ်နေပါသည်
သည်းခံဖို့တော့လိုပါသည်
ကျမ နည်းနည်းအေးစက်နေပါလိမ့်မည်


ပညာရှိများသည်သေးဖွဲသောအရာများမှာပင်အခက်အခဲကိုရှာဖွေတွေ့တတ်ပါသည်
ကျမသည်ပညာရှိမဟုတ်ပါ
ထို့ကြောင့်အခက်အခဲတွေကိုအသေးအဖွဲဟုသဘောထားပါသည်
ဒုက္ခတွေ့မှသိမယ် လို့ ချစ်သူက ပြောပါသည်
သို့သော်ကျမ ဒုက္ခ မတွေ့သေးလို့ဘာမှမသိသေးပါ
ချစ်သူကိုကျမ ရီပြလိုက်ပါသည်

ကျမသည်မလှပါ
အကျည်းတန်ပါသည်
ထို့ကြောင့်လဲအလှတရားကိုတန်ဖိုးထားပါသည်
သို့သော်လဲ ကျမသည် အကျည်းတန်သူဖြစ်သောကြောင့်
အလှတရားသည် ကျမနှင့်မျက်နှာချင်းဆိုင်ဝေးကွာနေတတ်ပါသည်

အတ္တရှိသူသည် ကိုယ့်ကိုကိုယ်ချစ်ပါသည်
ကျမသည်ကိုယ့်ကိုကိုယ်မချစ်ပါ
မုန်းပါသည်
သို့သော်လဲကိုယ့်ကိုကိုယ်မုန်းခြင်းသည်လည်း အတ္တဖြစ်ပါသည်
ထို့ကြောင့်ကျမအတ္တကြီးပါသည်

လောကသစ္စာကို ကျမတွေ့ချင်ပါသည်
သူ့နောက်ကိုကျမလိုက်သည်
သို့သော် သူ့မှာ ကျော မရှိချေ
သူ့ကိုကျနော် ရင်ဆိုင်သည်
သို့သော် သူ့မှာ ရင်ဘတ်မရှိချေ
လောကသစ္စာကို ကျမ လိုက်မရှာတော့ပေါ
နေရာမှာပဲ ရပ်နေလိုက်ပါသည်
တကယ်လို့ ကျမကို လာရှာလျှင်လွယ်ကူရန်ဖြစ်ပါသည်။

မှန်သောစကားသည် အသံထွက်ချိုသာခြင်းမရှိပါ
သို့သော်လဲမှန်သည့်အတိုင်းဝန်ခံတာအကောင်းဆုံးပဲဖြစ်ပါသည်
သင့်အထင်မှန်ပါသည်
ကျမ သည်အထာမကျသော ကောင်မလေးတစ်ယောက်ဖြစ်ပါသည်







ကျမ သည် ဘာမှမရှိသောအိုးလေးတစ်လုံးဖြစ်ချင်ပါသည်
အထဲမှာဘာမှထည့်မထားချင်ပါ
ထိုသို့ဖြင့် အများကြီးရှိနေချင်ပါတော့သည်။


ကျမသည် တိုးတိုးကလေးနေချင်ပါသည်
ကျယ်လောင်မှုကိုမနှစ်သက်ပါ
တိုးတိုးကလေးအော်တတ်သူများကိုလဲတွေ့ဖူးပါသည်
ထိုသူတို့ကိုလဲမနှစ်သက်ပါ

အခြားသော သူများကိုနားလည်ရန်ထက်
ကိုယ့်ကိုကိုယ်နားလည်ရန်ခက်ပါသည်
ကျမကိုယ့်ကိုကိုယ်မကြာခဏမေးဖူးပါသည်
မင်း ဘာကောင်လဲ

ကျမက ငြိမ်းချမ်းချင်ပါသည်
ထိုငြိမ်းချမ်းဖို့ကြိုးစားရင် မငြိမ်းချမ်းတော့ပါ

ကျမက တစ်ယောက်ထဲနေတတ်ပါသည်
အထီးကျန်သည်ဟုမခံစားရပါ
ထိုမျှသည်ပင် များပြားလှပါပြီ
စည်းကားလှပါပြီ

လိုချင်သောအခါကောက်ယူရသည်
မလိုချင်သောအခါ ပြန်လွင့်ပစ်ရသည်
အစကတည်းကမယူခဲ့မိလျှင်ကောင်းသား
အခုတော့အားနှစ်ခါကုန်ရသည်

ကိုယ့်ကိုယ်ကို ဒိုင်းနှင့်ကာပြီး
သူတစ်ပါးအားဒါးနဲ့ရွယ်ရဲသူ
ထိုသူတို့နှင့်လမ်းမတူ

မည်သူကိုမဆို မည်သည့်အရာကိုမဆို အပြစ်ရှာလျှင်တွေ့နိုင်ပါသည်
အဲဒီခေတ်ကုန်သွားပြီဟု ကျမနှင့် သူငယ်ချင်းနှစ်ဦးရယ်ပွဲဖွဲ့ဖူးပါသည်
ကျမတို့အပြစ်ကိုမရှာတော့ပါ အဖြေကိုပဲ ရှာပါတော့သည်

စွဲလမ်းမှုက ဆန်ြး့ကယ်

ကျွန်တော်တို့ဟာ အဆင်ပြေတာထက် အဆင်မပြေတာကို ပိုမိုသတိရလေ့ရှိပါတယ်
သတိထားမိလေ့ရှိပါတယ်
အသားငါးစားမိလို့အသားဖတ်သွားကြားညပ်သွားတာထက်ငရုပ်သီးဖတ်ညပ်နေတာကို
ပိုသတိထားမိမှာပါ
ဒီကောင်က လျှာနဲ့ထိတိုင်း စိပ်နေတာကိုး
သဘာဝတရားကလဲ ဆန့်ကျင်ပါတယ်
ကောင်းတာတွေကိုသတိရစေဖို့ထက် မကောင်းတာတွေကိုအမှတ်ရစေဖို့ ပိုသတိပေးလေ့ရှိပါတယ်
ကျေနပ်မှုတစ်ခုအတွက် မကျေနပ်မှုတွေအများကြီးရင်းရပါတယ်
ကျွန်မတို့ဟာ မကျေနပ်မှုတွေ အလိုမပြည့်မှုတွေ ကို မှတ်မှတ်သားသားစွဲထင်နေတတ်ပါတယ်
ကောင်းတာတွေကို သတိထားမိစေဖို့လဲ ကျမတို့လေ့ကျင့်ရအုံးမှာပါ

ကျွန်မတို့လိုချင်တာဘာလဲ

အစာစားတဲ့အခါ ချို ချဉ် ဖန် စပ် ငန် ခါး စတဲ့အရသာတွေကို
ကျွန်မတို့ ခံစားချင်ကြပါတယ်။
အဲဒါတွေနဲ့တွဲစားဖို့ ဆိမ့်တာလေးတွေကိုလဲတမ်းတသေးတယ်။
ထမင်းဆို ဆန်ကောင်းကောင်းလေးချက်ပြီးစားချင်တာ
ထမင်းနဲ့တွဲဖို့အသားငါး အသီးအရွက်တွေကိုချို ချဉ် ဖန်စပ်ငန် ခါး ချက်ထားသေးတယ်
အဲဒီအရသာရှိပါတယ်ဆိုတဲ့အစားအစာတွေအားလုံးအ၀စားပြီးတဲ့အခါ
အာသာပြေသွားပါသလား
စဉ်းစားကြည့်ပါ
ကျွန်မတို့ဟာ အရသာမျိုးစုံကိုစားပြီးတာနဲ့အရောင်အဆင်းအနံအရသာမရှိတဲ့
ရေ ကိုသာတမ်းတကြစမြဲပါ

မှန်သလိုလိုပဲ

တစ်ခါတစ်လေမှာ ကျွန်မတို့ရဲ့အဖြေတွေဟာ မှန်သလိုလိုနဲ့မှားနေတာတွေ ရှိပါတယ်
အမြင်နဲ့ဆုံးဖြတ်ရာမှာ အရည်အသွေးပိုင်း အနှစ်သာရပိုင်းကိုထည့်တွက်ဖို့မေ့ကျန်ခဲ့တာတွေ
ရှိလို့ပါ။ဘယ်လိုဖြစ်သလဲဆိုတော့
၁၀၀ - ၁ = ?
ှဆိုတဲ့ ပုစ္ဆာကို စိတ်ဝေဒနာရှင်တစ်ဦးက
၁၀၀ - 1 = ၀၀
လို့ဖြေတယ်။ အဲဒါကို ဆရာဝန်က
၁၀၀-၁ = ၉၉
လို့ရေးဖြေတော့ စိတ်ဝေဒနာရှင်အားလုံးက သူတို့ဖြေတာသာမှန်တယ်လို့ပြောကြသတဲ့။
ကျွန်တော်တို့သတိထားဖို့ပါ။

ခွဲခြားစဉ်းစားတတ်ခြင်း

တိတိကျကျအဖြေထုတ်နိုင်ဖို့ မှန်ကန်မှုရာနှုန်းအများဆုံးဖြစ်ဖို့
အားနည်းချက်တွေအတတ်နိုင်ဆုံးကင်းဖို့ ကြိုတင်စဉ်းစားတဲ့အလေ့အကျင့်
ကျွန်မတို့မှာနည်းပါးပါတယ်။
အခုလိုကောက်ချက်ချမိတာဟာ ဟာသတိုလေးတွေကြောင့်ပါ။
လူကြီး - ဟေ့ ကလေး မင်းအသက် ဘယ်နှနှစ်ရှိပြီလဲ
ကလေး - ရှစ်နှစ်
လူကြီး - မင်းအဖေအသက်ရော
ကလေး - ရှစ်နှစ်ပဲခင်ဗျ
လူကြီး - ဟေ ... ဘာလို့အတူတူဖြစ်နေရတာလဲ
ကလေး - သူလဲ ကျွန်တော်မွေးလိုက်မှ အဖေဖြစ်သွားလို့ပါ။

ကျွန်မတို့ဟာ အဖေသက်နဲ့အဖေ့ရဲ့အသက်ကို ခွဲခြားပြီးစဉ်းစားမိပါရဲ့လား

Friday, May 29, 2009

ပြီးဆုံးခဲ့သော ပုံပြင်တစ်ပုဒ်

ဒီအကြောင်းတွေမပြောရရင် ငါ့ရင်ထဲမှာ ဆို့နင့်လွန်းလို့ ငါဒီစာကိုရေးနေမိတာ ငါက ခပ်တေတေ
ကောင်မလေးပေမယ့် ခံစားစရာရှိရင် ခံစားတတ်တဲ့ကောင်မလေးတစ်ယောက်ပါ ။
မနေ့က နင်အွန်လိုင်းမှာရှိနေခဲ့တယ် ငါအမြဲတမ်းနင်အွန်လိုင်းမှာရှိနေဖို့မျှော်လင့်ခဲ့တယ်။
ဘာလို့လဲဆိုတော့ ငါက အဝေးမှာရောက်နေတဲ့လူတစ်ယောက်လေ
အမြဲမျှော်လင့်ခဲ့တာပါ ကိုဒီးရေ တကယ်တမ်းတော့ နင်သိမလား ငါနင့်ကိုသတိရနေတာ
နင်မ၀ယ်ပေးဖြစ်ခဲ့တဲ့ ကော်ဖီခွက်အဖြူရောင်လေးကို ငါတစ်ပုံစံထဲ တစ်ရောင်တည်း ၀ယ်ထားခဲ့တယ်
ရန်ကုန်မှာကတည်းက နင်မ၀ယ်ပေးဖြစ်ခဲ့ဘူး မအားဘူးဆိုတဲ့အကြောင်းပြချက်တွေနင်ပေးခဲ့တယ်
ငါကတော့ နင့်အတွက် မအားဖြစ်တာတောင် အားခဲ့တယ်
နင်မှတ်မိအုံးမလား ကာရံမွေးနေ့တုန်းက နင်ကိုတွေ့ရမလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့
ငါလာခဲ့တယ်
နင်မရောက်လာခဲ့ဘူးတစ်ခါ
နောက်တစ်ခါက မီးငယ်မွေးနေ့ ငါ့မှာ တခြားကိစ္စတစ်ခုလုပ်ဖို့ရှိတာတောင် နင့်ကိုတွေ့ချင်လို့
ငါလာခဲ့ တယ်
နင်မရောက်လာခဲ့ပါဘူး
နောက်တစ်ခါ
ငါသင်္ကြန်တရားစခန်းက ထွက်ပြီးနောက်တစ်နေ့ နင့်ကိုတွေ့ချင်လို့ ငါမီးငယ်ဆီလာခဲ့တယ်
နင်ရောက်မလာခဲ့ပါဘူး ကိုဒီး
နင်နဲ့ပက်သတ်ရင် ငါ့အတွက် က စိတ်ပျက်စရာတွေချည်းပါပဲ
နင်က ငါ့ကိုကော်ဖီခွက်ကလေးပေးချင်သေးတယ်တဲ့
အချိန်တွေနှောင်းသွားမှ နင်ဘာတွေပေးနေချင်သေးတာလဲ
ငါဘက်က ပြန်ရပါစေ ဆိုတဲ့စိတ်နဲ့ငါပေးခဲ့တာမဟုတ်ဘူး
ငါ့အမိနိုင်ငံက မထွက်ခင်ညဘက်နင့်ကိုဖုန်းဆက်ခဲ့တယ်
ငါ့ဘက်က စကားတွေအများကြီးပြောချင်နေတာကို နင်က ဖြတ်တောက်ပစ်တယ်
နင်သိပ်ရက်စက်လွန်းပါတယ် ကိုဒီးရယ်
နင်က သိပ်လဲနေနိုင်လွန်းပါတယ်
ငါဘက်ကအကြိမ်ပေါင်းမြောက်များစွာဖုန်းခေါ်ခဲ့ပါတယ်
နင့်ဘက်က ဘယ်နှစ်ကြိမ်များစခေါ်ဖူးပါသလဲ
မနေ့က ပြဿနာတွေရှင်းပြီးတော့ နင်အွန်လိုင်းမှာ ရှိနေခဲ့တယ်
ငါက စနှုတ်ဆက်တော့ နင်က ချက်ချင်း ထွက်လိုက်တယ်
ဘာအချိုးလဲ ကိုဒီး
ဒီအကြောင်းတွေကို ချောကလက်ကိုငါကပြောပြတော့
နင်ကမနာလိုဖြစ်သေးတယ်နော်
မတန်ပါဘူး ကိုဒီးရယ် ချောကလက်က ငါ့ကိုညီမလေးတစ်ယောက်လို
ဂရုစိုက်တာပါ နင်ကပြောလိုက်သေးတယ်နော်
နင်ကဘ၀အသစ်မှာနေပျော်နေပြီပဲတဲ့
နေပျော်နေအောင် ဘယ်သူသင်ပေးခဲ့တာလဲ
ချောကလက်က ငါနဲ့ပတ်သက်ရင် မသိတာမရှိဘူး
သူအကုန်သိတယ်
ငါဘက်က ဒီရောက်မှ MASSAGE တွေပို့နေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ
နင်ဘက်က ဘယ်အချိန်ပြန်ခဲ့သလဲ ဘယ်နှစ်ခါလောက်
နင်လျစ်လျူရှုခဲ့တာ ဘယ်နှစ်ကြိမ်မြောက်လဲ
ကဲ ပြောစမ်းပါဦး
နင့် ခံစားချက် နင့်အပြောတွေကို ငါနားထောင်ချင်ပါတယ်






Tuesday, May 26, 2009


ကဲ လူကြီးမင်းရော ဘယ်လိုလဲ

အကောင်သေးပေမယ့် အထင်မသေးပါနဲ့ နော့

Tuesday, May 19, 2009

သူ့အကြောင်းတွေ

မနေ့ သူ့အကြောင်းတွေစဉ်းစားရင်းနဲ့ သူပြောတဲ့စကားတစ်ခွန်းသတိရသွားတယ်
ငါကနောက်သုံးလနေရင် အိမ်ပြန်တော့မှာတဲ့ ပထမ သူနောက်နေတာလို့ကျမထင်တာ
ကျမ သူ့ကိုဖုန်းဆက်လိုက်တယ်
ကျမ ငိုပြီးသူ့ကိုမပြန်ဖို့တားတော့ သူက အခုမှ အိပ်မက်ကနိုးတာလားတဲ့
ကျမ ငိုတော့သူက ငါနင်မပါဘဲ ဘယ်ပြန်လို့ရမှာလဲတဲ့
နောက်တော့ ကျမကိုမငိုဖို့တားတယ်
ကျမ ဘေးမှာသူမရှိရင်တောင် ကျမ မနေတတ်တာ သူနဲ့သာဝေးရရင် ကျမ ရူးမယ်
သူက ကျမလိုစိတ်ကောက်ပြီးလုပ်ချင်ရာလုပ်နေတတ်တဲ့ ကောင်မလေးနဲ့သာမနေရရင်
သူလဲ သေမယ်တဲ့
(ဟိုတစ်နေ့က ရေနွေးကြမ်းတွေနဲ့ပက်မိတာကိုသူကစိတ်မဆိုးတာတော်သေးတာပေါ့)

Friday, May 15, 2009

အဆုံးထိရယ်ပါ

ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက်
ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့
အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး
ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး "အဖေ.. အဖေ..
သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း" လို့ ပြောလိုက်တယ်။
နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး
ထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ
ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ "သမီးကလဲ.. သော့ယူသွားဖို့
မေ့ခဲ့ပြန်ပြီလား!" အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့
သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက "ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့
လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်" ဆိုပြီး ရယ်နေခဲ့တယ်။
သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့
အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက "အဘိုးကြီး.. ခင်ဗျား
ဘာလုပ်နေတာလဲ" လို့ မေးတော့ အဘိုးအိုက "တောက်.. ဒီလူတွေ ငါ့နာမည်ကို
မှားအောင်ရေးကြတယ်ကွာ" လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး
သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။
အဘိုးအိုက "ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်"
လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း
မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့
ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ "ဘယ်ကကောင်လဲကွ..
ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ" ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို
ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ
ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး "တောက်...
သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ" လို့
အော်ဆဲလိုက်တော့တယ်။

၂)

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးမကြာဘူး ယောက်ျားဖြစ်သူက အိမ်မွေးကြောင်နဲ့
ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမကမြင်တော့ "နင်ဘာလို့ အဲဒီဝက်နဲ့
ကစားနေတာလဲ" လို့ ငေါက်လိုက်တယ်။

အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကိုလက်ညှိုးထိုးပြီး "ဒါဝက်မဟုတ်ဘူး..
ကြောင်ကွ.. ကြောင်" လို့ ပြန်အော်လိုက်တယ်။

အဲဒီအခါမှာ မိန်းမက ယောက်ျားကို "နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါ
အဲဒီကြောင်ကို မေးနေတာ" လို့ ပြန်အော်လိုက်တယ်။

၃)

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးနောက် ရှေ့နေဆီသွားပြီး ကွာရှင်းဖို့
ပြင်ကြတယ်။ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို တစ်ယောက်တစ်ဝက်ဆီ ခွဲဝေကြတော့
မိန်းမဖြစ်သူက မကျေမနပ်နဲ့ "ကျွန်မစုထားတဲ့ ကိုယ်ပိုင်ငွေ
တစ်သောင်းကိုလည်း တစ်ဝက်ခွဲရမှာလား" လို့ မေးတယ်။ ရှေ့နေ
ခေါင်းညိတ်ပြလိုက်တယ်။ မိန်းမကဆက်ပြီး "ဒါဆို ဒီကလေးသုံးယောက်ကို
ဘယ်လိုခွဲမလဲ"လို့ မေးလိုက်တယ်။ ရှေ့နေခေါင်းကုတ်ပြီး စဉ်းစားတယ်။
အကြာကြီးစဉ်းစားလဲ သင့်တော်တဲ့အဖြေ မရခဲ့ဘူး။ နောက်ဆုံးမှာ ရှေ့နေက
"ခင်ဗျားတို့ အိမ်ပြန်ပါ။ ကလေး၎ယောက်ရမှ ပြန်လာခဲ့ပါ။ အဲဒီအချိန်ကျမှ
ကွာရှင်းဖို ကျွန်တော်ဆုံးဖြတ်ပေးမယ်" လို့ ပြောလိုက်တယ်။

Sunday, May 3, 2009

အချစ်ကိုတပ်ဆင်ခြင်း

အင်ဂျင်နီယာ-----"ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။"

ဧည့်သည်--------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။

အင်ဂျင်နီယာ-----"ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"

ဧည့်သည်---------"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ----"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။"

ဧည့်သည်------"တွေ့ပါပြီ။ဒါပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။"

အင်ဂျင်နီယာ----"ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။"

ဧည့်သည်--------"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ၀န်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။

အင်ဂျင်နီယာ-----"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ် ဒဏ်ရာဟောင်းကို စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိုက်မယ်။ ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။ မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား "

ဧည့်သည်-------"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"

အင်ဂျင်နီယာ----"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။ မနာလို ၀န်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်သလဲလဲရမ်းပေးပါ"

ဧည့်သည်--------"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွားနိုင်တယ်။"

ဧည့်သည်--------"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား? အချစ်ပရိုဂရမ်ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"

အင်ဂျင်နီယာ-----"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"

ဧည့်သည်-------"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

အင်ဂျင်နီယာ----"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက "ကိုယ့်ကို ခွင့်လွတ်မူ" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ" နဲ့ "ကိုယ်လိုချင်တဲ့ ကန့်သတ်မူ" ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။ ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"

ဧည့်သည်-----"အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ...စခရင် မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ပုံမှန်ပါပဲ...တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။ တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပြီ။
စိတ်၏ အကွာအဝေး

တစ်နေ့တွင် ဆရာက ကျောင်းသားများကို "လူတွေက ဘာဖြစ်လို့ ဒေါသထွက်တဲ့
အချိန်မှာ အော်ပြီး ပြောကြတာလဲ" ဟု မေးလေသည်။ ကျောင်းသားများက
အချိန်အကြာကြီး စဉ်းစားနေကြသည်။ ကျောင်းသားတစ်ယောက်က "စိတ်တည်ငြိမ်မှုတွေ
ပျောက်ကုန်လို့ အော်တာပါ ဆရာ" ဟု ဖြေသည်။

ဆရာက "ဒါပေမဲ့ တစ်ဘက်လူက ကိုယ့်ဘေးမှာ ရှိနေတာကို အေးအေးဆေးဆေး
ပြောလို့ရပါလျှက်နဲ့ ဘာလို့ အော်ပြောကြတာလဲ" ဟု ပြန်မေးသည်။
ကျောင်းသားများက တစ်ယောက်တစ်ပေါက် ဖြေကြသည်။ သို့သော် ကျေနပ်သော အဖြေကို
ဆရာ မရခဲ့ပါ။ နောက်ဆုံးတွင် ဆရာက ရှင်းပြသည်။

"လူနှစ်ယောက် စိတ်တို ဒေါသထွက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ
အရမ်းကွာဝေးနေတယ်။ အဲဒီဝေးနေတဲ့ အကွာအဝေးကြောင့် အော်မှ
ကြားနိုင်မယ်ထင်ပြီး အော်ကြတယ်။ အော်လေလေ ဒေါသပိုထွက်လေလေ၊ ဒေါသထွက်လေလေ
စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ၊ စိတ်ကွာဝေးလေလေ အော်ကြလေလေပဲ" ဆရာက
ဆက်ပြီး....

"လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုဖြစ်တတ်ကြလဲ သိလား...
အခုလို့ ဒေါသထွက်နေတဲ့ အချိန်နဲ့ ဆန့်ကျင်ဖက်ပေါ့။ ဘာကြောင့်လဲဆိုတော့
ရည်းစားဖြစ်နေသူ နှစ်ယောက်ရဲ့ စိတ်တွေက အရမ်းနီးနေတယ်။
စိတ်တစ်ခုနဲ့တစ်ခုဟာ ထပ်တူနီးနီးကျနေတယ်။ အဲဒါကြောင့် ရည်းစားဖြစ်နေသူ
နှစ်ယောက်ဟာ စကားပြောတဲ့အချိန်မှာ တီးတိုးတီးတိုးပဲ ပြောကြတယ်။
အဲဒါကြောင့် စိတ်အကွာအဝေး နီးလေလေ၊ ပိုချစ်ကြလေလေ။ နောက်ဆုံး
စကားပြောစရာတောင် မလိုတော့ဘဲ အမှုအရာချင်း၊ မျက်လုံးချင်း အချစ်တွေကို
ဖလှယ်ကြတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အကွာအဝေးဆိုတာ
လုံးလုံး မရှိတော့ဘူး။ တစ်ထပ်တည်းကျသွားပြီ"

"လူနှစ်ယောက် ငြင်းခုံ၊ ရန်ဖြစ်နေတဲ့အချိန် စိတ်တွေကို မကွာဝေးစေနဲ့။
စိတ်ကွာဝေးစေတဲ့ စကားမျိုး မပြောသင့်ဘူး။ စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု
မရှိတော့မှ ပြဿနာကို ပြေပြေလည်လည် ဆွေးနွေးကြပေါ့" ဟု ဆရာက နောက်ဆုံး
ရှင်းပြခဲ့သည်။

အချစ်ကို လေးစားမှုပေးပါ

Once a upon a time a bird fell in love with a white rose.

One day he (bird) proposed to her (white rose) ,But white rose refused.

White rose said " I don't love U".

Bird daily came and proposed to her.

Finally white rose said "when I 'll turn red , I'll love U.

One day, bird came and cut his wings and sprated his blood on the rose.

The rose turned red.

The rose realized how much bird love her. But it was too late,bird already dead.

So, respect the love & feelings of the person whose loves you.

ဒါပဲ ယူတော့နော်

ဒါပဲယူတော့နော်..

ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေက များလွန်းလို့ တစ်ညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်း အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။

{{ ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊ ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး }}

ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်...

{{ ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း ခံစားခွင့်ရမယ်၊ မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ}} တဲ့။

ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။{ ဒေါ်လာ ၁ သန်း လိုချင်တယ်}
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။

(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ {နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်}
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။

နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။{ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့ အမြန်လမ်းတစ်ခုလိုချင်တယ်}
ဘုရားသခင်ကပြန်ပြောတယ်။
- {{ ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့ တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ}}

ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ {{ အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ}}
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ ရန်မဖြစ်ရအောင်.....

{{ အို.. ဘုရားသခင်၊ ကျွန်တော်မှာ မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့ ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊ သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး ကျွန်တော်လိုချင်ပါတယ်}} ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

{{ ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ }}



မေးလ်ပို့ပေးတဲ့ သူငယ်ချင်း နေလင်းလွင် ကိုကျေးဇူးတင်ပါတယ်။

ခဏလေးပဲ ဖတ်ပေးပါ

don't care if you have a boyfriend or girlfriend right now.... I dont care if you are a guy or a woman or Michael Jackson.....just read this, it will make a difference.....

When she stares at your mouth
[ Kiss her ]

When she pushes you or hits you like a dumb ass cuz she thinks shes stronger than you
[ Grab her and dont let go ]

When she starts cursing at you tryin to act all tuff
[ Kiss her and tell her you love her ]

When she's quiet
[ Ask her whats wrong ]

When she ignores you
[ Give her your attention ]

When she pulls away
[ Pull her back ]

When you see her at her worst
[ Tell her she's beautiful ]

When you see her start crying
[Just hold her and dont say a word ]

When you see her walking
[ Sneak up and hug her waist from behind ]

When she's scared
[ Protect her ]



When she steals your favorite hat

[ Let her keep it and sleep with it for a night]



When she teases you

[ Tease her back and make her laugh ]



When she doesn't answer for a long time

[ reassure her that everything is okay ]



When she looks at you with doubt

[ Back yourself up ]



When she says that she likes you

[SHE REALLY DOES MORE THAN YOU COULD UNDERSTAND!!!]



When she grabs at your hands

[ Hold her's and play with her fingers ]



When she bumps into you;

[ bump into her back and make her laugh ]



When she tells you a secret

[ keep it safe and untold ]



When she looks at you in your eyes

[ dont look away until she does ]



When she says it's over

[ she still wants you to be hers ]


When she reposts this bulletin

[ she wants you to read it ]


- Stay on the phone with her even if she's not saying anything.



- When she's mad hug her tight and don't let go



- When she says she's ok dont believe it, talk with her



- because 10 yrs later she'll remember you



- Call her at 12:00am on her birthday to tell her you love her



- Treat her like she's all that matters to you.



- Stay up all night with her when she's sick.



- Watch her favorite movie with her or her favorite show even if you think it's stupid.



- Give her the world.



- Let her wear your clothes.



- When she's bored and sad, hang out with her.



- Let her know she's important.



- Kiss her in the pouring rain.



- When she runs up to you crying, the first thing you say is;

'Whose ass am I kicking baby?'



If you do post this in the next four minutes the one you love will :

Call you.

Kiss you.

Love you.

Text you.

Guys send as: 'I'd be this Boyfriend.'
Girls send as: 'A real Boyfriend

ပျော်ရွင်တဲ့စိတ်

တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင် သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။ လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။

လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင် ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို နတ်သားရှုရှိုက်လိုက်မိတယ်။

နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့ ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့ ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က နတ်သားဆီကို လွင့်လာခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊ လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ မပျော်ခဲ့ဘူး။

ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့ ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။ ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။

"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့

"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။

ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ" ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။

ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊ သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။

လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။ ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ?
လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။

ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ

မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။

ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား? ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ....

နိုင်းနိုင်းစနေ ပျော်ရွှင်ခံစား ဘာသာပြန်သည်။

ကျမတို့မိသားစု ဓါတ်ပုံလေးပါ
ဟိုတစ်နေ့က အိမ်နဲ့ဖုန်းလှမ်းပြောရင်းနဲ့
ရိုက်ထားတာ .ကျမမောင်လေးက ပဲပေးနေတာ
ရုပ်ကိုကြည့်ပါလား...

ယောကျာင်္းနဲ့မိန်းမ အကြောင်းသိကောင်းစရာ

> မိန်းမဆိုတာ...
>
> If you kiss her, you are not gentlemen
> သင်ကသူ့ကိုနမ်းလိုက်ရင်... သင်ဟာလူကြီးလူကောင်းမဆန်သူ
> If you don't, you are not a man
> မနမ်းတဲ့အခါ... သင်ဟာ ယောင်္ကျားမဟုတ်
> If you praise her, she thinks you are lying
> သင်ကသူ့ကိုချီးကျူးလိုက်ရင်... သင်လိမ်နေတယ်လို့ထင်တယ်..
> If you don't, you are good for nothing
> မချီးကျူးပဲနေပြန်တော့... သင်ဟာ အသုံးမကျတဲ့သူ...
> If you agree to all her likes, she is abusing
> သူမကြိုက်တာတွေကိုသင်အာလုံးသဘော
>
> တူရင်... သူမကောင်းပြောတော့မယ်
> If you don't you are not understanding
> သဘောမတူပဲနေပြန်တော့... သင်ဟာနားလည်းမှုမရှိသူ....
> If you visit her too often, she thinks it is boring
> သူဆီကိုသင်မကြာခဏအလည်သွားရင်... သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်...
> If you don't, she accuses you of double crossing
> မသွားပြန်ရင်တော့... အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်...
> If you are well dressed, she says you are a playboy
> သင်ကောင်းကောင်းမွန်မွန်ဝတ်စား
ထားရင်... သင်ဟာ စတိုင်များသူလို့ သူပြောမယ်
> If you don't, you are a dull boy
> မ၀တ်စားပြန်တော့... သင်ဟာ ခပ်တုံးတုံးကောင်
> If you are jealous, she says it's bad
> သင်က မနာလိုအူတိုဖြစ်ခဲ့ရင်... အဲဒါမကောင်းဘူးလို့ သူပြောမယ်...
> If you don't, she thinks you don't love her
> အလိုမဖြစ်ပြန်တော့... သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်
> If you attempt a romance, she says you didn't respect her
> သင်ကချစ်လို့တီတီတာတာလုပ်ရင်... သင်ကသူ့ကိုမလေးမစားလုပ်ပါတယ်လို့ ပြောမယ်..
> If you don't, she thinks you don't like her
> မလုပ်ပြန်တော့... သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်...
> If you kiss her once in a while, she professes you are cold
> သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်... သင်ဟာ သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..
> If you kiss her too many, she yells that you are taking advantage
> ခဏခဏနမ်းပြန်တော့... သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်တတ်နေမယ်..
> If you fail to help her in crossing the street, you lack ethics
> သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်... သင်ဟာ ယဉ်ကျေးမူမရှိသူ...
> If you do, she thinks it's just one of the man's tactics
> အလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်...
> If you stare at other, she accuses you of flirting
> သင်ကတခြားသူကိုငေးမိ၇င်... သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်
> If she is stared by others, she says that they are just admiring
> သူမကိုတခြားသူကငေးမိရင်တော့... လေးစားလို့ကြည့်တာပါလို့ ပြောမယ်...
> If she talks, she wants you to listen
> သူမစကားပြောတဲ့အခါ ... သင့်ကိုနားထောင်စေချင်တယ်...
> If you listen, she wants you to talk
> သင်နားထောင်တဲ့အခါ... သင်ကို စကားပြောစေချင်ပြန်ရော...
>
> In Short:
> အတိုချုပ်ရင်
> So simple, yet so complex
> ရိုးရှင်းသလောက် ရှုပ်ထွေးသူ
> So weak, yet so powerful
> အားနည်းသလောက် စွမ်းအားရှိသူ
> So confusing, yet so desirable ... women!
> စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ... မိန်းမ !!!!
>
> ယောက်ျားဆိုတာ...
>
> If you kiss him, he kisses you back
> သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
> If you don't, he patiently waits
> မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
> If you praise him, he says thanks you
> သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...
> If you don't, he feels secure in your love
> မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..
> If you agree to all his likes, you have met your fantasy man
> သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..
> If you don't, you still get along
> မကြိုက်ရင်လည်း... တပူးတွဲတွဲပါပဲ
> If you visit him often, he welcomes you every time
> သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်... သူကအမြဲတမ်း သင့်ကိုကြိုမယ်...
> If you don't, he'll visit you instead
> သင်ကသွားမလည်ရင်လည်း ...သူကသင့်ဆီကိုလာလည်မယ်...
> If you are well dressed, he says you are beautiful
> သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... မင်းအရမ်းလှတာပဲလို့ သူကပြောမယ်
> If you don't, you are still beautiful
> အလိုမ၀တ်စားရင်လည်း... မင်းဟာလှနေတုံးပါပဲ..
> If you are jealous, he reassures you and holds you
> သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်... သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်...
> If you're not, he gives you no reason to be
> မနာလိုမဖြစ်ရင်လည်း... ဘာမှပြောမှာမဟုတ်...
> If you kiss him once in a while, he's appreciative of your affection
> သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်... သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်...
> If you kiss him often, he will always have you on his mind
> မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်...
> If you stare at another man, he knows that you're only admiring
> သူမကတခြားသူတွေကို ငေးမိရင်... သူကလေးစားလို့ကြည့်တာလို့သိတယ်...
> If he is stared by other women you know why-he's one hot babe
> သူကိုတခြားမိန်းမကငေးရင်လည်း... သူမကလန်းလို့ ကြည့်တာ...
> If you talk, he'll always listen
> သူမစကားပြောရင်... သူအမြဲနားထောင်တယ်..
> If you listen, he'll tell you anything you want to know
> သင် နားထောင်ရင်... သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်...
>
> In short:
> အတိုချုပ်ရင်
> So complex, yet so direct
> ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
> So strong, yet so supportive
> ခွန်အားရှိသလို... အရမ်းပံပိုးသူ...
> So dazzling, yet so humble
> တောက်ပြောင်သလောက်... နှိမ့်ချတတ်သူ
> So passionate, yet so marvelous....MEN!
> စိတ်ပြင်းထန်သလို... အံသြဖွယ်ကောင်းသူ... ယောက်ျား...
>
>
> ဘ၀ဆိုတာ...
>
> Life is an opportunity, benefit from it.
> ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
> Life is a beauty, admire it.
> ဘ၀ဆိုတာ အလှတရား... လေးစားပါ...
> Life is a dream, realize it.
> ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
> Life is a challenge meet it.
> ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
> Life is a duty, complete it.
> ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
> Life is a game, play it.
> ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
> Life is a promise fulfill it.
> ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
> Life is sorrow, overcome it.
> ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
> Life is a song, sing it.
> ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
> Life is a struggle, accept it.
> ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
> Life is a tragedy confront it.
> ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
> Life is an adventure, dare it.
> ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
> Life is luck, make it.
> ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
> Life is life, fight for it."
> ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...

****ကျမ သူငယ်ချင်း နေလင်းလွင် ကိုကျေးဇူးတင်ပါတယ်****

သိကောင်းစရာ ၀က်တုတ်ကွေး

ဝက်တုပ်ကွေး ရောဂါသည် မျိုးရိုးဗီဇ ၄ မျိုး ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဗိုင်းရပ်စ်ပိုးသစ် ဖြစ်သည်။ ပထမအသုတ် ဆေးထုတ်လုပ်ရန်အတွက် ၆ လခန့် အချိန်ယူရမည်ဖြစ်ပြီး၊ ပမာဏများများအတွက် ယခုထက် အချိန် ပိုယူရမည် ဖြစ်သည်။ ဤရောဂါသည် ရောဂါဖြစ်ပွားသော ဝက်ကို ထိတွေ့ကိုင်တွယ်မိရာက ကူးစက်ခြင်းဖြစ်ကာ လူမှ လူသို့ ကူးစက်နိုင်သော ရောဂါဖြစ်သဖြင့် ဆားစ်အဆုတ်ရောဂါကဲ့သို့ပင် လျင်မြန်စွာ ကူးစက်ပွားမှု ဖြစ်နေသည်။ ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မက္ကဆီကို နိုင်ငံတွင် ဤတုပ်ကွေးကြောင့် လူ ၂ဝ အသက် ဆုံးရှုံးရသည်ကိုသာ အတည်ပြုနိုင်သော်လည်း စုစုပေါင်း ၁၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်း အစောပိုင်းက ကြေညာခဲ့သည်။ သေဆုံးသူများမှာ အသက် ၂ဝ နှစ်မှ ၅ဝ နှစ်ကြား ဖြစ်ကြသည်။

- အခြား နိုင်ငံအချို့တွင်လည်း ရောဂါဖြစ်ပွားသူများ တွေ့လာနေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဤရောဂါနှင့် ပတ်သက်၍ အဆင့် ၄ အဆင့်ဟု ကြေညာထားရာ လူမှ လူသို့ ကူးစက်မှု ဖြစ်ပွားနိုင်ပြီး လူမှု အဖွဲ့အစည်းအတွင်း ကပ်ဘေးအန္တရာယ် ဖြစ်လာနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

ဝက်တုပ်ကွေး၏ လက္ခဏာများ

- ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။

ရှောင်ရန်

အထက်ပါ ရောဂါလက္ခဏာဖြစ်လျှင် မိမိနေအိမ်တွင်သာ အနားယူရန်၊ လိုအပ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသ၍ ကုသမှုခံယူရန်၊ အဖျားကြီးခြင်း၊ ချောင်းဆိုးကြာရှည်ခြင်း၊ အသက်ရှူ ခက်ခဲ၍ မောပန်းခြင်း စသည့် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရလျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသရန် လိုအပ်သည်။

လူတိုင်းလိုက်နာ ဆောင်ရွက်သင့်သည်မှာ -

(၁) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း

(၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း

(၃) တကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ခြင်း

(၄) ကောင်းစွာ အိပ်စက်အနားယူခြင်း

(၅) အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း

(၆) ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း

(၇) လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း

တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနှင့် ပြုစုစောင့်ရှောက်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။

ဝက်မွေးမြူသူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများ လိုက်နာရန်

(၁) ဝက်များ၌ ဖျားနာသည့် လက္ခဏာများ တွေ့ရှိပါက လူနှင့် တိုက်ရိုက် မထိစေဘဲ လူနှင့် အနီးနား၌ မထားဘဲ သီးခြားထားရှိရန်

(၂) ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေ၊ လက်များ စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန်

(၃) နှာခေါင်း၊ ပါးစပ်အကာ လက်အိတ်များ အသုံးပြုကိုင်တွယ်သွားရန်

(၄) မကျန်းမာသော ဝက်များအား ဈေးကွက်သို့ ရောင်းချခြင်း မပြုရန်

(၅) မူရင်းဇစ်မြစ်မသိသော ဝက်များကို ရောင်းချခြင်း မပြုရန်၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော ဝက်များကို ဝယ်ယူရောင်းချခြင်း မပြုရန်

(၆) ဝက်သားနှင့် ဝက်သားထွက် ပစ္စည်းများကို ချက်ပြုတ်စားသောက်လိုလျှင် အပူချိန် ၇ဝံ င အထက် ချက်ပြုတ်စားသောက်ရန်
_________________________________________-

ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ
(Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။

Swine Flu ဆိုတာ ဘာလည်း။

Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus
အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်
ရာရောဂါ ဖြစ်ပါတယ်။
လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့်
ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။

Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။

Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊
လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်းခြင်း၊
မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊
အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ
့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။

Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်
ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu
ရောဂါရရှိထားသူ၏ နှာခေါင်း၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu
ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း
ကူးစက်နိုင်ပါတယ်။

Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။

ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ
မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး
နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက
မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး
အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန်
ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို
ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော
အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။

Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။

မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု
ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့် 
(သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။
မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော
လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ
ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော
စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက
လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ
ရှောင်သင့်ပါတယ်။

ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ
့သင့်ပါသလည်း။

Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို
ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက
လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။

- အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း
အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊
ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊
ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။

- Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင်
နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊
အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့ 
အမြန်သွားရောက် ပြသသင့်ပါတယ်။

Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့်
ကူးစက်နိုင်ပါသလား။

ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine
flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။

Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ
ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu
ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။

Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။

ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း
(အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး - သေဆုံးသူ
(၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊
အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။
__________________________________________-
Swine တုပ်ကွေး ဥရောပတိုက်သို့ပါ ပြန့်နှံ့လာ

Views : 332
Favoured : 2

ဝက်များတွင်သာ ဖြစ်ပွားတတ်သော Swine တုပ်ကွေးတစ်မျိုးသည် လူများကိုပါ ကူးစက်လျက်ရှိရာ အဓိကဖြစ်ပွားသည့် မက္ကဆီကိုနိုင်ငံတွင် သေဆုံးသူ ၁၀၃ ယောက်ထက်မနည်း ရှိလာနေပြီး အမေရိကန်၊ ကနေဒါတို့တွင်သာမက တိုက်ချင်းခြားလျက်ရှိသော ဥရောပတိုက် စပိန်နိုင်ငံတွင်ပါ ဖြစ်ပွားလာနေသည်ဟု သတင်းများအရ သိရသည်။

မက္ကဆီကို နိုင်ငံနှင့် အမေရိကတိုက်တွင် ဖြစ်ပွားနေသော Swine တုပ်ကွေးရောဂါ ခံစားနေရသူတစ်ဦးကို စပိန်နိုင်ငံတွင် တွေ့ရှိခဲ့ပြီးနောက် ဥရောပနှင့် အာရှဒေသများအတွက်ပါ စိုးရိမ်စရာဖြစ်လာခဲ့ပြီး သက်ဆိုင်ရာ အစိုးရများနှင့် အဖွဲ့အစည်းများက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် နှိုးဆော်လျက်ရှိသည်။ Swine တုပ်ကွေးကြောင့် မက္ကဆီကို တစ်နိုင်ငံတည်းတွင် သေဆုံးသူ ၁၀၃ ဦးရှိပြီဖြစ်ပြီး သံသယရှိဖွယ်ရာ ဖျားနာနေသူ ၁၆၀၄ ဦးရှိသည်ဟု မက္ကဆီကို ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၅ ခုတွင်လည်း ရောဂါဖြစ်ပွားနေသူ ၂၀ ဦးရှိသည်ဟု ရောဂါထိန်းချုပ်ရေးအဖွဲ့က ကြေညာခဲ့ပြီး ကနေဒါနိုင်ငံတွင် ၆ ဦးရှိသည်ဟု သိရသည်။ စပိန်နိုင်ငံတွင် တွေ့ရှိရသည့် ရောဂါကူးစက်ခံ အမျိုးသားမှာ မက္ကဆီကိုမှ ပြန်လာသူဖြစ်သည်ဟု ဆိုသည်။

ဥရောပသမဂ္ဂက ဥရောပ ကျန်းမာရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးဆင့်ခေါ်ခဲ့ပြီး ရောဂါကူးစက်လာမှု တားဆီးရန် ဆွေးနွေးမှုများ အပူတပြင်း ပြုလုပ်ခဲ့ကြသည်။ အမေရိကန် သမ္မတ အိုဘားမားကလည်း အချိန်မဆိုင်းဘဲ အထိရောက်ဆုံး ကာကွယ်ကုသသွားရန် တိုက်တွန်းလိုက်သည်။ အမေရိကန်တွင် တနင်္ဂနွေနေ့ကတည်းက ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပြီးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (W.H.O) ကလည်း ကမ္ဘာအနှံ့ပြန့်နှံ့ ထိခိုက်နိုင်သည့် တုပ်ကွေးအဖြစ် အထူးသတိပေးလျက်ရှိသည်။ မက္ကဆီကိုနိုင်ငံတွင် ရောဂါကူးစက်မှုအတွက် လူထူထပ်သော နေရာများကို ရှောင်ကြဉ်ကြရန် သတိပေးပြီးနောက် လမ်းမများတွင် ခြောက်ကပ်လျက်ရှိသည်။ မက္ကဆီကိုတွင် တနင်္ဂနွေက ကျင်းပသွားသော ဘောလုံးပွဲကိုလည်း ပရိသတ်ကြည့်ခွင့် မပေးခဲ့ဘဲ ကွင်းပိတ်ကစားသွားခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ်နှင့် ရုရှားနိုင်ငံတို့က မက္ကဆီကို၊ အမေရိကန်နှင့် အမေရိကနိုင်ငံများမှ ဝက်သားများ တင်သွင်းခြင်းကို ယာယီပိတ်ပင်ထားလိုက်သည်။ ထိုနိုင်ငံများမှ ပြန်လာသူများကိုလည်း လေဆိပ်တွင် ကျန်းမာရေးစစ်ဆေးခြင်းကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြုလုပ်လျက်ရှိသည်။ ရောဂါကူးစက်လျက်ရှိသော နိုင်ငံများနှင့် နီးစပ်ရာနိုင်ငံများတွင် လမ်းသွားပါက ပါးစပ်နှင့် နှာခေါင်းကို ကာကွယ်သည့် မျက်နှာဖုံးများ တပ်ဆင်ကြရန် သတိပေးထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြည်သူများကို အချင်းချင်း ဖက်ခြင်း၊ နမ်းရှုံ့ခြင်း မပြုလုပ်ကြရန် သတိပေးထားသည်ဟု ဒေသဆိုင်ရာ AFP သတင်းတစ်ပုဒ်တွင် ပါရှိသည်။

Swine တုပ်ကွေးသည် မတ်လမှ စတင်၍ မက္ကဆီကို နိုင်ငံတွင် ဖြစ်ပွားနေခဲ့ကာ လူများကို ကူးစက်လျက်ရှိပြီး လျင်မြန်စွာ ပြန့်ပွားနေကြောင်း ယခုလ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ ရောဂါခံစားရသူသည် အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းများ ခံစားရသည်ဟု သိရသည်။ အဆိုပါတုပ်ကွေးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများမှ တဆင့် ကူးစက်နိုင်သည်။

(ရောဂါလက္ခဏာများကို http://upload.wikimedia.org/wikipedia/commons/0/09/Symptoms_of_swine_flu.svg တွင်ကြည့်နိုင်ပါသည်)