Thursday, January 8, 2009

သူ့အတွက်သီချင်း

တစ်ယောက်ထဲ နေ့တွေ တစ်ယောက်ထဲညတွေ
မနေတတ်လို့လေ ဆုံဆည်းပါရစေ

Wednesday, December 31, 2008

နှစ်သစ်ကိုရောက်ခဲ့ပြီပေါ့

နှစ်သစ်ကိုရောက်တဲ့အချိန်မှာ ကျမ က အဝေးတစ်နေရာမှာ
ဘယ်ဆီကိုလွမ်းရမှန်းမသိတဲ့အလွမ်းများစွာကိုသယ်ဆောင်ရင်း......
အမှားတွေရှိရင် ငါတောင်းပန်တယ်
နင့်အမှားတွေရှိနေသေးရင်လဲ ငါကခွင့်လွတ်ပါတယ်
နှစ်သစ်မှာ ပြန်ဆုံပါရစေတော့သူငယ်ချင်းရယ်

Tuesday, December 30, 2008

ပြန်မတွေ့ဖြစ်တော့တဲ့သူငယ်ချင်းတစ်ယောက်

ဘယ်တော့မှမတွေ့ဖြစ်တော့မယ့် သူငယ်ချင်းတစ်ယောက်ကိုသတိရတယ်
အတူတက်ခဲ့ဖူးတဲ့ ကျောင်းလေးရယ်
အတူထိုင်ခဲ့ဖူးတဲ့ ကျောင်းထိပ်က ငုဝါပင်ကြီးရယ်
အတူတက်ခဲ့ဖူးတဲ့ ကျူရှင်ကလေးရယ်
အသဲကွဲခဲ့ရတဲ့ တစ်နေ့ရယ်
ငိုကြွေးခဲ့ရတဲ့နေ့တစ်နေ့ရယ်
နာကြည်းခဲ့ရတဲ့နေ့တွေရယ်
အားလုံးဟာ ပြန်မလာနိုင်တော့မယ် သူငယ်ချင်းကြောင့်ပဲ
သတိရလျှက်ပါ ပြန်မလာတော့မယ် သူငယ်ချင်းရေ

Thursday, December 25, 2008

သတိရမိသူသို့ .........

ကျွန်မဘ၀ရဲ့ ဟိုးခပ်ငယ်ငယ်အထက်တန်းကျောင်းသူဘ၀က ကောင်လေးခပ်ချောချောလေး
တစ်ယောက်ကို စိတ်ဝင်စားဖူးပါတယ်။ သူလဲ ကျွန်မကိုစိတ်ဝင်စားဖူးပါတယ်။ကျွန်မစိတ်အထင်ပါ။ သူကချောပါတယ်။ကျွန်မက ရုပ်ဆိုးပါတယ်။မိန်းကလေးဆန်ဆန်လဲမနေတတ်ပါဘူး။အမြဲတမ်း ဖိုသီဖတ်သီနဲ့ရှပ်ပြာကောင်မလေးတစ်ယောက်ပါ။တခြားကောင်လေးတွေစိတ်ဝင်စားလောက်အောင်လဲ မဆွဲဆောင်နိုင်ပါဘူး။သူ့ကိုကြိုက်တဲ့မိန်းကလေးတွေများသလို သူကလဲမိန်းကလေးများစွာနဲ့
တွဲသွားတွဲလာလုပ်တတ်ပါတယ်။သူကကျွန်မတို့ကျောင်းရဲ့မင်းသားချောလေးများထဲကတစ်ယောက်ပေါ့။သူက ဆွဲဆောင်မှုရှိပါတယ်။အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ဆံပင်ခပ်ရှည်ရှည်ကောင်လေးပေါ့။
ကျွန်မသူ့ကိုစတင်သတိထားမိတာ (၈) တန်းကျောင်းသူဘ၀ကပါ။ကျွန်မတို့စာသင်နေတုန်း
အချိန်မှာပဲ သူတို့အဖွဲ့က လူတွေသောင်းကျန်းတာနဲ့ အတန်းပိုင်ဆရာမက ဒဏ်ပေးပါတယ်။
သူကခုံပေါ်တက်ရပ်ရတာကို ရှက်နေပါတယ်။ရီလဲရီရတယ်။ရှက်နေလို့ထင်ပါရဲ့သူ့အသားဖြူဖြူက
နီရဲနေတာပဲ။အဲဒီကစပြီးသူ့ကိုစိတ်ဝင်စားမိသွားတာနဲ့တူပါတယ်။ဆယ်ကျော်သက်တွေရဲ့ထုံးစံ
အတိုင်း စိတ်ကလဲခပ်များများရယ်ပါ။ကောင်လေးချောချောလေးတွေမြင်တိုင်း ကျွန်မရင်က ခုန်ချင်
ပါတယ်။ဘယ်သူမှ ကျွန်မကို စိတ်မ၀င်စားကြပါဘူး။ဘုရားစူးရပါစေရဲ့။စိတ်ကိုမ၀င်စားကြတာပါ။
ဒီလိုနဲ့အတန်းတွေတစ်တန်းပြီးတစ်တန်းအောင်သွားလို့တက္ကသိုလ်တက်မယ့်အချိန်ကိုရောက်လာခဲ့
ပါတယ်။ကျွန်မသူနဲ့တူတူ တက်ချင်တဲ့ဆန္ဒတွေဖြစ်ပေါ်ခဲ့ပါတယ်။
တစ်နေ့ကျွန်မအိမ်ကို အထက်တန်းကျောင်းသူဘ၀ကတည်းက ခင်မင်ခဲ့တဲ့ကောင်မလေးက
ဖုန်းဆက်ပါတယ်။ ကျွန်မနဲ့ကျွန်မ အိမ်မက်မင်းသားလေးနဲ့ မေဂျာတူတူပဲတဲ့။
ကျွန်မဆုတောင်းတွေပြည့်သွားတာပေါ့နော်။ ကျွန်မဆုတောင်းတာက ကျွန်မနဲ့ဖူးစာပါ ခဲ့ရင်
မေဂျာတူတူ ဖြစ်ပါစေလို့လေ ….. ကျွန်မ လေပျော်လိုက်တာပြောမနေပါနဲ့တော့
ဒါပေမယ့်လဲလေ ကျွန်မ ပျော်ရွင်မှုတွေ လေထဲမှာ ပျောက်သွားခဲ့ ပါတယ် ။
ကျွန်မ ပထမနှစ်တက်တဲ့အချိန်တစ်လျှောက်လုံး သူ့ကိုတွေ့နေရမယ်လို့ ထင်ခဲ့တာ
သူက မထင်မှတ်တဲ့အချိန်မှာရောက်လာပြီး မထင်မှတ်တဲ့အချိန်မှာ ပျောက်သွားခဲ့ပါတယ်။
သူက လေလိုပါပဲ မျှော်လင့်တိုင်းလဲ ကျွန်မက လွဲတတ်ပါတယ်။
ကျွန်မ ပထမနှစ်အောင်တဲ့အချိန်မှာ သူ ပထမနှစ်ကျပါတယ်
ကျွန်မအောင်မြင်မှုကိုတောင် ၀မ်းသာဖို့အချိန်မပေးခဲ့ပါဘူး ကျွန်မ ၀မ်းနည်းနေခဲ့ပါတယ်။
သူ့အတွက်နဲ့ ကျူရှင်တွေလိုက်အပ်ပေး သူ့အတွက် အကျိုးရှိမယ့်အရာတွေကိုလုပ်ပေးနေရင်းနဲ့
ပဲ ကျွန်မ ဒုတိယနှစ် အပ်ဖို့မေ့နေခဲ့ပါတယ် ကျွန်မအတွက် သူက စဉ်းစားပေးသားပဲ
ကျွန်မအတွက် စိတ်ပူပေးသားပဲ သူပြောခဲ့တဲ့ စကားနဲ့တင် သူ့အတွက်ကုန်ခဲ့တဲ့အချိန်တွေ
အင်အားတွေ ကျွန်မမနှစ်သက်တဲ့ သူတွေရဲ့အပြောတွေကို ခံနိုင်ရည်ရှိခဲ့ပါတယ်
ကျွန်မ ကျေနပ်နှစ်သိမ့်နေတဲ့အချိန်တွေက ကြာကြာမခံပါဘူး။ဘာကိုမှ အကြောင်းပြချက်မပေးပဲ သူအဝေးကိုထွက်သွားခဲ့ပါတယ် ။ကျွန်မမှာတော့အရူးတစ်ပိုင်းဖြစ်လို့ …..
ဘယ်ကိုလိုက်ရှာရမလဲ ဘယ်လိုဆက်သွယ်ရမလဲ ကျွန်မမှာ သူ့အတွက်ဆုတောင်းပေးရုံက လွဲလို့

-2-

ကျွန်မ ဘာမှမတတ်နိုင်ခဲ့ပါဘူး။သူ့အကြောင်းတွေးမိတိုင်း ငိုတတ်တာကလွဲလို့ပေါ့။
ကျွန်မ ဘာမှ မလုပ်နိုင်ခဲ့ဘူး။တွေးလဲမတွေးတတ်တော့ဘူး။အမှန်မှန်ဆိုရင် ကျွန်မနဲ့သူနဲ့က
သူငယ်ချင်းတွေပါဘဲ။သူပြောခဲ့တာကိုမှတ်မိသေးတယ်။သူကပြောတယ် ကျွန်မကို ဖြူဖြူ စင်စင်ပဲ
ခင်ချင်တယ်တဲ့ အရောင်တွေမဆိုးချင်ဘူးတဲ့။ကျွန်မကလဲ ကျွန်မချစ်နေခဲ့တာကို အမူအယာနဲ့
တောင်မပြခဲ့ပါဘူး။သူ့ကိုနေ့တိုင်းမြင်နေရတာနဲ့တင်ကျွန်မကျေနပ်ပါတယ် ။ ဘာကိုမှမျှော်လင့်ခြင်း
မရှိဘဲနဲ့ ကျွန်မ သူ့ကိုချစ်နေချင်တာပါ။ကျွန်မတတ်နိုင်သလောက်ပေးဆပ်ရင်းနဲ့ပေါ့။ကျွန်မဒါပဲ
တတ်နိုင်ခဲ့တာလေ။ဒီလိုနဲ့ပဲ ကျွန်မအချစ်တွေက တဖြည်းဖြည်းနဲ့ကျစ်လစ်ဖြူစင်လာခဲ့ပါတယ်။
ငယ်ဘ၀ရဲ့ညပေါင်းများစွာဟာ အဝေးက ကြယ်ကိုငေးကြည့်နေရသလိုပါဘဲ။ပင့်သက်ကိုနင့်နေ
အောင်ရှူရင်း သူမမြင်နိုင်တဲ့နေရာတစ်ခုကနေငေးကြည့်ဖူးတယ်။သူ့ကို ကျွန်မဘယ်လောက်ထိ
ချစ်လဲဆိုတာ နှိုင်းယှဉ်လို့တောင်မရပါဘူး။ဘာတွေနဲ့ဘယ်လိုနှိုင်းယှဉ်ရမလဲပြောပါ။
ပြောလို့ရမယ်ဆိုရင်တော့ သူဆီက လျော်ကြေးတောင်းချင်ပါတယ်။ ဘယ်လောက်လဲ ဘာကြေးပေး
မလဲ တိုးတိုးလေးကပ်ပြီးမေးချင်ပါတယ်။ဘာကြေးပေးမလဲ။ကျွန်မလေ တစ်ခါတစ်လေ သူ့ကိုသိပ် တွေ့ချင်တာပဲ။ မှတ်မိသေးတယ် သူ့အတွက်ကျောင်းကိစ္စလုပ်ပေးတဲ့နေ့တုန်းက သူ့အိမ်သွားတဲ့
နေ့။သူရဲ့ချစ်စရာကောင်းတဲ့ အိပ်ရာထခါစ ပုံလေးကိုလဲမြင်ဖူးသွားပြီ သူ့ရဲ့ ရေစိုလက်စ ကိုယ်တစ်ပိုင်း ပုံလေးကိုလဲမြင်ဖူးသွားပြီ သူဖျော်တိုက်တဲ့ လိမ္မော်ရည် ချဉ်တူးတူးလေးကိုလဲသောက်
ဖူးသွားပြီ။ ကဲ ဘာလိုသေးလဲ ကျွန်မအတွက်လုံလောက်သွားပြီ ငါသိပ်သတိရတာပဲ ဘောလုံးပန်းရယ်
ဘာတွေပေးမှ နင့်ကိုငါပြန်တွေ့ရမလဲ ဘယ်သူ့မှ နင့်လောက် ငါ စွဲစွဲလမ်းလမ်း မချစ်ဖူးပါဘူး
ငါ့ကွန်ပျူတာက လျှို့ဝှက် နံပါတ်လုပ်တာတောင် နင့်မွေးနေ့နံပါတ်လုပ်ထားတာ ဘယ်သူတွေနဲ့မှနှိုင်း
ယှဉ်လို့မရလောက်အောင် နင့်ကိုငါချစ်တယ် သတ္တိ ရှိရှိ နဲ့နင့်ကိုငါချစ်တယ်လို့ဖွင့်ပြောချင်တယ်
တကယ်ပါ သတ္တိ ရှိရှိနဲ့ပေါ့ ခက်တာက ငါက မိန်းကလေး လေ အစဉ်အလာတွေရဲ့ထုံးစံအတိုင်း ငါ
ဘယ်လိုအင်အားနဲ့ ဖွင့်ပြောရမလဲ ပြောပါ ငါသိချင်တယ် ပြောပါဦးကွယ် ငါသိပါရစေ။
အခုဆိုနင်ငါ့ကိုခွဲသွားတာ နှစ်နှစ်ကျော်သွားပြီ တစ်ချက်ကလေးတောင်သတိမရဘူးလားဟယ်
ငါ သိချင်လိုက်တာ ပြောပါအုံး ကဲ ပြောပါ ငါသိချင်တယ်
နင်နဲ့ငါ ဘယ်လောက်ထိ ဝေးကွာအုံးမှာလဲ ဘယ်အချိန်ထိ ငါအခုလိုအထီးကျန်နေရမှာလဲဘယ်အချိန်ထိလဲ ငါနင့်ဆီက တိကျတဲ့ အဖြေတစ်ခုသိချင်ပါတယ်
အဲဒါကတော့ နင်တခြားကောင်မလေးတစ်ယောက်နဲ့လက်ထပ်သွားပြီဆိုတဲ့ သတင်းပါ။
နင်အကြောင်းမကြားဘဲ ငါ့အိမ်မက်ကမ္ဘာလေးကထွက်သွားတော့ ငါတစ်လလောက်
ဖျားတယ် ဘာမှမလုပ်နိုင်ဘဲနဲ့ငါစိတ်ဓါတ်တွေကျခဲ့တယ် ဘာမှ ငါ့မှာမျှော်လင့်ချက်တွေမရှိတော့ သလိုဘဲပေါ့။ငါက အမြဲတမ်းမျှော်လင့်တိုင်း လွဲတတ်ပါတယ်။နင်ကြိုက်တဲ့ တောင်ကြီး သီချင်းကိုသတိရမိတယ်။နင့်ရဲ့ နုယဉ် ဆိုတဲ့ကောင်မလေးထားသွားတုန်းက နင်အရမ်းခံစားရတာ ငါမထင်မှတ်ပဲ သိလိုက်ရတယ် ။ နင်က သူ့ကိုသိပ်ချစ်တာကိုး။သူပေးတဲ့ပန်းခြောက်တောင်မလွင့်

-3-

ပစ်ရက်တာ ။ဒါကိုအချစ်စစ်လို့ခေါ်မှလား ။ပြောပါဦး။ငါ အခုနင့်အသံကိုအရမ်းကြားချင်တဲ့ခံစားချက် တွေဖြစ်နေတယ်။အခုငါ ကွန်ပျူတာဝယ်ပြီးသွားပြီ။ငါ့အိမ်မက်တစ်ခုပြည့်သွားပြီလို့ဆိုရမှာပေါ့။
ငါနင်နဲ့အဆက်အသွယ်ပြန်ရချင်တယ်။အွန်လိုင်းပေါ်ကနေတဆင့်ပေါ့။ဘယ်ကိုရောက်နေလဲငါသိရ
ရင်တော်ပါပြီ။အရင်က နင့်တို့လမ်းကိုဖြတ်တိုင်း နင့်အိမ်ကလေးကို လှမ်းကြည့်မိတာ အခုထက်ထိပဲ။
နင်မရှိမှန်းလဲ သိသားပဲ။ဘာလို့ ကြည့်နေမိလဲမသိပါဘူး။သူငယ်ချင်းတွေကပြောတယ်။ငါကရူးနေ
တာတဲ့။မငြင်းပါဘူးကွယ်။ငါက နင့်တစ်ယောက်ထဲအတွက်နဲ့ရူးနေတာပါ။ဘယ်သူ့အတွက်နဲ့မှမရူး
ဘူး။ငါကျိန်ဆိုကျိန်ပါ့မယ်။ဒီဘ၀မှာ နင်က လွဲလို့ငါမချစ်ချင်ဘူးဟာ။အခု အဲဒီလိုမျိုးထပ်ဖြစ်မှာ ငါသိပ်ကြောက်နေတယ် ငါနင့်ကိုစစ်မှန်တဲ့မေတ္တာနဲ့ချစ်ခဲ့တာ မှန်ရင်
ငါတို့ တစ်နေ့ ပြန် ဆုံမှာပါ သတိရနေဖို့ကိုတော့ဆုမတောင်းတော့ပါဘူး။ဒီဆုတောင့်မပြည့် ခဲ့တာကြာပြီ။ တခြားဘက် တရားသဘောအရကြည့်ရင် ဒါဟာ အကုသိုလ်တစ်ခုပဲ နေ့တိုင်းမဟုတ်တောင် တစ်နေ့တာရဲ့လေးပုံတစ်ပုံမှာ ငါနင့်ကိုသတိရနေတယ် ။
သိချင်တယ်ကွယ်။ ဘာလို့နင်ငါ့ကို နှုတ်မဆက်ဘဲထွက်သွားရတာလဲ။အခုထက်ထိ ငါ ဒီမေးခွန်းကို
မေးနေမိတုန်းဘဲ။ငါ့သူငယ်ချင်းတွေရဲ့ အဖြေက တစ်ခုထဲပဲ ထွက်လာတယ်။ သူ့ရင်ထဲမှာ နင်က
ဘာမှမဟုတ်လို့ပေါ့တဲ့။ ဟုတ်ပါတယ် ငါက နင့်ရဲ့အမှိုက်တစ်စလောက်တောင်စိတ်ဝင်စားဖို့
မကောင်းခဲ့တာ ငါသိသားပဲ ။ ငါ ဇွတ်မငြင်းပါဘူး။ငါက အညတြ ကောင်မလေးပါဟယ်။
နင့်တို့အသိုင်းအ၀ိုင်းနဲ့ ယှဉ်ရင် ငါက အစုတ်ပလုတ်ကောင်မလေးပါ။ ဘာမှနင်နဲ့မယှဉ်နိုင်သလို
နင်တွဲနေတဲ့ကောင်မလေးတွေနဲ့ယှဉ်ရင်လဲ ငါကနောက်ဆုံးရဲ့နောက်ဆုံးမှာပါ။ငါက အရှေ့ဆုံးဆိုတဲ့
နေရာကိုမကြိုက်ပေမယ့်  နောက်ဆုံးဆိုတဲ့နေရာကို သိပ်ကြိုက်ပါတယ်။ ငါက အရူးမလေးပါ။နင့်ကို
ချစ်နေရတာနဲ့ရူးနေတာပါ။နင့်ကို လူတွေက ဘယ်လောက်ပဲမကောင်းပြောပြော ငါက နင့်ကိုခွင့်လွတ် နေမှာပါ။ရသဆိုတဲ့ တစ်ခါတုန်းက သီချင်းလိုပေါ့။နင့်နဲ့ငါက အဲဒီသီချင်းနဲ့တိုက်ဆိုင်တယ်။ပြီးတော့
ချစ်သုဝေဆိုတဲ့ တကယ်ဆိုရင် သီချင်းက ငါ့ကိုဝမ်းနည်းစေတယ်။အလွမ်းသီချင်းတွေကြိုက်တတ်
တဲ့ ငါ့အတွက် အလွမ်းတွေပဲ ချန်ထားခဲ့တတ်တာ ငါ့ဘ၀ရဲ့ကျိန်စာနဲ့တူပါတယ်။
ငါဘယ်သူ့ကိုမှမချစ်တတ်တော့ဘူး။အချစ်ကိုလဲမယုံကြည်တော့ဘူး။တစ်ခါတစ်လေကျရင်နင့်ကို
မယုံကြည်ချင်တော့ဘူး။မျှော်လင့်ခြင်းတွေဘယ်တော့များမှဆုံးမှာလဲ။ငါတွေ့ချင်တယ်.။
နင့်အကြောင်းတွေးတိုင်း မျက်ရည်ကျတတ်တဲ့ကောင်မလေးတစ်ယောက်ကိုနင်ချန်ထားရစ်တယ်နော်
နင်တကိုယ်ကောင်းဆန်လွန်းပါတယ်ဟယ်။နင့်ကိစ္စတွေမှန်သမျှလိုက်လုပ်ပေးတတ်တဲ့ကောင်မလေး
တစ်ယောက်ကိုနင်ဒီလိုပဲပစ်ထားရက်တယ်နော်။ငါတကယ်ဝမ်းနည်းတယ်။ ဒီနေ့ ဒီဇင်ဘာ(၂၅)ရက်
နေ့ ။နင်နေတဲ့မြို့ဟာ သိပ်ပျော်စရာ ကောင်းမှာပဲနော်။ခရစ်စမတ်ရာသီဆိုတော့….။နင်ပျော်ရွင်ပါစေ
ငါကနင်ပျော်နေရင်ကျေနပ်ပါတယ်…။ပျော်ပါစေ။ သူငယ်ချင်းရေ….။နင်နေတဲ့မြို့ဆီ ငါမရောက်ရောက် အောင်လာမယ် ။ တကယ်မရောက်ရောက်အောင်ကိုလာမယ်။ကျေးဇူးပြု၍ စောင့်


-4-

နေပေးပါ။ ငါမရောက်ရောက်အောင်လာပါ့မယ်။ အချိန်တွေအများကြီးကြာသွားလို့အတိတ်ကိုအပြုံးနဲ့ပြောနိုင်တဲ့အချိန်ကျရင် ငါတို့ပြန်တွေ့ကြရ အောင်။
နင်နဲ့ငါပြန်ဆုံရပါစေသား ငါဆုတောင်းနေမယ် ငါဆုတောင်းမယ် ဘောလုံးပန်းရေ………….

Thursday, December 11, 2008

မထင်မှတ်တဲ့အဖြစ်အပျက်တွေ

မထင်မှတ်တဲ့အဖြစ်တွေနဲ့ကျမအဝေးလွင့်ခဲ့တယ်
မထင်မှတ်တဲ့အချစ်တွေနဲ့သူ့ကိုချစ်ခဲ့တယ်
မထင်မှတ်တဲ့လက်ဆောင်တွေလဲရခဲ့တယ်
ဘုရားသခင်ကကောင်းချီးပေးလို့သူနဲ့တွေ့ခဲ့တယ်
သတိရတယ်ကွယ်
မထင်မှတ်ဘဲနဲ့

ကျွန်မဘ၀ရဲ့အပြောင်းအလဲတွေ

Type your summary here
အမေဆီ သွားပြီ အလုပ်တွေလုပ်ဖြစ်တယ်
မွေးနေ့တစ်ခုကို အခုထက်ထိ မှတ်မိနေတာခက်တယ်ကွယ်
ကဲ ချစ်သူရေ ကျွန်မ ဘာတွေ လုပ်ခွင့်ရှိပါသလဲ
Type the rest of your post here.

Friday, April 4, 2008

သင်္ကြန်ရောက်တော့မယ်

သင်္ကြန်ရောက်တော့မယ်ဆိုရင်ငုပန်းနဲ့ ပိတောက်ပန်းတွေကအပြိုင်ပွင့်နေကြပြီ
အိမ်ရှေ့ကငုပင်ကြီးကလဲပိတောက်တွေနဲ့အပြိုင်ပွင့်လို့
လူကြီးမင်းတို့ရော သင်္ကြန်မှာဘာလုပ်ကြမှာတုန်း
အဝေးရောက်နေတဲ့ဗမာတွေရော အမိမြေမှာရှိတဲ့ဗမာတွေပါပျော်ကြတဲ့ပွဲပေါ့
တစ်နှစ်မှာတစ်ခါ ရေလောင်းကျ ပျော်ရွင်ကြနဲ့ စတုဒီသာတွေကျွေးမွေးရင်း
အချင်းချင်းရင်းနှီးမှုတိုးတဲ့ပွဲဆိုလဲမမှားပါဘူး
သင်္ကြန်ပွဲကိုအွန်လိုင်းကနေခံစားချင်တယ်ဆိုရင်တော့
www.planet.com.mm/thingyan မှာ ခံစားနိုင်ပါတယ်
သင်္ကြန်မှာ အားလုံးပျော်ရွင်ပါစေလို့ဆုတောင်းပါတယ်

Wednesday, April 2, 2008

မပွင့်နိုင်သေးတဲ့ပိတောက်

နှင်းတွေလဲ မကုန်သေး
အနည်းအကျဥ်းနဲ့
နံနက်စောစောဝေလီဝေလင်း
မရောက်သေးတဲ့အတာရေ
မင်းကိုငါလွမ်းတယ်

လ္ဘက်ရည်ဆိုင်ထဲမှာ
ပြေးပြေးလွှားလွှား ကားတွေပေါ်မှာ
လမ်းသွားရင်းကြားနေရတဲ့
သင်္ကြန်သီချင်းတွေ
မင်းကိုလွမ်းဖို့
အားဖြည့်ပေးနေလေရဲ့

မြူတွေဆိုင်းမှိုင်းမှုန်လို့
ရွာမယောင်မိုးပြေး
ပိတောက်တွေ ပွင့်ဖို့များ
အားယူလေရော့သလား

နှစ်တွေတိုင်းမှာ
သင်္ကြန်သီချင်းသံတွေကြားတိုင်း
မရောက်သေးတဲ့ သင်္ကြန်ကိုလွမ်းတယ်
ပိတောက်နဲ့အတူ မရဖူးသေးတဲ့
ချစ်ခြင်းကိုပါလွမ်းတယ်။


Tuesday, April 1, 2008

ဗဟုသုတဟင်းလေးအိုးကြီးပါ။
ပညာရှိတွေ၊အကျော်အမော်ပုဂ္ဂိုလ်တွေရဲ့စကားတွေ၊မှတ်ချက်တွေကိုလည်းလေ့လာနိုင်မှာ
ုဖြစ်တဲ့အတွက် အဲဒီပုဂ္ဂိုလ်ရဲ့သမိုင်းကြောင်းတွေ၊သူ့ခေတ်ရဲ့ယဉ်ကျေးမှု၊
အတွေးအခေါ်တွေနဲ့လူမှုဘ၀ရှင်သန်ရပ်တည်ပုံတွေကိုယှဉ်တွဲလေ့လာနိုင်ပြီး
ဘ၀အသိအမြင်တွေ ၊အတွေးအခေါ်တွေအမြင်သစ်တွေရရှိနိုင်ပါတယ်။
http://www.wisdomquotes.com
အမျိုးသမီးတွေအတွက်အထူးပြုလုပ်ထားတဲ့ဖက်ရှင်ဆိုဒ်တစ်ခုဖြစ်ပါတယ်။
ဝင်လည်ကြည့်လိုက်ပေါ့နော် ...... တော်တော်များများဖတ်ချင်ကြည့်ချင်ရင်တော့
Sign in လုပ်ပြီးမှကြည့်လို့ရမှာပါ ။
ဆိုဒ်လိပ်စာကတော့ http://fashion.about.com

--------------------------------------------------------------------------------------------------------------

ဒါကတော့အဖွဲ့အစည်းတစ်ခုကတင်ထားတဲ့ဆိုဒ်ကလေးပါ။ပုံမှန်လူမှုရေးဆိုက်တစ်ခုလိုဘဲ
လိုတဲ့အကြောင်းအရာတွေကိုစုံလင်အောင်ထည့်ပေးထာပါတယ်။လှုဒါန်းချင်တဲ့သူတွေကိုလဲ
လှုနီုင်အောင်လုပ်ပေးထားပါတယ်။
လစဉ်ထည့်ဝင်ချင်လျှင်တော့၂၅ ဒေါ်လာသာကောက်ခံမှာဖြစ်ပါတယ်။
ဒီဆိုက်ကိုတင်ထားတဲ့အဖွဲ့အစည်းကဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူမှုဘ၀ရှင်သန်နိုင်ဖို့အတွက်
စိုက်ပျိုးရေးကဏ္ဍတွေကိုလူပုဂ္ဂိုလ်အလိုက်ကူညီတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
ဆိုက်နာမည်က တော့ http://www.sustainableharvest.0rg

-----------------------------------------------------------------------------------------------------------------

ဒီဆိုက်ဟာတော့ဖြင့် အွန်လိုင်းပေါ်ကလူတွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ကောလိပ်တွေ၊
တက္ကသိုလ်တွေတက်နိုင်ဖို့လမ်းညွန်ပေးတဲ့ဆိုက်ဖြစ်ပါတယ်။ကောလိပ်ပေါင်း 88 ခုကပရိုဂရမ်ပေါင်း
၁၀၄၈ ခုကိုလေ့လာနိုင်မှာဖြစ်ပါတယ်။အဝေးရောက်တက်နိုင်တဲ့အစီအစဉ်တွေပါထည့်သွင်း
ပေးထားတာပါ။တက်ရောက်ချင်တဲ့ဒီဂရီအဆင့်နဲ့ဘာသာရပ်တွကိုရွေးချယ်ပြီးလေ့လာနိုင်ဖို့စီစဉ်
ပေးထားပါတယ်။
အခမဲ့တက်ချင်သူတွေအတွက် အတန်း၂၀၀ ကိုလည်းစီစဉ်ပေးထားပါတယ်။နိုင်ငံရပ်ခြားမှာပညာသင်
လိုသူတွေအတွက်တော့ရွှေအိုးကြီးကောက်ရသလိုခံစားရမည့်အချိန်တစ်ခုဖြစ်ပါတယ်။
မိမိဘာသာကြိုးစားရမှာဆိုပေမဲ့စနစ်တကျတော့ပိုဖြစ်စေမှာပါ။
ဆိုက်လင့်က http://oedb.org


ကျွန်မရဲ့အိမ်(နွေးထွေးသောအိမ်ကလေး)

မနက်အိပ်ရာကနိုးနိုးချင်း ပိတောက်ပန်းနံ့ကလေးကကြိုနေပါတယ်
အဒေါ်က ၀မ်းသာအားရနဲ့ ပိတောက်တွေခူးနေပါတယ်
အိမ်ရှေ့မှာသရက်ပင် အိမ်ဘေးမှာ ပိန္နဲပင် ကလဲ ဒီနှစ်မှာ ပိုသီးနေပါတယ်
အိမ်ရဲ့ဘေးလေးမှာမှပိတောက်ပင်ကြီးရှိပါတယ်
ကျွန်မတို့အိမ်ရှေ့မှာပန်းခြံကလေးရှိတယ် ကျွန်မလက်စွမ်း
ပြထားတာပေါ့ ဟဲဟဲ.....ရှုပ်ပွနေတဲ့ပန်းခြံလေးပါ
နှင်းဆီပန်းပင်နဲ့လေးနာရီ(အပျိုမနိုင်)ပန်းတွေလဲအိမ်ဘေးတစ်လျှောက်
စိုက်ထားတယ်
အမေက သူ့အိမ်လေးကိုအရမ်းချစ်တယ်
အမေကိုတိုင်ဒီဇိုင်းဆွဲပြီးဆောက်ထားတာကိုး
ကျွန်မတို့အိမ်လေးကသိပ်မကျဉ်းသလိုကျယ်လဲမကျယ်ပါဘူး
ဘယ်ကိုပဲရောက်နေနေဘယ်လောက်ကောင်းတဲ့အခန်းမှာပဲ
နေရနေရ ကျွန်မကတော့ကျွန်မတို့အိမ်ကလေးကကျွန်မအခန်း
လေးကိုပဲချစ်တယ်
လမ်းကြုံရင် ကျွန်မအိမ်ကလေးကိုတစ်ခါလောက်
အလည်လာပါလို့ဖိတ်ပါတယ်
နွေးထွေးတဲ့ပန်းရနံ့တွေနဲ့ထုံမွှမ်းနေတဲ့အိမ်ကလေးပါ။

အလင်းတန်းဂျာနယ်ဖတ်ချင်သူများအတွက်

http://alinntan.blogspot.com

ဆိုတဲ့ဘလော့လိပ်စာကတော့ပြည်တွင်ထုတ်သတင်းဂျာနယ်တစ်စောင်
ဖြစ်တဲ့အလင်းတန်းဂျာနယ်ရဲ့ဘလော့ပဲဖြစ်ပါတယ်။
www.htetnaing-tlm.blogspot.com ရဲ့သတိရလို့ ဖုန်းဆက်လိုက်တာပါ ၀တ္တုတိုလေးပါ။
ဖတ်ကြည့်ပေးပါအုံးနော်။

(၁)
ကမ္ဘာကြီး ........
သတိရလို့ဖုန်းဆက်လိုက်တာပါ ။ ကျွန်တော်ခင်ဗျားကို သိပ်သတိရတာပဲ။
ခင်ဗျားအကြောင်းလဲခဏခဏစဉ်းစားနေမိတယ်။
တကယ်တော့ ကျွန်တော်တို့ကခင်ဗျားကိုတည်မှီပေါက်ဖွားရှင်သန်ရတဲ့
ဗိုင်းရပ်သေးသေးလေးတွေမဟုတ်လား။တကယ်ပြောတာပါ။
၂၀၀၇ က ကျွန်တော့်ရင်ထဲကိုကြေကွဲဝမ်းနည်းစရာတွေတော်တော်များများ
ထည့်ပေးလိုက်တယ်။သံမံတလင်းပေါ်ဖန်ခွက်ကျကွဲသလိုကျွန်တော့်နှလုံးသား
တွေကြေမွခဲ့ရတယ်။ကျွန်တော့်စိတ်တွေဆောက်တည်ရာမရခဲ့ဘူး။
သည်နှစ်ထဲမှာ ကျွန်တော့်ကျန်းမာရေးကလဲအရမ်းခြူခြာတာပဲ။
အနာဂါတ်မဲ့နေသလို ခံစားရတယ်။ပတ်ဝန်းကျင်နဲ့လဲခပ်ကင်းကင်းနေချင်
နေမိတယ်။စိတ်ကျဝေဒနာများခံစားနေရသလားလို့ကိုယ့်ကိုကိုယ်စမ်းစစ်
နေမိတယ်။တော်သေးတာပေါ့။ကျွန်တော့်စိတ်ကအသံမြည်နေသေးလို့။

(၂)
နှစ်သစ်မကူးခင်က ဇာတိမြေကို ကျွန်တော်ပြန်ဖြစ်သေးတယ်။
(ခင်ဗျားဘက်ကကြည့်ရင် သည်ကိစ္စကတော်တော်ရီစရာကောင်းမှာ၊
ကမ္ဘာမြေကိုက ကျွန်တော်တို့ဇာတိပဲမဟုတ်လား၊)ထားပါတော့။
ကျွန်တော်အဓိကပြောချင်တာကမိဘတွေဆီပြန်ခဲ့တဲ့ကိစ္စပါ။
တောသူတောင်သားတွေဆိုတော့ရွာလွမ်းစိတ်အခံလေးကရှိသေး
တာကိုးဗျ။နေကလဲအရမ်းပူတာပါ။အ၀ါရောင်တွေအရည်ပျော်ကျမတတ်ပဲ။
သည်နိုဝင်ဘာ၊ဒီဇင်ဘာဆိုတာက ကျွန်တော်တို့ဒေသမှာတောင်သူလုပ်ငန်း
ဝင်ချိန်လေ။ရွာမှာရှိတဲ့ လူတော်တော်များများကကြက်သွန်ခင်း၊ဆေးခင်းနဲ့၊
မြေပဲခင်းတွေဆီရောက်နေကြတာများပါတယ်။ပြီးတော့ကျွန်တော်တို့ရွာနဲ့
ဝေးနေခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ရှိပြီ။သုံးလေးနှစ်နေမှတစ်ခါကျင်းပဲပြန်ဖြစ်တာ
ပါ။ပြီးတော့ကျွန်တော်တို့ရွာရဲ့ဘာသာစကားကလဲအတော်အတန်ခြားနားနေခဲ့
တယ်။ကျောင်းနေဘက်သူငယ်ချင်းတွေလဲမရှိသလောက်ပါပဲ။သူတို့လဲသူတို့
ရောက်ရာဘ၀မှာပျော်နေကြတာပါ။လူတစ်ယောက်မှာ ပြောစရာစကားမဲ့တာ
လောက်အခံရခက်တာမရှိဘူး။

(၃)
ပျင်းပျင်းရှိတာနဲ့မြေနုကျွန်းတွေဘက်ကျွန်တော်ထွက်ခဲ့တယ်။ပြောရဦးမယ်။
ကျွန်တော်တို့ရွာကဧရာဝတီမြစ်နဲ့နှစ်မိုင်လောက်ဝေးတယ်။ဧရာဝတီမြစ်ရေ
တက်ချိန်ဆိုရွာအနောက်ဘက်ကိုင်းပြင်ကြီးဟာရေတွေချည်းပဲ။လောင်းလှေ
တွေတလွှားလွှားသွားခဲ့တာသတိရနေမိသေးတယ်။မြေနုကျွန်းမရောက်ခင်
ကန်ဇင်းပင်ရိုးဆိုတာဖြတ်ရသေးတယ်။ကန်ဇင်းပင်ရိုးရေက လူမမှီလို့လှေနဲ့
ဖြတ်ရသေးတာ။ကူးတို့ပို့တဲ့ကလေးလေးက သူစိမ်းတစ်ယောက်လို
ကျွန်တော့်ကိုခပ်ငေးငေးကြည့်နေတယ်။ကျွန်တော်ဟာသည်ရွာသား
စစ်စစ်တစ်ယောက်ဆိုတာသူမသိရှာဘူး။ကလေးကကျွန်တော့်ကိုသူစိမ်း
တစ်ယောက်လို့ပဲထင်နေမိတယ်။"အစ်ကိုကြီးရေကြောက်တတ်သလား"တဲ့။
သူကကျွန်တော့်ကိုမေးခွန်းတစ်ခုနဲ့ချည်နှောင်လိုက်တယ်။
"ရေကြောက်တာပေါ့"လို့ကျွန်တော်ကပြန်ဖြေတော့အောင်နိုင်သူတစ်ယောက်လို
ပြုံးတယ်။" ကျွန်တော်တို့ရွာသားတွေဆိုရေမကြောက်ဘူး" တဲ့။
ခါတိုင်းနှစ်တွေက သီတင်းကျွတ်ရင်ဧရာဝတီမြစ်ရေက ပြန်ကျတာပဲ။
သည်နှစ်တော့ရေထွက်ပေါက်ကန်ဇင်းပင်ရိုးကိုထိပ်ဝကနေသဲတွေဖို့သွားတော့
ရေတွေကမြစ်ထဲပြန်မဆင်းဘဲအီခံနေတယ်။ဖောက်ထုတ်လို့ကလဲမရဘူး။
သဲကြမ်းထုကြီးကတော်တော်ထူတယ်။ရေပြန်ကျမှစိုက်မယ်၊ပျိုးမယ်လို့အားခဲ
ထားတဲ့တောင်သူတွေလဲချွေးပြန်နေကြရှာတယ်။မမျှော်လင့်တဲ့ရှုထောင့်ကနေ
သဘာဝတရားကြီးရဲ့တိုက်ခိုက်မှုကိုအလူးအလဲခံလိုက်ရတယ်။

(၄)
ကူးတို့ပို့တဲ့ကလေးကိုချန်ထားပြိးမြေနုကျွန်းတွေဘက်ကျွန်တော်ဆက်ထွက်ခဲ့တယ်။
သည်နှစ်ကျွန်တော်တို့ကိုင်းက မြေပဲတွေတော်တော်ကောင်းတယ်။အရွက်လေးတွေက
ပိုးမွှားကင်းစင်ပြီးစိမ်းလဲ့နေတာ။အဖေကမြေပဲတွေတော်တော်ဥတာနှုတ်ကြည့်ခဲ့ပါလား
တဲ့။ကျွန်တော်ကနှမြောတာနဲ့နှုတ်ချိန်မရောက်သေးတဲ့မြေပဲပင်လေးတွေကိုမနှုတ်ခဲ့ဘူး။
အဖေလား .......
အဖေကတော့ ကိုင်းထဲရောက်တိုင်းမြေပဲပင်တွေဘယ်လောက်ဥသလဲလို့ခဏခဏနှုတ်ကြည့်
တယ်။ဥအနေအထားပေါ်မူတည်ပြီးသူ့ကိုင်းကနေမြေပဲဘယ်လောက်တော့ထွက်မှာလို့မှန်းတယ်။
အဖေ့မျက်နှာဟာပြုံးလဲ့နေတာပဲ။အဖေကသူ့ဘ၀ကိုဝန်ကြီးချုပ်နဲ့မလဲနိုင်ပေါင်လို့ခဏခဏပြော
တယ်။ဒီလိုနဲ့အဖေလဲအသက်အရွယ်ရင့်ရော်လာပါပြီ။ကျွန်တော်တို့မြေနုကိုင်းရဲ့အလယ်လောက်မှာ
ရှားပင်ကြီးတစ်ပင်ရှိတယ်။ပင်စည်လုံးပတ်တင်လူနှစ်ဘက်လောက်ရှိနေပြီ။ကျွန်တော်ရှားပင်အောက်
မှာထိုင်ပြီးအရှေ့ဘက်ကိုမျက်နှာမူလိုက်တယ်။ကျွန်တော်တို့ရွာကလေးဟာနေရောင်အောက်မှာ
မှိုင်းပြပြဖြစ်နေတယ်။နေ့လည်ရဲ့အပူရှိန်ကြောင့်တံလျှပ်တွေထနေတယ်။အစိမ်းရောက်ကတ္တီပါစကြီး
ဟာရွာနဲ့တစ်ဆက်တည်းပဲ။မြေပဲခင်းကိုကြည့်လိုက်၊ရွာကိုငေးလိုက်နဲ့စိတ်တွေကတောင်ရောက်
မြောက်ရောက်ပါ။ပုဂံခေတ်လောက်ကတည်းက ကျွန်တော်တို့ရွာကလေးဟာစည်ကားခဲ့တာပါ။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ကတည်းကလူတွေအခြေတကျနေထိုင်ပြီးမွေးဖွားလာလိုက်
သေဆုံးလိုက်နဲ့အခုအခြေအနေတိုင်တဲ့ထိဆိုပါတော့။ဘာမှလဲထူးထူးခြားခြားမပြောင်းလဲခဲ့ပါဘူး။
လူတွေလိုပဲမန်ကျည်းပင်နဲ့တမာပင်တွေဟာလဲရှင်သန်လိုက်၊ဓါတ်မြေသြဇာဖြစ်လိုက်နဲ့ပါ။
ကျွန်တော့်အဖိုးအဖွားတွေကိုသူတို့အဖိုးအဖွားတွေကိုမေ့ပစ်လိုက်သလိုမျိုးကျွန်တော်တို့ကိုလဲ
ကျွန်တော့်မြေးမြစ်တွေကမေ့ပစ်ကြမှာအမှန်ပါပဲ။ဒီလိုပါပဲ။စိတ်မကောင်းမဖြစ်ပါနဲ့မိတ်ဆွေကြီး။
အချိန်တန်ရင်ကျွန်တော်လဲဒီလောကကြီးကထွက်ခွာရဦးမှာပါ။

မိတ်ဆွေကြီး...........
ဆောင်းနံနက်ခင်းမှာနှင်းတွေဝေပြီးချယ်ရီတွေမှန်မှန်ဖူးပွင့်ရဲ့လား.။
မိုးလေ၀သမှန်ကန်ပြီးကောက်ပဲသီးနှံတွေဖြစ်ထွန်းရဲ့လား။
ငှက်ကလေးတွေနေရောင်ခြည်မှန်မှန်ရရဲ့လား။
ကလေးတွေရှုရှိုက်ဖို့လေကောင်းလေသန့်ရှိရဲ့လား။
ဆူနာမီတွေလာဦးမှာလား။
ခင်ဗျားရင်ခွင်ဟောင်းလောင်းဖြစ်နေတာကျွန်တော်စိတ်မကောင်းဘူး
မိတ်ဆွေကြီး.....
သတိရလို့ဖုန်းဆက်လိုက်တာပါ။
လူတွေမကောင်းဘူး
ကမ္ဘာကြီးကိုအပိုင်းပိုင်းလုပ်ပြီးသူပိုင်တယ် ငါပိုင်တယ်ဆိုပြီး ငြင်းခုံနေကြတာ
ခင်ဗျားကတော့လူတွေကိုကြည့်ပြီးပြုံးနေမလားပဲ
လူတွေမကောင်းဘူး မိတ်ဆွေကြီး
နျူကလီးယားဗုံးတွေအပြိုင်အဆိုင်ထုတ်နေကြတယ်
အမုန်းတွေ နာကြည်းမှုတွေ အတ္တတွေကြောင့်နျူကလီးယားစစ်ပွဲတွေဖြစ်ခဲ့ရင် ..............
စိတ်မကောင်းဘူးမိတ်ဆွေကြီး ....
သတိရလို့ဖုန်းဆက်လိုက်တာပါ။



Monday, March 31, 2008

လေလွင့်သူတစ်ယောက်၏လွမ်းဆွတ်မှု

ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက် သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ
နှစ်ပေါင်းမနည်းတော့ပါ။တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင်ဗဟုသုတလည်းတိုးခဲ့သည်။
ကမ္ဘာရွာ့တစ်ဖြည်းဖြည်းကျဉ်းလာသည်။မွေးရပ်မြေက တစ်နှစ်ထက်တစ်နှစ်အိုစာသွားခဲ့သည်။
(၁)
လွန်ခဲ့သော နှစ် ၂၀ တွင် မွေးရပ်မြေ ရထားဘူတာမှအစပြုလို့ ကမ္ဘာကြီးကိုစူးစမ်းဖို့ကျွန်တော်
ခြေလှမ်းစခဲ့သည်။ရှန်ဟိုင်း ၊ကွမ်တုန်မှ ဟောင်ကောင်၊နယူးရောက်မှ ၀ါရှင်တန် ၊တောင်အမေရိကားမှ တောင်အာဖရိကထိ၊ထိုမှတဆင့်လန်ဒန် ၊ဆစ်ဒနီ အလုပ်လုပ်လှည့်လည်ရင်းကျွန်တော်ရောက်ဖူးသော
နိုင်ငံများ ၂၀ ကျော်ခဲ့သည်။နေရာသစ်တစ်ခရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ဖုန်းကဒ်တွေပေါ်လာမှအမေ့ကိုမကြာခဏကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ဖုန်းထဲတွင်အမေ၏
အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ကျွန်တော်အင်အားတွေပိုဖြစ်ခဲ့သည်။
အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ်ပိုအိုစာသွားခဲ့သည်။အမေနှင့်ဖုန်းပြောတိုင်းကျန်းမာရေး
ဂရုစိုက်ဖို့ နေရာတကာသတိနှင့်သွားလာဖို့ ခွင့်ယူပြီး ပြန်မလာဖို့ ပြန်လာရင်ငွေကုန်ကျေးကျများပြီး
အလုပ်အကိုင်ပျက်မည်ဖြစ်ကြောင်း ထပ်တစ်လဲလဲပြောသည်။ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။အမေ ကျွန်တော့်ကိုလွမ်းနေပြီ တွေ့ချင်နေပြီဆိုတာကျွန်တော်သိလိုက်သည်။အမေ့အသက် (၇၅)နှစ်ရှိပါပြီ။
ကျွန်တော့်စားပွဲရှေ့က အလုပ်တွေကိုချပြီးစိတ်ထဲကအစီအစဉ်တွေကိုဆွဲနေမိပါတယ်။ အမေ့ဆီတစ်လပြန်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်သည်။ထိုတစ်လအတွင်း ဘာမှမလုပ်ဘဲ
အမေ့အနားတွင်နေမည်။

(၂)

ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင်
အစီအစဉ်ဆွဲတော့သည်။မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများမှတ်၊ ကျွန်တော်ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကိုပြန်ပြင်ချုပ်၊ကျွန်တော်ရောက်တုန်းအဆင်သင့်ဝတ်ဖို့အ၀တ်အစားတွေ ပြင်ဆင်ရင်းအမေအလုပ်တွေရှုပ်နေခဲ့သည်ဆိုတာကိုနောက်မှကျွန်တော်ပြန်သိခွင့်ရခဲ့သည်။အသက်(၇၅)နှစ်
ရှိပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ ကျွန်တော်ပြန်လာဖို့အအတွက်ပြင်ဆင်ရင်း မောဖို့မေ့နေပြီဖြစ်ကြောင်းကျွန်တော်ခံစားမိသည်။

(၃)

လေယာဉ်ပေါ်တွင် အမေနှင့် တွေ့သည့်အခါ အမေ့ကိုပြေးပြီး ဖက်လိုက်မည်ဟုစိတ်ကူးနှင့်
ကြည်နူးနေမိသည်။သို့သော်ထိုဟင်းများကိုကျွန်တော်မကြိုက်တော့ကြောင်းအမေ့ကိုမပြောဖြစ်ခဲ့ပါ။
မျက်စိမှုန်လာပြီဖြစ်သောကြောင့် အမေ့ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက် ဖြစ်နေသည်။ ကျွန်တော့်အတွက်ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်နေသည်။
ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့အကျင့်ကျွန်တော့်မှာ မရှိတော့။ ဂွမ်းစောင်များအစား
သိုးမွေးစောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့ပါ။
ကျွန်တော် ပြန်လာတာအမေ့ကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။

(၃)

အိမ်ပြန်ရောက်စနှစ်ရက်တွင်အလုပ်များရှုပ်နေသဖြင့် အမေ့နှင့်ကောင်းကောင်းစကားမပြောဖြစ်ပါ။
ပြောဖြစ်ပြန်တော့လဲလူဖြစ်အင်များ လူ့ဘ၀အကြောင်းများ ကို ထပ်တစ်လဲလဲ ပြောနေတော့သည်။
ထိုအကြောင်းများသည် လွန်ခဲ့သော(၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီးကျွန်တော့၏ဘ၀နှင့်အလုပ်အကြောင်းကို
ခိုင်းနှိုင်းပြီး ပြောတော့သည်။ ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်လာလျှင်ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်းပြောမိလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်
နေတတ်သည်။


(၄)

မျက်စိတွေ မှုန်ဝါးနေပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း
ကျွန်တော်သတိပြုမိလာသည။် အမေချက်သောဟင်းများထဲတွင် တစ်ခါတစ်ခါ ပိုးကောင်များ၊ယင်ကောင်များ ပါလာတတ်သလိုထမင်းဟင်းများ ကြမ်းပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။အခြေအနေ
များသည် ယခင်ကနှင့်မတူတော့။အိမ်တွင်မချက်ဘဲ ဆိုင်တွင်မှာစားရန်ပြောသောအခါ အပြင်စာများသည်
ညစ်ပတ်ကြောင်း ကျန်းမာရေးနှင့်မညီညွတ်နိုင်ကြောင်း ပြောသည်။ထမင်းချက်အဖော်တစ်ယောက်ရှာ
ထားခဲ့မည်ဟု ပြောပြန်လျှင်အမေသည် ငါလှုပ်ရှားနိုင်သေးသည် ၊ ငါမအိုသေး ဟု ကျွန်တော့်ကို
စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။
နောက်ဆုံးတွင် အမေ့ခြေလှမ်းများကြောင့်လိုရာသို့မရောက်နိုင်ခဲ့။

(၅)

အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်းကျွန်တော့်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း
လမ်းမှားလိုက်နေပြီဟုအမေထင်သည်။အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်
ကြောင်းကိုတော့ကျွန်တော်အားမနာစွာအမေ့ကိုပြေဖြစ်ခဲ့သည်။နောက်ပိုင်းတွင် အမေနှင့်ပြောဖြစ်သော
စကားတိုင်းတွင် ကျွန်တော်စိတ်အနှောက်အယှက်ဖြစ်ပြီးစကားလမ်းကြောင်းလွဲခြင်းများကိုလုပ်လာမိသည်။ ကျွန်တော်စိတ်မရှည်သောအချိန်တွင်စကားသံကိုအကျယ်ကြီး ပြောမိခြင်း၊ စကားဖြစ်ခြင်းများပြုလုပ်မိသောအခါ အမေသည်ပြောလက်စ စကားကိုရပ်ပြီးတွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

(၆)

ခွင့်တစ်လပြည့်လို့ ပြန်ခါနီးတွင် အမေသည်ကုတင်အောက်က သေတ္တာ ဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ
သိမ်းထားသောသတင်းစာဖြတ်ပိုင်းများကိုကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြစ်ပိုင်းများမှာ
ကျွန်တော့်အားပြရန် ထိုဖြတ်ပိုင်းများကိုဂရုတစိုက်ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော့လက်ထဲသို့အပ်ပြီးကျွန်တော်နှင့်အတူယူဆောင်သွားစေလိုသည်။မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီးထိုဖြတ်ပိုင်းလေးတစ်ခုကို မည်မျှ ခက်ခက်ခဲခဲညှပ်ခဲ့သည်ဆိုတာကို ကျွန်တော်အသိ၊ သို့သော်လုံးဝအသုံးမ၀င်တော့သော ထိုဖြတ်ပိုင်းများကို ယူမသွားချင်ပေ။ ကျွန်တော်တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှဖြတ်ပိုင်းလေးတစ်ခု
လွှင့်ကျသွားခဲ့သည်။ ကျွန်တော့်ထက်ဦးအောင် အမေက ကောက်ယူပြီး အကျီအိပ်ထဲသို့ထည့်လိုက်သည်။
" ဘာဖြစ်ပိုင်းလေးလဲအမေ ကျွန်တော့်ကိုပြပါလား" ဟုမေးတော့အမေက တွေတွေလေးနှင့် ကမ်းပေးပြီး ထမင်းစား
ခန်းသို့ထွက်သွားလိုက်သည်။


(၇)

ကျွန်တော်ချက်ချင်းဖတ်ကြည့်လိုက်သည်။ " ငါအိုသွားသောအခါ" ဟုခေါင်းစဉ်တပ်ထားသော
၂၀၀၄ - ၁၂ လပိုင်း၆ ရက်နေ့က ဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေးမှာ ............

"ငါ အိုသွားတဲ့အခါ"


ငါအိုသွားတဲ့အခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး ငါ့ကိုနားလည်ပါ စိတ်ရှည်ရှည်ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ထမင်းဟင်းတွေအကျီပေါ်လောင်းမိတဲ့အခါ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ
ငါ့ကိုမရွံပါနဲ့ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး
နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကိုမရိုးအောင်ပြောရင်းငါချော့သိပ်ခဲ့
တာတွေကိုသတိရပေးပါ။

မလှုပ်ရှားနိုင်လို့ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ၊ ငယ်ငယ်တုန်းက ချော့တစ်လှည့်
ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ငယ်ငယ်တုန်းက
"ဘာကြောင့်" ဆိုတဲ့မေးခွန်းတွေကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။

စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့
ငါ့ကိုတွဲကူပေးပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက် ကျင့်ပေးခဲ့တာကိုကျေးဇူးပြုပြီး
သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရတာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကိုငါမေ့သွားတဲ့အခါ
အချိန်ပေးပြီး
စဉ်းစားခွင့်ပေးပါ။စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး ၊ဘေးနားကနေ ငါပြောသမျှ
နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ နားလည်ပေးပါ အားပေးပါ
အရင်တုန်းကလူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး
အချိန်တွေအတွက် အဖော်ပြုပေးပါ။
အချစ်နဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာ
တွေ တွေ့ရမှာပါ။


(၈)

ကျွန်တော် မျက်ရည်မကျမိအောင်ထိန်းထားရင်း မနားတမ်းဆုံးအောင်ဖတ်လိုက်မိပါတယ်။
ကျွန်တော့်သေတ္တာထဲကအကောင်းဆုံးအ၀တ်တစ်စုံကိုထားခဲ့ပြီးထိုဖြတ်ပိုင်းလေးကို ထည့်လိုက်တယ်။
ကျန်သော ဖြတ်ပိုင်းများက ကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော်ဘယ်ရောက်ရောက် ကျွန်တော့်အပါးမှမခွာတော့ပါ။













Thursday, March 13, 2008

ဘ၀မှာမျက်နှာချင်းဆိုင်ရလွန်းတော့လဲ
လူချင်းမှာပြီးနှုတ်ဆက်မိတာများလွန်းတယ်
ကောင်လေးရေ
မင်္ဂလာပါ
မင်းကိုငါလူမှားခဲ့ပါသလား။

Monday, March 10, 2008

ဘာကိုမှမမျှော်လင့်ပါဘဲ
ငါချစ်နေပါရစေ
ဝေးသွားရင်လဲ ဝေးသွားသလိုပေါ့
နီးနေခဲ့ရင် နီးနေခဲ့သလိုမျိုးပေါ့
ငါချစ်နေမှာပါ
ငါ့အတွက်ဘာမှမလိုပါဘူး
နင့်ကိုချစ်နေတဲ့စိတ်တစ်ခုထဲနဲ့တင်
လောကကြီးကိုစိန်ခေါ်ရဲတယ်
အရူးမလေးလို့ပြောခဲ့တဲ့
စကားသံတွေကိုငါကြားယောင်မိတယ်
ငါသတိရနေမှာပါ ချစ်သူ
ဘယ်အချိန်နီးရမလဲမသိတဲ့
ငါတို့ရဲ့နေ့ရက်တွေကို ကြိုးစားရင်ဆိုင်ရင်း
မျှော်လင့်ချက်အသစ်တွေနဲ့ ငါ့ကိုနိုးထခွင့်ပေးပါ။
ဝေးကွာတဲ့နေ့ရက်တွေကိုဆုပ်ကိုင်ပြီး
အထီးကျန်ရတဲ့ကမ္ဘာမှာ
ပျော်ရွင်ခြင်းဟာ ခြောက်ကပ်ကပ်ရီသံတွေဖြစ်လာခဲ့တယ်
ရခဲ့တဲ့အမှတ်တရတွေကို အထပ်ထပ်ဆန်းသစ်အောင်
တမ်းတရင်းနဲ့ပဲ
တဖြည်းဖြည်းဟောင်းနွမ်းလာခဲ့တယ်
လိုချင်တာက ချစ်ခြင်းမေတ္တာ
ရလိုက်တာက ကျောခိုင်းမှု
ကွာခြားချက်တွေအတွက် ဖြေသိမ့်ဖို့ကြိုးစားရင်း
နှစ်နှစ်စာအလွမ်းတွေနဲ့
ငါလွမ်းနေဆဲပါ ချစ်သူ ။

သတိရခြင်းများ

ခြောက်ကပ်ကပ်အလွမ်းအစိုင်အခဲလေးတွေ
နှင်းတွေဝေချိန် သစ်လွင်ပြန်လန်းစို
ဆောင်းရနံ့တွေနဲ့ ရင်တွေတဆတ်ဆတ်ခုန်လို့
မြောက်ပြန်လေနဲ့ပါသွားတဲ့ ပုံပြင်လေး
ဘယ်အထိအောင် ဝေးခဲ့ပြီလဲလေ .......။

အိုမင်းရင့်ရော်မှုကိုဘယ်လိုဟန့်တားမလဲ
နှင်းတွေပြုံးလိုက်တိုင်း ငယ်မူပြန်
ဖြစ်ရိုးဖြစ်စဉ် ကံကြမ္မာကို တီးလုံးလေးတွေလိုနားဆင်
မယဉ်ကျေးတဲ့လောကဓံကို ဥပက္ခာပြုလို့
ချမ်းစိမ့်စိမ့်အအေးဓါတ်လေးနဲ့ဆောင်း
အိမ်မက်ကောင်းလေးယူလာပေးပြီ ........။

သူ့အိမ်ရှေ့လေးကိုဖြတ်လျှောက်ခဲ့တယ်
အနွေးထည်လေးနှင်းတွေနဲ့စကားဆို
ခရေပင်အိုတွေ ခုထိပျံ့သင်းနေဆဲ
မမှတ်မိတော့ပဲ နေပါ့မလား
ဆောင်းဆိုတဲ့အသံကြားတိုင်း
သတိရခြင်းတွေကို ဘယ်လိုမှ
အိပ်ခိုင်းထားလို့မရတော့ဘူးလေ ......။

ငယ်ဘ၀ရဲ့ကြယ်တံခွန်

နှစ်တွေဘယ်လောက်ကြာပြီလဲ
ရေခြားမြေခြားကိန္ခီရီချောင်းခြားခဲ့သော ကမ်းပါးတွေ
စာမလာ သတင်းမကြား သတိရခြင်းပန်းပွင့်တွေ
နေ့တိုင်းကြွေလို့
မှတ်ဥာဏ်ထဲမှာဆယ်ကျော်သက်ရဲ့ ရုပ်ပုံလွှာ
" တစ်နေ့နေ့ ငါတို့ပြန်ဆုံမယ်"
အိမ်မက်လား အာရုံမှောက်မှားမှုလား
ကလေးဘ၀ရဲ့အသံလှိုင်းတွေထဆဲ
သူဘယ်မှာလဲ ကိုယ်မသိရ ကိုယ်ဘယ်မှာလဲ သူမသိရ
မီးပြတ်သလို အဆက်အသွယ်ပြတ်သွားတဲ့ ဘ၀များ
အသက်တွေကြီးလာတယ်
ဒဏ်ရာတွေသာများလာတယ်
ကိုယ့်အကြောင်းနဲ့ကိုယ်ခေတ်ရေစီးထဲစုန်ဆန်မျောလို့
စိတ်ချောက်ခြားစရာ အတိတ်တစ္ဆေ
ငယ်ဘ၀အပေါ်ဖြတ်စီးသွားတဲ့ဖြတ်စီးသွားတဲ့
မြစ်ရေတွေဟာ နောက်တစ်ခါ ပြန်မလာကြတော့ဘူး။