Wednesday, March 6, 2013

“ရေရှည်ကြည့်ပြီးရွေးချယ်ပါ”

ကိုယ့်ဘဝမှာ ရေရှည် စိတ်ကျေနပ်မှု၊ စိတ်ပျော်ရွှင်မှု၊ စိတ်ရဲ့လုံခြုံမှု၊ အေးချမ်းမှုကို ပေးနိုင်တဲ့အရာတွေဟာ public opnion လို့ခေါ်တဲ့ ဘာမှမခိုင်မြဲတဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်တတ်တဲ့ အများရဲ့ အထင်အမြင်၊ အထင်ကြီးမှု၊ အထင်သေးမှု၊ ဝေဖန်မှုတွေနဲ့ ဘာမှမဆိုင်ဘူး။ သူများကိုယ့်ကို အထင်ကြီးလို့ ပျော်ရတယ်ဆိုတာ….. သူတို့အထင်ကြီးတာလည်း ခဏပဲ။ သူတို့အထင်ကြီးလို့ ပျော်ရတယ်ဆိုတာလည်း ခဏပဲ။
ကိုယ့်ဘဝမှာ ရေရှည် စိတ်ကျေနပ်မှု၊ စိတ်အေးချမ်းမှုရမယ့် အလုပ်မျိုးကို ပိုပြီးဦးစားပေး စဉ်းစားပြီးတော့ လုပ်သင့်တယ်။ ခဏလောက်ပဲ သူများအထင်ကြီးမယ့်ကိစ္စ၊ ခဏလောက်ပဲ သူများ ချီးမွမ်းတာခံရမယ့်ကိစ္စကို အချိန်တွေ အကုန်ခံပြီးတော့ လုပ်နေဖို့ မသင့်ဘူး။
ဆရာတော်ဦးဇောတိက

No comments: