ဖုံးကွယ်ထား သောအရာများကိုအလွန်အမင်း
ဖွင့်ကြည်လိုသော လူအမျိုးအစား တွင် ကျမမပါဝင်ပါ။
ရှားပါးသောအရာကိုသာချစ်တတ်သည်။
ဖဲကြိုးတပ်ဆံပင်ဖြင့်ဘယ်သောအခါမှခေါင်းမငုံတတ်သော
ကောင်မလေးသည်
ကျမဖြစ်သည်။
မဆုံးဖြတ်ရဲသဖြင့်ဆုံးရှုံးရခြင်းထက်
အဆုံးအဖြတ် မှားသဖြင့် ဆုံရှုံးရသော
ဇာတ်လိုက်များကိုပိုကြိုက်သည်။
ရံဖန်ရံခါတွင် လျစ်လျူရှုတတ်သည်။
သည်းခံစိတ်ရှည်နိုင်စွမ်းသူ၊သူတစ်ပါးလိုက်လျောတတ်လွန်းသူ
သို့သော် လက်စားချေတတ်သူဖြစ်သည်။
တစ်ခါတစ်ရံ
အလွန်အစွဲအလမ်းကြီးလွန်းသူဖြစ်သည်။
ဘာစကားမှမပြောဘဲဘေးထိုင်တွေးနေတတ်သူလဲဖြစ်သည်။
သူများအကြောင်းကိုကိုယ့်အကြောင်းလောက်စိတ်မ၀င်စားတတ်သူဖြစ်သည်။
ကြွားပြောတတ်သူများ ၊
အိုဗာအက်တင် လုပ်သူများကိုတွေ့မြင်မိလျှင်
မျက်စိနှင့်နားအဆိပ်သင့်နေတတ်သူဖြစ်သည်။
ကျမကိုနားလည်သည်ဟုပြောသူများသည်
အကြီးအကျယ်
လိမ်ညာနေ ခြင်းသာဖြစ်သည်။
ကျမသည်တစ်စုံတစ်ယောက်အတွက်
ပြဌာန်းစာအုပ်မဟုတ်ပါ။
ကျမကိုဖတ်ရှုရန်ဘယ်သူ့မှာမှအဘိဓါန်မရှိ။
လူဆိုသည်မှာကိုယ့်လွတ်လပ်ခွင့်ကို
စော်ကားလျှင် လက်တုန့်ပြန်သင့်သည်
မဟုတ်ပါလား။
တစ်ခါတစ်ရံ
အေးစက်စက်နိုင်လွန်းသဖြင့် အများစုသည်
ကျမကိုစိတ်ပျက်တတ်သည်။
သို့သော်
ထိုလူများကိုလဲကျမဂရုမစိုက်ပါ။
ကျမ၏အမှန်တကယ်စိတ်ထားကို
သိသည်ဟုပြောသောသူများသည် ၂၀%သော
ကျမ၏အစစ်အမှန်ကိုသိသူများဖြစ်သည်။
ကျန်သော
၈၀%ကိုဘယ်သူမှမသိကြပါ။
ကျမသည်အေးအေးနေတတ်ပါသည်။
လိုက်လျောညီထွေဖြစ်အောင်ဘယ်သောအခါမှမကြိုးစားပါ။
ထိုသို့လုပ်ရခြင်းကိုလဲစိတ်မ၀င်စားပါ။
သို့သော်
ကျမသည်နှလုံးသားနှင့်သာနားထောင်တတ်ပါသည်။
အရာအားလုံးကို
နှလုံးသားဖြင့်သာခံစားပါသည်။
ကျမသည် ထိုသို့သော ကောင်မလေး တစ်ယောက်ဖြစ်ပါသည်။
No comments:
Post a Comment