မင်္ဂလာနံနက်ခင်းပါ ညီ
စောစောစီးစီးမနက်ခင်းမှာ ပထမဦးဆုံး နင့်ကိုသတိရတယ်
ငါ့ဖုန်းက vibrate လုပ်ထားတာလဲမရဘူး
ငါ့သူငယ်ချင်းတစ်ချို့ FB message ပို့နေတာနဲ့ ငါလန့်နိုးလာတယ်
ငါလေးနာရီပဲအိပ်ရသေးတယ် ညီ
မနေ့က ငါအပြင်မှာ အမေနဲ့ သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားဖြစ်တယ်
မှိုကလေးတွေနဲ့ ဓါတ်ပုံရိုက်ခဲ့တယ် ညီ
ငါ့ဦးလေးကတောင် မေးသေးတယ် နင်နေကောင်းရဲ့လားတဲ့
ငါတို့ဇာတ်လမ်းကပြီးသွားပေမယ့် ငါ့မိသားစုဝင်တွေက နင့်ကိုသတိရပါသေးတယ် ညီ
နင်ကသိပ်ကိုရိုးသားပြီးကြိုးစားတဲ့ကောင်ကလေးလို့ ငါ့ဦးလေးကခဏခဏပြောဖူးတာမှတ်မိတယ်
ငါ့မောင်ကတော့ နင်က လူရွင်တော်နဲ့တူယ်လို့ ပြောဖူးတာ နင်သိရင် ရီနေမလားမသိ အခုအဲဒီရိုးသားတဲ့ကောင်လေးကို ငါရှာမတွေ့တော့ဘူး
ဘယ်လိုရှာရှာ မတွေ့တော့တဲ့အဆုံး ငါလက်လျှော့လိုက်ပြီ နင်နဲ့ပတ်သက်သမျှကို
အရင်လိုပဲ တစိမ်းတွေပြန်ဖြစ်သွားပြီပေါ့ ညီ
ဘာပဲဖြစ်ဖြစ်ပါ ညီ ငါကတော့ နင်ပျော်ရွင်နေတာကိုပဲ မြင်ချင်တယ်
အရင်လို နင့်ကိုငါအစအဆုံး ဂရုမစိုက်နိုင်တော့ နင်အနားမှာ အရိပ်တစ်ခုလို ဂရုစိုက်ပေးနိုင်မယ့်
နင်အလေးထားရတဲ့ တစ်စုံတစ်ယောက်ရှိရင် ငါကျေနပ်ပါပြီ ညီ
ငါလက်လျှော့လိုက်ပြီ ညီ
နင်ပြောသလိုပေါ့ ငါတို့ဇာတ်လမ်းကပြီးသွားပြီပဲ
ငါ့ကို နောက်တစ်ခါ အီးမေးလ်တွေထပ်မပို့ပါနဲ့တော့ ညီ
ငါ့ဘလော့ကိုလဲ နင်ဝင်မဖတ်ပါနဲ့တော့
နင့်အကြောင်းတွေပေါက်ကရတွေဘာလို့ရေးတာလဲဆိုပြီး ငါ့ကိုမမေးပါနဲ့ညီ
ငါတို့ဘာသာစကားကိုလဲဆက်မသင်ပါနဲ့တော့ ညီ
ငါတို့ ယဉ်ကျေးမှုကိုလဲ ဆက်မလေ့လာပါနဲ့တော့ ညီ
ငါ့တို့တိုင်းပြည်အရေးကိစ္စတွေကိုလဲ စိတ်မ၀င်စားပါနဲ့တော့ ညီ
ဘာဆိုဘာမှ ငါနဲ့ပတ်သက်သမျှကို စိတ်မ၀င်စားပါနဲ့တော့ ညီ
ငါ့ဓါတ်ပုံတွေဖျက်လိုက်ပါတော့ညီ
နောက်ဆုံးရိုက်ထားတဲ့ နင်ရယ် ငါရယ် ငါ့အမေရယ် အဲဒီဓါတ်ပုံကိုလဲ ဖျက်လိုက်ပါညီ
ငါ့အကောင့်တွေလဲ ဖျက်လိုက်ပါတော့ညီ
အရာအားလုံး နင့်ဘ၀မှာ ငါနဲ့ ပတ်သက်သမျှကို အပြီးတိုင်ဖျက်လိုက်ပါတော့ ညီ ။
ငါသိပ်ချစ်ရတဲ့ နေရောင်ခြည်တွေနဲ့ လုလင်ပျို
ဒီဘ၀တော့ ဒီမျှနဲ့အပြီးသတ်ပါရစေ ။
No comments:
Post a Comment