Monday, May 28, 2012

Dear J

ချစ်ခဲ့တာလား ဒါမှမဟုတ် အချစ်ကို ငါရူးခဲ့တာလား
အရင်လို နင်မရှိတော့ ငါတစ်ယောက်ထဲ ဘယ်လိုနေရမလဲမသိဘူး
အသက်ရှုလိုက်တိုင်း ငိုချင်နေတဲ့အငွေ့အသက်ကလေးက ကျီဆယ်နေတယ်
လုပ်သမျှအလုပ်တိုင်းကို စိတ်မ၀င်စားဘဲနဲ့ ငါငိုချင်နေမိတယ်
နင့်နဲ့ပတ်သက်သမျှအရာအားလုံးကို ဖျက်သိမ်းပြီးတဲ့နောက်
ငါ့မှာ ငါ့ရင်ထဲမှာ Black hole ကြီးဖြစ်သွားခဲ့တယ်
အချိန်တွေကြာလာတာနဲ့အမျှ အဲဒီအရာက နက်နက်လာတယ်
နောင်တစ်ချိန် အတိတ်ကိုအပြုံးနဲ့ပြောနိုင်တဲ့အချိန်မှ ငါတို့ပြန်တွေ့ရအောင် 

No comments: