အရင်က နင့်ကို သတိရတိုင်း နင်ပို့ထားတဲ့ မေးလ်တွေ ဓါတ်ပုံတွေ ကြည့်နေမိတယ်
နင့်မေးလ်များ ရောက်နေမလားဆိုပြီး မေးလ်စစ်ရတာလဲ အမောပါပဲ
သံယောဇဉ် မပြတ်သေးဘူး ဆိုပေမယ့် နင်အကြောင်းတွေးလိုက်တိုင်း သက်ပြင်းချနေမိတာလဲအမောပါပဲ
J ရေ နင်ပြောခဲ့သလို ငါတို့ကဘယ်တော့မှ နီးစပ် ဖို့မမြင်တော့ပါဘူး
နင်နဲ့ပတ်သက်ခဲ့တဲ့ အတိတ်တွေကို ငါသိမ်းထားပါ့မယ်
ငါတို့တွေအခုဆိုတော်တော်ကြီးကိုဝေးသွားခဲ့ပြီ
နောက်ဆို နင်လဲ နင့်ဘ၀နဲ့ နင် ငါလဲငါ့ဘ၀နဲ့ ငါ
လမ်းမှာတွေ့ခဲ့ရင်တောင် ငါ့ကိုနှုတ်မဆက်ပါနဲ့တော့ J
ငါတို့ မသိချင်ယောင်ပဲ ဆောင်နေကြရအောင်
ဘာပဲဖြစ်ဖြစ် နင့်ကိုငါ ကျေးဇူးတင်ပါတယ်
အစစအရာရာတိုင်းအတွက်ပေါ့
No comments:
Post a Comment