ဘယ်အပိုင်းတွေက အလုပ်နဲ့ပတ်သက်ရင်စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်သလဲ?
- ကွန်ပျူတာနဲ့ပတ်သက်လို့လုပ်နေတဲကာလပတ်လုံး........
ဘယ်သူ (သို့)ဘယ်အရာတွေကိုသင့်ဘ၀မှာအချစ်ဆုံးလဲ
-အမေ ၊ ပြီးတော့မောင်လေး ပြီးတော့ ကျွန်မချစ်သူ အမြဲတမ်း ပျက်နေတတ်တဲ့ ကျွန်မ ကွန်ပျူတာ
ဘယ်လိုမျိုးအပန်းဖြေသလဲ (ဥပမာ..........)
- အင်း .... စာဖတ်မယ် ၊ သီချင်းနားထောင်မယ် ၊ပြီးတော့ ရုပ်ရှင်ကြည့်မယ် ၊ကျွန်မသူငယ်ချင်းနဲ့ဖုန်းပြောမယ် ၊ အဟဲ သူ့ကိုညှင်းမယ်
အခုလောလောဆယ်ဖတ်နေတဲ့စာအုပ်
- ငယ်ငယ်ကရေးထားတဲ့ ဒိုင်ယာရီလေ ၊ ကျွန်မငယ်ငယ်ကတည်းက နေ့စဉ်မှတ်တမ်းရေးတတ်တယ် ၊ အခုပြန်ဖတ်တော့ ကွဲပြားနေ
တာတွေတွေ့ရတယ် ၊အသက်(၁၅)နှစ်ကအတွေးနဲ့ အခုအသက်(၂၃)နှစ်ကအတွေးကလုံးဝကွာသွားပြီ
ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲ
- အဟဲ .... တစ်ခါတစ်လေ ဘာမှန်းမဟုတ်တာကို စိတ်တိုတတ်တယ် ၊စိတ်လဲပုပ်တတ်တယ် ၊ ဒါပေမယ့်အဲလိုစိတ်ထားကမကောင်းဘူး
ဆိုတာကိုဆင်ခြင်လိုက်တယ် ၊များသောအားဖြင့်တော့ ပျော်ပျော်ရွင်ရွင်ပေါ့ပေါ့ပါးပါးနေတတ်ပါတယ် ၊အမြဲပြုံးနေတတ်တဲ့ကျွန်မကို
တစ်ခါတစ်လေသူငယ်ချင်းတွေကစိတ်ညစ်တဲ့အချိန်ရောရှိရဲ့လားလို့မေးတတ်ကြတယ်
ဘယ်လိုသေချင်သလဲ
-ငြိမ်းချမ်းတဲ့သေခြင်းမျိုးနဲ့သေချင်ပါတယ်။
No comments:
Post a Comment