Tuesday, January 8, 2008

သို့ ....... သူငယ်ချင်း

ဟေ့ကောင် .......
မင်းမရှိတော့တဲ့ စကားဝိုင်းမှာ
မင်းအကြောင်းတွေပါတတ်တယ်
ဟေ့ကောင် ........
အရင်လို မင်းနဲ့ငါရန်မဖြစ်ရတော့ ငါလဲနေရတာပျင်းလာတယ်
ဟေ့ကောင် ...........
ငါတို့လောကကြီးကိုသရော်တိုင်းမင်းကိုသတိရတယ်
ဟေ့ကောင် .........
သီချင်းတွေသံစဉ်မဲ့ကုန်ပြီ
ကျောင်းဆောင်ကြီးလဲဆေးတွေကွာကျကုန်ပြီ
မင်းမှမသိတော့တာ
ဟေ့ကောင်..........
အရာရာပြီးပြည့်စုံခဲ့လဲ ငါမင်းကိုသတိရတယ်
ဟေ့ကောင် ......
မပူမပင်မတောင့်တနေရလဲ ငါမင်းကိုပဲလွမ်းတယ်
ဟေ့ကောင် .......
ဖြစ်နိုင်ရင် မင်းပြန်လာခဲ့ပါလား

No comments: