Wednesday, June 17, 2015

အသက်တွေကြီးလာတော့
ကျမတို့ ပတ်ဝန်းကျင်မှာ အပေါင်းအသင်းဆိုတာရှားပါးလာပါတယ်
အရင်ကတွဲဖြစ်တဲ့ ငယ်သူငယ်ချင်းတွေကလွဲလို့
အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်တွေနဲ့တောင်ရင်းနှီးမှုက မတူပါဘူး။
ကျမတို့ပတ်ဝန်းကျင်မှာ လူတွေက ပုံစံအမျိုးမျိုးနဲ့ရှိနေကြတော့
တစ်ခါတစ်ရံစိတ်အခန့်မသင့်တဲ့အခါ ကျမတစ်ယောက်ထဲ ဒေါသထွက်နေတဲ့အချိန်တွေ
ရှိခဲ့ဖူးပါတယ်။
နောက်ပိုင်း ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်တော့ ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေမှာ
ကျမကိုယ်တိုင်ပေါက်ကွဲနေတတ်တာ မြင်လာတော့ တော်ရုံကိစ္စတွေဆိုရင် ကျမသိပ်ပြီးစိတ်ထဲ
ထားမနေတော့ဘူး။
နေရတဲ့အချိန်ခဏလေးများ စိတ်ချမ်းချမ်းသာသာလေးနဲ့ကိုယ်တတ်နိုင်တာလေးတွေကိုကြိုးစားလုပ်ကိုင်ရင်း
ညတွေမှာအေးအေးချမ်းချမ်းအိပ်ပျော်ချင်ပါတယ်။
ဘာဆိုဘာအတွက်နဲ့မှမပူလောင်တဲ့ဘ၀လေးကိုရပြီးတဲ့နောက်ပိုင်း ကျမဘယ်သူ့အတွက်နဲ့
ဘယ်သူ့ကြောင့် ဘာအကြောင်းကြောင့်မှ စိတ်ဆိုး စိတ်ကွက် စိတ်မနာနေတော့ပါဘူး။
လူဆိုတာကလဲ သေမျိုးကိုး ဘ၀တာချိုချိုလေးမှာ အေးရာအေးကြောင်းပဲ နေချင်ပါတယ်။
လောဘမရှိဘူးလို့တော့မထင်လိုက်ပါနဲ့ ကျမမှာလဲရှိသင့်တဲ့လောဘနဲ့ဒေါသကလဲ သူ့အနေရာအလိုက်။
ဘာပဲဖြစ်ဖြစ်ပါ လူဆိုတာက ကိုယ်ကိုကိုယ်ရဲ့ ပျော်ရွှင်မှုက ဘယ်သူ့အပေါ်မှာမှမမှီခိုဖို့ပဲလိုပါတယ်။

No comments: