Sunday, December 6, 2015

Thursday, November 5, 2015

Sunday, November 1, 2015

Dad , when I count my blesdings 
I count you twice 
Miss you , daddy .

Monday, October 26, 2015

I am imagine that how you sleep in day time after your duty off and how you eat , how you laugh and how you feel the nature . 
I  am curious how's the way you live .
I just think about you and miss u.

Wednesday, October 21, 2015

တစ်ခါတစ်လေကျတော့လဲ မျှော်လင့်တိုင်းလွဲတတ်လွန်းတော့
ကျမသည် ဘာကိုမှမမျှော်လင့်ချင်လောက်အောင် နာကျင်နေရပါပီ ။

feeling so down ::::

Thursday, October 15, 2015

ငါဒီလိုပြောခဲ့တာ မှတ်မိသေးလား
နင်စွန့်လွှတ်ခဲ့တဲ့ ငါကလွန်ခဲ့တဲ့ ငါးနှစ်အချိန်အတွင်း တစ်နေ့မှ မမေ့ခဲ့ဖူးဘူး 
နင့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ ယုံကြည်မှု တွယ်တာမှုတွေကို အရင်တုန်းကအတိုင်းပဲ ရှိခဲ့တယ်။
ဒါပေမယ့်အဲဒီလိုပဲ နင့်အပေါ်ထားတဲ့ အမုန်းတရား နာကျည်းမှု စိတ်ဒဏ်ရာတွေကလဲ ကုန်လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကြီးမားလာခဲ့တယ်။
ငါစောင့်စားနေတုန်းကမလာခဲ့ဘဲ ခုမှပေါ်လာခဲ့တဲ့နင့်ကို အံ့သြမှု မယုံကြည်နိုင်မှု စိုးရွံ့မှုတွေနဲ့ ငါ လက်မခံနိုင်တော့ဘူး။ 
ငါတို့ဘယ်တုန်းကမှမသိတဲ့လူတွေလို နေကြရအောင်။

Thursday, September 24, 2015

ငယ်ငယ်ကတည်းက စိတ်ဝင်စားလာခဲ့တဲ့ငယ်သူငယ်ချင်းလေးကို မမျှော်လင့်ဘဲ ပြန်တွေ့ရတယ် ။ အချိန်တွေကြာလာရင် တစ်နေ့တော့ သိတန်ကောင်းပါရဲ့။

Sunday, September 20, 2015

ဒီနေ့ကတော့ ပျော်ရွှင်စရာ အမှတ်တရနေ့လေးပါ။
သူငယ်ချင်းတွေနဲ့အတူ နံနက်စာစား ဘုရားသွား နေ့လည် သူငယ်ချင်းအလုပ်မှာ ခဏနား နေ့လည်စာစား survey interview  ဖြေ အဲကမှ တဆင့် ice cream စား shopping ပတ် လမ်းမှာကားဘီးပေါက်လို့ ပြင် တစ်နေ့လုံး မနက်ခြောက်နာရီကတည်းကထွက်လာတာ ညနေခြောက်နာရီမှ အိမ်ပြန်ရောက်တယ်။
တကယ့်ကိုပျော်စရာနေ့လေးပါ ။

Saturday, September 19, 2015

အခုဆိုရင်တော့  ကျမသိလိုက်ပြီ ။
တကယ်ဆို တစ်ချို့အရာအားလုံးကို စိတ်ထဲ သိပ်ထားနေစရာမလိုတာ။
စိတ်ထဲအရမ်းထားနေရင် ကိုယ်ပဲခံစားနေရမယ်ဆိုတာ ကျမသိလိုက်ပီ။
တစ်ချို့အရာတွေက စိတ်ထဲထားနေဖို့ မတန်ဘူး ။

Friday, September 18, 2015

အလွန့်အလွန် စန်းစန်းတင့်ဖြစ်
တစ်ခုခုဆို စိတ်ခံစားလွယ် ဝမ်းသာဝမ်းနည်းလွယ်
ဒေါသဖြစ်လွယ်တတ်တဲ့ အကျင့်တွေပြင်မှပါလေ
ကိုယ်ဟာ မရင့်ကျက်သေးတဲ့ လူတစ်ယောက်ပါ ။

Sunday, September 6, 2015

ထိုင်းဆိုင်တစ်ခုမှာ ငါစားနေရင်းနဲ့
နင်နေတဲ့မြို့မှာ စားခဲ့တဲ့ ထိုင်းဆိုင်လေးအကြောင်းစဉ်းစားနေမိတယ်။
အဲဒီဆိုင်လေးမှာ နင်ရယ် ငါရယ် ငါ့အမေရယ် 
ပြီးတော့ ငါတို့ မိတ်ဆွေနှစ်ယောက်ရယ်
ငါ့အတွက် အရမ်းကိုပျော်ရွှင်ရတဲ့ ညနေခင်းတစ်ခုပါ ညီ
ငါတို့အကြိုက်ဆုံး အစားအစာတွေကို တူတူစားကြတယ်
စကားတွေပြောကြတယ်
ပြီးတော့ ဓါတ်ပုံတွေရိုက်ကြတယ်
အဲဒီကင်မရာလေးထဲမှာ မဖုံးနိုင် မဖိနိုင် ပျော်ရွှင်နေတဲ့ မျက်နှာနဲ့ နင့်လက်ကို အားကိုးတကြီးကိုင်ထားတဲ့ ကလေးမလေးရဲ့ ဓါတ်ပုံလေးက နင့်ဆီမှာ ခုထိရှိနေဖို့ မျှော်လင့်ပါတယ်။
အချိန်တွေကလဲ ကုန်မြန်လိုက်တာ ညီရေ 
ငါတို့တွေဝေးသွားတာ သိပ်ကိုကြာသွားသလိုထင်ရပေမယ့် ငါခံစားရတာတွေက မနေ့တစ်နေ့ကလိုပါပဲ ။
အချိန်တွေ အများကြီးကြာသွားလို့ အတိတ်ကို အပြုံးနဲ့ပြောနိုင်တဲ့အချိန် 
ငါတို့ပြန်တွေ့ကြရအောင်။

Saturday, September 5, 2015

ငှက်ကလေးတွေ တီးတိုးပြောသံတွေနဲ့ ငါရဲ့မနက်ခင်းလေးက နင့်ကိုလွမ်းတဲ့ အလွမ်းတွေနဲ့ မှုန်မှိုင်းနေတယ်
ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ မနက်ခင်းမှာ ငါတစ်ယောက်ထဲ ဝရန်တာမှာ ရပ်ရင်း မျက်ရည်ဝဲနေမိတယ် ။
နင်ရှိတဲ့ အရပ်မှာ ခုအချိန်ဆို ညပဲလေ။
နင်နှစ်ခြိုက်စွာအိပ်ပျော်နေမလား
ငါ့အကြောင်းတွေးနေမလား
အရင်လိုပဲအလုပ်တွေရှုပ်နေမလား
ငါတို့ပျော်ရွှင်ခဲ့ဘူးတဲ့ ညနေခင်းကိုပဲသတိရနေမလား

နင်မှမရှိဘဲကွယ် 
ဘယ်လိုအရာတွေနဲ့များ ငါအသက်ရှင်ရပ်တည်ရမလဲ ။
ညီ ဆိုတဲ့ နာမည်လေးက ငါချစ်စနိုးနဲ့ နင့်ကိုခေါ်ခဲ့တာပါ ။
အခုထိ အဲဒီနာမည်ကစွဲနေတုန်းပဲ
ငါတို့တွေကြားမှာ ဘာလျှို့ဝှက်ချက်မှမရှိဘူး
ငါတို့တွေမှာစောင့်ထိန်းမှုတွေရှိတယ်
တစ်ယောက်ကိုတစ်ယောက်နားလည်တယ်
ဝါသနာတူကြတယ်
နင်အကူအညီလိုတဲ့ အချိန်တိုင်း ငါအနားမှာရှိခဲ့တယ်
ငါစိတ်ဓါတ်တွေကျလို့ အဝေးမှာငိုနေတဲ့အချိန်တိုင်း နင်ကညလုံးပေါက် ဖုန်းထဲကနေငါ့ကိုအားပေးခဲ့တယ်
ငါ့ဟာတကယ်တမ်းတော့ ပျော့ညံ့ပါတယ် ညီ
အမြဲတမ်းပြုံးနေတတ်ပေမယ့် ငါ့မှာလဲ ဝမ်းနည်းစရာဆိုတာရှိပါတယ်
နင်နဲ့ဝေးကွာပြီးတဲ့နောက်ပိုင်း ငါဟာ ပြုံးရီဖို့ အသက်ရှူဖို့ကို အတော်လေးမေ့နေခဲ့တယ်
လအတော်ကြာတဲ့အထိ ငါနေသားမကျခဲ့ဘူး
တကယ်တမ်းတော့ ငါက နင့်ကိုစွန့်ခွာခဲ့သူပါ 
အဲဒီအတွက် နင်ဘယ်တော့မှခွင့်မလွှတ်လိုက်ပါနဲ့ 
ချစ်လျှက်နဲ့ ငါစွန့်ခွာခဲ့တာပါ ညီ
နင့်ကို ငါ့ထက်ပိုချစ်နိုင်မယိ့သူတွေ့ပြီး နင်ပျော်ရွှင်ဖို့ကိုပဲ ငါဆုတောင်းနေဆဲပါ 
ငါ့ကိုယ်ငါ ဆုတောင်းခဲ့တယ် ညီ

နင်မှလွဲလို့ ငါဘဝမှာအရာရာပြည့်စုံပါစေသား။

Friday, September 4, 2015

အသဲကွဲတယ်ဆိုတာ နံရိုးကျိုးသလိုပဲ
ဘယ်သူမှမမြင်ရပါဘူး
ဒါပေမယ့် အသက်ရှုတိုင်းတစ်ခါနာတယ်။

ဒီနေ့ ဖတ်မိတဲ့စာသားလေးပါ ညီ
ငါ့အဖြစ်ကလဲ အဲလိုပါပဲ 

ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို ရွေးချယ်ရင်း ငါ့လမ်းငါလျှောက်ခဲ့ရတယ် ။
အဝေးကြီးမှာ တစ်ယောက်ထဲ နင့်ကိုထားခဲ့ရတာ ခုထိ စိတ်ထဲမှာ ဝမ်းနည်းမိနေတုန်းပဲ ။
ဘယ်လိုအရာတွေဘယ်လိုပဲ ပြောင်းလဲပါစေ 
နင့်ကိုချစ်ခဲ့တဲ့ ချစ်နေဆဲဖြစ်တဲ့ ငါ့ရဲ့စိတ်ကပြောင်းလဲသွားမယ်မထင်ဘူး ညီ။

အတော်ကြာမဖြစ်တာကြာပြီဖြစ်တဲ့
နင့်ကို သတိရတဲ့မနက်ခင်းကို ငါပြန်ရတယ် ညီ 

ငါတို့က အမြဲ connected ဖြစ်နေတယ်လို့ နင်အမြဲ ပြောဖူးတယ်နော်

ဒါဆို နင့်ကို သတိရတမ်းတနေတဲ့ ငါ့အဖြစ်ကို နင်သိနိုင်မလား။
I make it ok but I miss you .

ကျမချစ်ရသော ညီသို့

လူဆိုတာက အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ထိန်းချုပ်မှုတွေကအနည်းနဲ့အများဆိုသလိုရှိလာခဲ့
ကြတယ်ထင်ပါရဲ့ ။

ဒီနေ့မနက်ပျော်နေတဲ့ အပျော်လေးက
နင့်ကိုသတိရတဲ့ စိတ်ရော အလုပ်မှာရှိတဲ့ Stress ရယ်ပေါင်းပြီး ငါငိုချင်နေတယ်
တစ်ခါတစ်လေ ငါမလုပ်မိလိုက်တဲ့ ကိစ္စတစ်ချို့အတွက် နှမြောတသဖြစ်မိတယ်
မလုပ်မိလိုက်လေခြင်းဆိုပြီးနောင်တရမိတဲ့ အထဲမှာ
နင့်ကိုဒီအတိုင်းပစ်ထားပြီး ငါနင်မသိအောင်ဒီမြေကိုနင်းခဲ့တဲ့ ကိစ္စလဲ အပါအ၀င်ပေါ့ ညီ။

ငါတစ်ကယ်ပဲ တစ်ယောက်ယောက်ကို ဖက်ပြီး ၀မ်းပန်းတနည်းငိုချင်တဲ့စိတ်တွေကို ထိန်းချုပ်ထားရတယ်။

ငိုကြွေးခြင်းကို ထိန်းချုပ်တာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာ ငါသိပေမယ့်
အသက်အရွယ်ကြီးလာတာနဲ့အမျှ ငါတို့တွေဟာ ထိန်းချုပ်မှုတွေပိုများလာတယ်လို့ ခံစားမိတယ်
 ။
ငါဒီနေ့ တစ်ယောက်ထဲ အထီးကျန်သလို ခံစားနေရတယ် လို့ အရင်လို နင့်ကိုရင်ဖွင့်လို့မရတဲ့အခါ
တိတ်တိတ်ကလေး နှုတ်ခမ်းကိုက်ရင်း မျက်ရည်ဝဲမိတယ်။
ဒီအမူအရာကို နင်မြင်ရင် သိမှာပါ
ငါဝမ်းနည်းရင် အမြဲလုပ်တတ်တဲ့အရာ

ထိန်းချုပ်မှုတွေများလာတာနဲ့အမျှ ငါဟာ ပိုရင့်ကျက်သွားတယ်လို့ ကိုယ့်ကိုယ်ကို မခံယူမိသေးဘူး
တကယ်ဆို ငါဟာ ခုထိကလေးဆန်နေတုန်းပါ
မေ့သွားပါပြီလို့ ထင်ခဲ့တဲ့ နင့်အကြောင်းတွေ နင်နဲ့ပတ်သက်ခဲ့တဲ့အတိတ်ကို ငါမမေ့နိုင်ခဲ့သေးဘူးပဲ
နင်ကတော့ ပြတ်သားခဲ့ပါတယ် အခုလို ငါ့ကိုတစ်ယောက်ထဲအထီးကျန်ဘ၀မှာ နစ်ဝင်တွယ်တာအောင်
 နင်လုပ်နိုင်ခဲ့ပါတယ်
ငါရှုသွင်းနေတဲ့ လေထုက အေးစက်နေတာပဲ ညီ
ငါထိုင်နေတဲ့ အခန်းငယ်လေးကလဲ မှုန်မှိုင်းနေလို့
ငါကတော့နင့်အကြောင်းတွေးပြီးမျက်ရည်ဝဲနေမိတုန်းပဲ
ဘာဖြစ်တာလဲ
ဘာကြောင့်လဲ
ငါအခုအထိ အဖြေမရှာနိုင်သေးဘဲ တစ်ယောက်ထဲ အတိတ်တွေမှာ ပိတ်မိနေတုန်းပဲ
နင့်ကိုလွမ်းတဲ့စိတ်နဲ့ ဒီနေ့တော့ ငါငိုပါရစေ

ငါ့ခေါ်နေသံကို နင်ကြားသင့်နေပါပီ ညီရယ် ။
ငါ အထီးကျန်လွန်းလို့ပါ ။


Tuesday, June 30, 2015

တစ်ခါတုန်းကမြို့

အပိုင်း(၂)

စကားဆိုတာမပြောချင်ရင် မပြောဖြစ်တာ အကောင်းဆုံးပဲလို့ ကိုယ့်ကိုကိုယ်အားပေးရင်း
တိတ်တဆိတ်နဲ့ တည်းခိုခန်းလေးဆီလျှောက်လာမိတယ်

ရူးနှမ်းနှမ်းနဲ့ထင်ရာလုပ်တတ်တဲ့ကိုယ်
ခပ်ပုပ်ပုပ်မျက်နှာနဲ့ ဘယ်သူ့ကိုမဆို ဒေါသထွက်နေတတ်တဲ့ ကိုယ်
အရင်လိုပြေရာပြေကြောင်းစကားသံတွေနဲ့ချော့ပါအုံးလား
ဘ၀မှာဖြစ်ချင်တာတွေများပြီး  မနိုင်မနင်းအလုပ်တွေနဲ့ကိုယ့်ကို တစ်ခါတစ်ရံ အသံမာမာနဲ့ဆူပါအုံးလား
လူဆိုတာမျိုးက အနားမှမရှိတော့တဲ့ အရာတွေကိုမှ တမ်းတတတ်တဲ့အမျိုးမဟုတ်လား
ကိုယ်လဲလူထဲက လူပါပဲကွယ်

ဒီအရပ်ရယ်
ဒီလမ်းရယ်
ဒီအလွမ်းရယ်

သိပ်မွန်းကျပ်လွန်းလို့အသက်ဘယ်လိုရှုရမလဲဆိုတဲ့နေ့တွေရှိခဲ့ဖူးတယ်
ဒါကြောင့် ဒီမြို့ကလေးကိုထွက်လာခဲ့တယ်
သူမရှိတော့ပေမယ့် သူရှိခဲ့ဖူးတဲ့မြို့ဆီ  အတွေးနဲ့တင်ကျေနပ်ချင်လို့
အရာအားလုံးကိုလွှတ်ချပြီးထွက်လာခဲ့တယ်

သူနဲ့အတူရှိခဲ့ဖူးတဲ့ နေရာတွေ
လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ
ထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်တွေ
အရာရာတိုင်းဟာ အမှတ်တရတွေချည်းပါပဲ

ပင့်သက်ရှိုက်လိုက်တိုင်း သူ့ကိုလွမ်းတဲ့အလွမ်းတွေကို
လေပူတစ်ချက်မှုတ်ထုတ်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချမိတယ်

နောက်ဆို ငါဒီမြို့လေးကို ဘယ်တော့မှ ပြန်မလာတော့ဘူး
ခေါင်းထဲမှာရှိခဲ့ဖူးတဲ့ သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုလဲ
ဒီမြို့လေးနဲ့အတူ ထားခဲ့လိုက်တော့မယ်

လူဆိုတာက တော်ရာမှာနေသင့်တာလေကွယ်
လမ်းခွဲပြတ်စဲခဲ့တာမဟုတ်ဘဲ လမ်းကွဲသွားခဲ့တဲ့ ကိုယ်တို့နှစ်ယောက်အတွက်
ဘာကိုမှနောင်တမရစေချင်ဘူး

ကံမကုန်လို့ ပြန်ဆုံခဲ့ရင်တောင်
မသိချင်ယောင်ဆောင်ပြီးမျက်နှာလွှဲသွားဖို့ပဲ ကိုယ်အလိုရှိတာပါကွယ်

ကျမသိပ်ချစ်ရတဲ့ နေရောင်ခြည်တွေနဲ့ လုလင်ပျို
မော်ဖူးရခြင်းများနဲ့ဝေးပါစေ
ရေလိုအေးလိုပန်းလိုလန်းပါစေ
နေ့သစ်တွေတိုင်းမှာ ကိုယ်ဆုတောင်းပေးနေမယ် ။




တစ်ခါတုန်းက မြို့

မမျှော်လင့်ဘဲနဲ့ ဘူတာရုံလေးကို ပြန်ရောက်လာခဲ့တဲ့ အခါ
ဒီမြို့လေးမှာ သူနေခဲ့တယ်ဆိုတဲ့ အသိက ကျွန်မကို နွေးထွေးစေပါတယ်။

ချမ်းစိမ့်ပြီးအေးနေတဲ့ တောင်ပေါ်မြို့လေးကိုအရင်လိုအနွေးထည်ခပ်ပါးပါးလေးနဲ့ အန်တုရင်း
စိမ်းစိုနေတဲ့ပတ်ဝန်းကျင်တစ်ဝိုက်ကိုအရင်လိုငေးမောကြည့်မိနေတုန်းပါပဲ

ဟုတ်ပါတယ် ဒီမြို့မှာ သူမရှိတော့ပါဘူး

အတွေးနဲ့တင်အရင်လို မျက်ရည်ဝဲတတ်တော့ shit ဆိုတဲ့ စကားလေး ခပ်တိုးတိုးရေရွတ်မိတယ်
ကိုယ်တောင်တကူးတက ရောက်အောင်လာသေးတာပဲ
သူကရော ဘာလို့ရှိမနေခဲ့သလဲ
 အငုံမာနစိတ်ကလေးက ပြန်ပြီးခေါင်းထောင်ထလာပါတယ်

အရင်ကလိုပဲ မြက်ခင်းစိမ်းလမ်းကလေးကိုတစ်ယောက်ထဲလျှောက်ရင်း
လွတ်နေတဲ့ ဘေးတစ်နေရာကိုယောင်ပြီးလှည့်ကြည့်မိပြန်တယ်
အော် ခက်ရချည်သေးရဲ့

တဖြည်းဖြည်းနဲ့ ကျင့်သားရနေတဲ့ခြေထောက်တွေက ကော်ဖီဆိုင်လေးသို့ဦးတည်နေမိပါတော့တယ်။
ကိုယ်အကြိုက်ဆုံး ဆန်တို့ဖူးနွေးရှိတတ်တဲ့ ဆိုင်ကလေး
လက်ဖက်ခြောက်မွှေးမွှေးလေးနဲ့ အမြဲတမ်းပြုံးနေတတ်တဲ့ ဆိုင်ရှင်ကလေး

ဆိုင်ထဲကိုဝင်သွားတဲ့အခါ ပြုံးပြတတ်တဲ့ ဆိုင်ရှင်ကလေးက အရင်လိုတစ်ယောက်ထဲပဲလားဆိုတဲ့ စကားကိုမမေးတော့ပါဘူး
ကိုယ်အရင်လိုတစ်ယောက်ထဲဖြစ်နေခဲ့တာ တော်တော်ကြာနေခဲ့ပြီပဲလေ
အပြုံးအတုနဲ့ ပြန်ဖြေစရာ စကားတွေကိုလဲ အရင်လို ဟန်ဆောင်ပန်ဆောင်နဲ့ မရှာချင်တော့ဘူး

 to be continue ....


Monday, June 22, 2015

ကျမနှင့်စာအုပ်များအကြောင်း(၁)

အသက်ကလေးရလာတော့ အရင်ကလို အားတိုင်း ဂိမ်းဆော့ဖြစ်တဲ့ အချိန်တွေ အစား
စာအုပ်တစ်အုပ်နဲ့ မျက်နှာကပ်နေတဲ့ အချိန်တွေများလာတယ် ။

အသိတစ်ယောက်နဲ့စကားပြောရင်း သူ့စကားထဲကမှတ်သားဖွယ်ရာလေးကို လတိုင်းလုပ်ဖြစ်နေတော့တယ် ။
သူပြောတာက လတိုင်း ကိုယ်ဖတ်ချင်တဲ့စာအုပ်တစ်အုပ်ဝယ်ပြီး ကိုယ့်ကိုကိုယ်လက်ဆောင်ပေးလိုက်ပါတဲ့ ။
ဘယ်လောက်ကောင်းလိုက်တဲ့ စကားလေးလဲနော်။

ပြီးတော့ အင်္ဂလိပ်စကားပြောတွေ အင်္ဂလိပ်ကာတွန်းစာအုပ်တွေ
အင်္ဂလိပ်စာတန်းထိုးထားတဲ့ ကားတွေကိုအများဆုံးကြည့်မယ်လို့ To Do List ထဲမှာရေးထားမိတယ်
ဒါကတော့ လစဉ်လတိုင်းမပျက်မကွက်လုပ်ဖြစ်နေတဲ့ အလုပ်ကလေးပေါ့

ကျမတို့ ဒီကမ္ဘာကြီးမှာက သင်ယူစရာတွေအများကြီးပါပဲ
ဘယ်သူမှပြီးပြည့်စုံနေတာမဟုတ်လို့ ကျမကိုယ်တိုင်ကလဲ ဒီလိုနဲ့ နည်းနည်းချင်းဆီ မသေမချင်းတော့
သင်ယူနေရအုံးမှာပါပဲ ။

လူတစ်ယောက်ကိုစောင့်ဖြစ်နေရင်တောင်မှကျမအချိန်တွေကုန်တာနှမြောလို့
စာအုပ်တစ်အုပ်အမြဲယူသွားတယ်
သူငယ်ချင်းတွေနဲ့ဆုံရင်လည်းကိုယ်ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ရဲ့
ကောင်းခြင်းဆိုးခြင်းတွေကိုမျှဝေဖို့လဲ ကျမမမေ့ခဲ့ဘူး

နောက်ပိုင်း စာအုပ်တွေဖတ်ရင်း အဲ့ဒီအထိကအသိတွေယူရင်းနဲ့ ကျမဘ၀လေးကငြိမ်းချမ်းနေခဲ့တယ်
စာအုပ်တွေကိုလဲ ပိုချစ်လာခဲ့တယ်
အနားမှာဘယ်သူမှမရှိပေမယ့် စာအုပ်တွေကတော့ကျမအတွက်အဖော်မွန်ဖြစ်နေခဲ့ပါတယ်။


Wednesday, June 17, 2015

အသက်တွေကြီးလာတော့
ကျမတို့ ပတ်ဝန်းကျင်မှာ အပေါင်းအသင်းဆိုတာရှားပါးလာပါတယ်
အရင်ကတွဲဖြစ်တဲ့ ငယ်သူငယ်ချင်းတွေကလွဲလို့
အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်တွေနဲ့တောင်ရင်းနှီးမှုက မတူပါဘူး။
ကျမတို့ပတ်ဝန်းကျင်မှာ လူတွေက ပုံစံအမျိုးမျိုးနဲ့ရှိနေကြတော့
တစ်ခါတစ်ရံစိတ်အခန့်မသင့်တဲ့အခါ ကျမတစ်ယောက်ထဲ ဒေါသထွက်နေတဲ့အချိန်တွေ
ရှိခဲ့ဖူးပါတယ်။
နောက်ပိုင်း ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်တော့ ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေမှာ
ကျမကိုယ်တိုင်ပေါက်ကွဲနေတတ်တာ မြင်လာတော့ တော်ရုံကိစ္စတွေဆိုရင် ကျမသိပ်ပြီးစိတ်ထဲ
ထားမနေတော့ဘူး။
နေရတဲ့အချိန်ခဏလေးများ စိတ်ချမ်းချမ်းသာသာလေးနဲ့ကိုယ်တတ်နိုင်တာလေးတွေကိုကြိုးစားလုပ်ကိုင်ရင်း
ညတွေမှာအေးအေးချမ်းချမ်းအိပ်ပျော်ချင်ပါတယ်။
ဘာဆိုဘာအတွက်နဲ့မှမပူလောင်တဲ့ဘ၀လေးကိုရပြီးတဲ့နောက်ပိုင်း ကျမဘယ်သူ့အတွက်နဲ့
ဘယ်သူ့ကြောင့် ဘာအကြောင်းကြောင့်မှ စိတ်ဆိုး စိတ်ကွက် စိတ်မနာနေတော့ပါဘူး။
လူဆိုတာကလဲ သေမျိုးကိုး ဘ၀တာချိုချိုလေးမှာ အေးရာအေးကြောင်းပဲ နေချင်ပါတယ်။
လောဘမရှိဘူးလို့တော့မထင်လိုက်ပါနဲ့ ကျမမှာလဲရှိသင့်တဲ့လောဘနဲ့ဒေါသကလဲ သူ့အနေရာအလိုက်။
ဘာပဲဖြစ်ဖြစ်ပါ လူဆိုတာက ကိုယ်ကိုကိုယ်ရဲ့ ပျော်ရွှင်မှုက ဘယ်သူ့အပေါ်မှာမှမမှီခိုဖို့ပဲလိုပါတယ်။