Wednesday, March 6, 2013

ကောင်မလေးတွေ ဖတ်ဖို့ ဘ၀ အပိုင်းအစ

ကောင်မလေး ဖတ်ဖို့....

၁။မိန်းကလေးတစ်ယောက်အတွက် ပထမဦးဆုံး ကိုယ့်ရဲ့ ကိုယ်အလှအပကို မြတ်နိုးတဲ့ ယောက်ျားလေးနဲ့ တွေ့ပြီဆိုရင်တော့... မိမိအနေနဲ့  ကြီးမားသော ဆုံးရှုံးမှုပါပဲ.....

၂။ မိမိရဲ့ ဘေးမှာ ဘယ်လိုယောက်ျားလေးနဲ့ အတူတူရှိတယ်ဆိုတာကို ကြည့်ပြီး ... ကိုယ်ဟာ ဘယ်လိုမိန်းကလေးဆိုတာ သိနိုင်ပါတယ်.... ဒါကြောင့် မိန်းကလေးတွေရဲ့ အအောင်မြင်ဆုံး လုပ်ရပ်က မှန်ကန်တဲ့ ဘ၀လက်တွဲဖော်ကို ရွေးချယ်ခြင်းပါပဲ....

၃။ ကောင်လေးတစ်ယောက် သင့်ကိုချစ်တဲ့အခါ... မိမိအနေနဲ့ သူ့ရဲ့ ဂရုစိုက်မှုကို အသေးစိတ်ကစလို့ ခံစားသိရှိနိုင်ပါတယ်...အတူတူပါပဲ... သူ မချစ်တော့ဘူးဆိုရင်လဲ...အဲဒီ အသေးအမွှားကိစ္စတွေထဲမှာပဲ သူ့ရဲ့ အပြုအမူတွေကို သတိထားမိနိုင်ပါတယ်....

၎။ ကောင်လေးတစ်ယောက် ဆိုးလားကောင်းလားဆိုတာသိချင်ရင် အရင်ဆုံး သူနဲ့ ဆက်ဆံတဲ့ မိတ်ဆွေတွေကို လေ့လာကြည့်သင့်ပါတယ်....

၅။ မိန်းကလေးအချင်းချင်းရဲ့ ပေါင်းသင်းဆက်ဆံမှုဟာ...ဆက်ဖို့လွယ်သလို...ပြတ်ဖို့လဲလွယ်ပါတယ်.... ချစ်သူနှစ်ယောက်၇ဲ့  ပေါင်းသင်းဆက်ဆံရေးမှာတော့ ဒီလိုလုပ်လို့ မရပါဘူး... ဒါကြောင့် မိမိတို့ ချစ်သူနှစ်ဦးကြားက သံယောဇဉ်ကို တန်ဖိုးထားပါ....

၆။ မိမိအလှပြင်ပစ္စည်းဝယ်မဲ့ ပိုက်ဆံနဲ့ အောက်က စာကြောင်းလေး နှစ်ကြောင်းကို ၀ယ်ယူပါ... လှပတဲ့အရာဆိုတာ လူတွေအမြင်မှာ တစ်ခဏစာ တောက်ပမှု ပါပဲ.... မြင့်မြတ်တဲ့ စိတ်ထားကသာ လူတွေ မိမိကို ထာဝရ အမှတ်ရစေမှာပါ...

၇။ လိမ်ညာတဲ့ ယောက်ျားလေးတွေက မိမိရဲ့ အပေါ်ယံအလှကို ပဲ မြတ်နိုးပါတယ်... စစ်မှန်တဲ့ ကောင်လေးတွေကတော့ မိမိရဲ့ နှလုံးသားကို တန်ဖိုးထားပါတယ်....

၈။ ကောင်လေးတွေက မိမိထင်သလို အရမ်းကောင်းတယ်ဆိုတာ ရှားပါတယ်... ဒါကြောင့် တကယ်ချစ်ပါ... အလွန်တော့ မချစ်မိပါစေနဲ့...အချစ်ဆိုတဲ့ အရာအတွက် မိမိမှာ ဆုံးရှုံးမှု ဒါမှမဟုတ် နာကျင်တဲ့ နောင်တ တရားတွေ ရတဲ့ အခါမှ လက်လွှတ်ဖို့ မလွယ်ကူတာမျိုး ဖြစ်တတ်ပါတယ်....

၉။ ကောင်လေးတွေရဲ့ စကားတွေကို ချိုသာတိုင်း မယုံပါနဲ့....သူတို့ကြိုက်တဲ့ ကောင်မလေးတွေ ရှေ့မှာ ကောင်လေးတွေဟာ များသောအားဖြင့် ကဗျာဆရာ ဖြစ်သွားတတ်ပါတယ်...ကဗျာဆရာတွေဟာ လက်တွေ့ဘ၀မှာ ကဗျာထဲကအတိုင်း အသက်ရှင်ရပ်တည်ဖို့ ခက်ခဲတတ်ပါတယ်....

၁၀။ မိမိရဲ့ အလှကို ငွေနဲ့ မျှားတဲ့ ယောက်ျားလေးတွေကိုလည်း သတိထားပါ... သူတို့ကို အထင်ကြီးမိခြင်းနဲ့ အတူ အောင်မြင်မှုကို တပ်မက်ရာက နာကျင်ခြင်းကို လက်ဝယ်ပိုက်ရတတ်ပါတယ်....

၁၁။ ဒီလောကမှာ မိမိရဲ့ အချစ်ရဲ့ အထိုက်တန်ဆုံးသူက မိဘနဲ့ မိမိကိုယ်တိုင်ပါပဲ....

၁၂။ အချစ်စစ်ဆိုတာ တောင်းဆိုတိုင်းရတာမဟုတ်ပါဘူး... ဒါကြောင့် ယောကျာ်းလေးတွေ မိမိကို လိုက်နေတယ်ဆိုတိုင်း အစစ်လို့ မထင်ပါနဲ့... ဒါပေမဲ့ သူ မိမိအပေါ်မှာ ဘယ်လောက် အစမ်းသပ်ခံနိုင်လဲ ဆိုတာတော့ အေ၇းကြီးပါတယ်...

၁၃။ မာနကြီးတဲ့ သူအချင်းချင်းဆုံတွေ့တဲ့အခါ...နောက်ဆုံးမှာ တစ်ယောက်ယောက်တော့ အရှုံးပေးရတတ်ပါတယ်... ဒါပေမဲ့ မာနကြီးတဲ့ ယောက်ျားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုတော့ သိပ်မာန မချပါနဲ့....အပြန်အလှန်လေးစားမှုကို တည်ဆောက်သင့်ပါတယ်...

၁၄။ မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာ အမြဲ မြည်တွန်ပြစ်တင်ဝေဖန်နေဖို့ မဟုတ်ပါဘူး....

၁၅။ မိန်းကလေးတွေ အတွက် အချစ်ဆိုတာ စိတ်ကို အရင်းပြုပြီး ဂရုစိုက်ရတဲ့ စီမံခန့်ခွဲမှု တစ်ခုလို့ပြောလို့ရသလို... အနုပညာဆန်တဲ့ ပစ္စည်းတစ်ခုဆိုလဲ မမှားပါဘူး.....

စာချစ်သူများအား ကျေးဇူးတင်ပါသည်...

စာပေခရီးသွားခြေလှမ်းများ

No comments: