Sunday, January 13, 2008

အလှမ်းဝေးနေတဲ့ရည်ရွယ်ချက်နဲ့နီးဖို့

ရည်ရွယ်ချက်တစ်ခုခုရှိပြီးရင် ပထမဆုံးလိုအပ်တာကတော့ ကိုယ်ရည်ရွယ်ထားတာဟာ ဖြစ်ကိုဖြစ်လာလိမ့်မယ်ဆိုတာ
ကိုယ့်ဘာသာကိုယ်ယုံကြည်လိုက်ဖို့ပါ။ ဖြစ်လာဖို့အတွက် ကိုယ့်ဘက်က ပြင်ဆင်သင့်တာတွေစဉ်းစားပြီးပြင်ဆင်နိုင်စွမ်းရှိတော
တွေ တစ်ခုပြီးတစ်ခု အဆင်သင့်ဖြစ်ဖို့အတွက် ပြင်ဆင်ပါ။
ဖြည့်ဆည်းရမယ့်အရာတွေကို ဖြည်းဆည်းပါ။
အလှမ်းဝေးနေတဲ့ရည်ရွယ်ချက်ဟာ နီးလိုက်လာပါလိမ့်မယ်။

အားကိုရမှာဘာလဲ

ကျွန်မတို့ဘ၀အတွက် ကျွန်မတို့ရည်ရွယ်ချက်အတွက် ကျွန်မတို့မျှော်လင့်ချက်အတွက် ကျွန်မတို့ပိုင်ဆိုင်ဖို့
ရယူနိုင်ဖို့ ခံစားနိုင်ဖို့အတွက် ဘာကိုအားကိုးရမှာလဲ။ တစ်စုံတစ်ယောက်ကိုအားကိုးမိလို့ စိတ်မောရတာတွေ၊
အချိန်ကာလတစ်ခုကိုစောင့်မျှော်ရင်း မျှောင်လင့်သလိုဖြစ်မလာလို့ စိတ်ပျက်ရတာတွေ ၊ကူညီမယ့်သူမရှိလို့အားငယ်
ရတာတွေ မဖြစ်ချင်ရင် ကိုယ့်အားကိုယ်ကိုးပါ။
ကိုယ့်ကိုကိုယ်ပဲအားကိုးလို့မရနိုင်လောက်တြ့အရည်အချင်းမရှိသေးရင် မယုံကြည်နိုင်ရင် ကိုယ့်အရည်အချင်းကို
ကိုယ်ယုံကြည်ရလောက်တဲကအခြေအနေ ရောက်အောင် ဖြည့်ဆီးပါ။
ကျွန်မတို့ အားကိုရမှာ ကျွန်မတို့ရဲ့အရည်အချင်းပါပဲ။

စိတ်သက်သာအောင်နေနည်း

ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့အတွက် ကြိုးစားကြည့်ပါ။
ဖြစ်လာရင် ကြည်နိုးစရာပေါ့။
ဖြစ်မလာရင် ကံလို့သဘောထားလိုက်ပါ။
ဒါမှမဟုတ် အလိုတော်လို့ခံယူလိုက်ပါ။
ဒါမှမဟုတ်အချိန်မကျသေးလို့ဆိုပြီးလက်ခံလိုက်ပါ။
ဒါဆို စိတ်ပင်ပန်းမှုဖြစ်မှာမဟုတ်တော့ဘူး။


ကျွ

No comments: