ငါပြန်ဖို့အထုပ်တွေရှင်းရင်းနဲ့မထင်မှတ်ပဲနင့်ဓါတ်ပုံနှစ်ပုံကိုတွေ့မိတယ်
အဲဒီဓါတ်ပုံလေးရဲ့ သမိုင်းကြောင်းကိုပြန်တွေးမိတော့ ငါမျက်ရည်ဝဲမိတယ်
ငါအမှိုက်ပုံးထဲမပစ်ရက်ဘူး
ငါ့ပိုက်ဆံအိတ်ထဲကိုထည့်ထားတယ်
ငါရဲ့အနီးဆုံးမှာထားချင်ပေမယ့် မရှိတော့တဲ့နင့်အတွက်ငါ့ရင်ခုန်သံတွေကိုတော့
နင့်အတွက်ထားပါရစေ
ဒီနေ့ည လအရမ်းသာတာပဲ ညီရယ်
လူပြောများနေတဲ့ Super Moon နေ့ပေါ့
ငါလမင်းကြီးကိုကြည့်နေမိတယ် နင်များကြည့်နေမလားလို့ပေါ့ငါတို့အကြည့်တွေတစ်နေရာမှာဆုံနိုင်ကောင်းပါရဲ့နော် ညီ
အမှန်အတိုင်းဝန်ခံရရင် နင့်ကိုငါလိုအပ်တယ်
နင်နောက်ဆုံးပြောသွားတဲ့စကားလိုပေါ့
ငါ့နင့်ကိုလိုအပ်သလို တစ်နေ့နင်လဲငါ့ကိုလိုအပ်မှာလို့လေ
ငါတကယ်ကိုလိုအပ်ပေမယ့် ငါ့မာနခွင့်မပြုဘူးဖြစ်နေတယ် ညီ
အဲလို ခေါင်းမာတတ်တဲ့ အမိုက်အမဲကောင်မလေးကို ခွင့်လွတ်ပြီးပြန်လာခဲ့ပါညီ
ငါသိပ်ကိုအားငယ်နေတယ် ညီ တစ်ယောာက်ထဲလဲ ကြောက်နေမိတယ်
နင်ကငါ့ဘ၀ရဲ့ forever hideout ဆိုတာ မေ့နေလျော့သလား
သူများတကာတွေနဲ့ မတူတဲ့ ငါ့ဘ၀ကိုနင်သိသားနဲ့ နင်ကာကွယ်ပေးခဲ့ရဲ့သားနဲ့
အခုမှဘာလို့များငါ့ကိုပစ်ခါသွားရတာလဲ ညီ
အရင်လိုပဲနင့်ဘက်ကစတောင်းပန်ပြီး ငါ့ဆီပြန်လာပါ ညီ
ငါတစ်ယောက်ထဲအမှောင်ညတွေကိုကြောက်လို့ပါ
ညီ ပြန်လာခဲ့ပါ ။
No comments:
Post a Comment