Saturday, August 16, 2014

(no title)

အရင်လိုအဆွေးသီချင်းတွေ နားထောင်ရင်း ...
အခုဖွင့်နေတဲ့ သီချင်းက Good Bye My love တဲ့
break -time မှာ ငါတစ်ယောက်ထဲ ထမင်းစားရင်း သီချင်းရဲ့ စာသားတွေကိုခံစားရင်း သက်ပြင်းချမိတယ် 
နေ့ကမှောင်လွန်းလို့ ငါ့အရိပ်တောင် ငါမမြင်ရဘူး
မျက်ရည်တစ်စက်ရဲ့တန်ဖိုးကိုပြောပြပါ 
မသိသေးတဲ့ အခြားတစ်ဘက်ရဲ့အမှောင်
သူက ကျမဘဝရဲ့ဖြစ်တည်မှု
..........
အားရင် စာအုပ်အကြောင်းတွေဆွေးနွေးရအောင် 
ညနေပိုင်း Green tea သောက်ဖြစ်သေးလား
အရင်လို diet လုပ်သေးလား
ဘာသီချင်းတွေ နားထောင်ဖြစ်လဲ 
ငါ ညနေလာခဲ့မယ် လမ်းလျှောက်ထွက်ရအောင်
မျက်မှန်ကလေးနဲ့ မျက်လုံး ညိုညိုနဲ့ကောင်မလေးပြုံးနေတာကို မြင်ချင်တယ်
အိမ်ပြန်ရောက်ရင်ဖုန်းဆက်နော် ငါစိတ်ပူလို့ 
အစပ်တွေမစားနဲ့ နင့်အစာအိမ်က ကောင်းတာမဟုတ်ဘူး 
black coffee ကို သကြားထည့်သောက် ခါးခါးကြီးမသောက်နဲ့
ညနေဘက်ရေချိုးရင်မကြာစေနဲ့ ဖျားလိမ့်မယ် 

ဘာလို့ ငါ့ကို အဆက်အသွယ်ဖြတ်ရတာလဲ
နင်ငါ့ကို ချစ်တယ်လေ ဘာလို့လဲ
ငါနင့်ကိုလိုအပ်သလိုတစ်နေ့နင်လဲငါ့ကိုလိုအပ်လာလိမ့်မယ်
အရင်လို စိတ်ပူပြီးပြောတတ်တဲ့ နင့်ကို သတိရတယ်
မကြားဖြစ်တာကြာပေမယ့် စကားတွေက မဆွေးသေးဘူး ညီ 
ငါပြောနေကျ စကားပဲပြောတော့မယ် 

 Ps .RJ  ,I love you .





No comments: