Saturday, May 5, 2012

ချစ်သော J

အရင်တုန်းက ငါတို့ ပြဿနာတစ်ခုကို  ရီစရာလို့သဘောထားခဲ့တယ်
ငါတို့ ဖြေရှင်းနိုင်တယ်ဆိုပြီး ဘာမှမဖြစ်သလိုမေ့ထားခဲ့တယ်
အချိန်တွေကြာလာတာနဲ့အမျှ ငါတို့ရဲ့ပြဿနာ ကို မဖြေရှင်းနိုင်ခဲ့ဘူး
J ရေ အခုဆို ငါ့ မှာ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ ယုံကြည်ချက်မရှိတော့ဘူး
နင်လဲ မဖြေရှင်းချင်တော့ဘူး ထင်ပါတယ်
အခု ငါတစ်ယောက်ထဲပြန်ဖြစ်သွားပြီ
ဘယ်လိုကနေ ဘယ်လို ပြန်စရတော့မလဲ ငါမသိတော့ဘူး

No comments: