Monday, January 21, 2008

စုံစီနဖာ

သူများတွေက ချစ်သူတွေနဲ့တွဲသွားနေတဲ့အချိန်မှာ ကျွန်မကဘ၀အရေးအတွက်ကြိုးစားနေရတယ်
ဒါမေမယ့်ကျွန်မကြိုးစားမှုကအရာထင်မှာပါ
ကြိုးစားနေတာပဲ လက်တွေ့ဘ၀ထဲကိုရောက်လာတာ သိပ်မကြာသေးဘူး
အဟဲ ပြောရရင် လပိုင်းလောက်ပဲရှိအုံးမယ်
စိတ်ကူးယဉ်ထားတဲ့အရာတွေဟာ အမှန်တကယ်ဖြစ်လာရင်သိပ်ကောင်းမှာပဲနော်


တနေ့နေ့တချိန်ချိန်မှာကိုယ်ချစ်တဲ့သူတွေကိုခွဲရမှာပဲလေ သေကွဲနဲ့ရှင်ကွဲပဲကွာတယ်
သတိရတာကိုသတိရတယ်လို့ဖွင့်ပြောခွင့်မရတာဆိုးတယ်နော်

ဘယ်လိုလုပ်ရမလဲဟင်

ကျွန်မရဲ့ကြယ်လေးအကြောင်းပြောပြမယ်
ဟိုးခပ်ဝေးဝေးက ကြယ်ကလေးကအမြဲတမ်းလင်းလက်နေတယ်
တစ်ခါတစ်လေသူ့ရဲ့အလင်းရောင်တွေကကွန်မမခံနိုင်လောက်အောင် ပြင်းလွန်းတယ်
ကျွန်မကဘာမှမရှိတြ့ကောင်မလေးပါ
ပိုင်တာဆိုလို့ ၀က်ဝံရုပ်ကလေးတစ်ရုပ်ပဲရှိတယ်
ကျွန်မကြယ်ကလေးကိုအမြဲငေးမောကြည့်နေရတယ် ဟိုတုန်းကတည်းကပါ
အခုတော့ကျွန်မကြယ်ကလေးမရှိတော့ဘူး
တခြားကမ္ဘာရောက်သွားပြီ သူပျော်နေပါပြီ
ကျွန်မလဲပျော်နေသင့်ပါပြီ
အမြဲဆုတောင်းပေးနေတာအခုထက်ျထိ
ဟိုးခပ်ဝေးဝေးကကြယ်ကလေး အမြဲတမ်းလင်းလက်နိုင်ပါစေ

ကျွန်မစိတ်ကိုပြတ်သားအောင်လုပ်ပေးတဲ့သူတစ်ယောက်ကိုကျေးဇူးတင်ပါတယ်

No comments: