Sunday, January 13, 2008

ကျွန်မ

အရပ် ကလန်ကလား အသားဖြူဖြူ မျက်မှန်တပ်ထားတဲ့ အသီးအရွက်သာစားတဲ့ ကောင်မလေးတစ်ယောက်ပါ
ကျွန်မှာပိုင်တာဘာမှမရှိပါဘူး ရည်းစားလဲမရှိပါဘူး ဇီးပြားလဲမစားဖူးပါဘူး အဟဲ.......
ပေါက်ကရလေးဆယ်ပြောပြီးပျော်ပျော်နေတတ်ပါတယ် တစ်ခါတုန်းက စိတ်ဝင်စားဖူးခဲ့တဲ့ကောင်လေးတစ်ယောက်ကိုလဲသတိရနေတတ်
ပါတယ်
လောကကြီးမှာစိတ်ကူးအယဉ်ဆုံးဆုပေးရင် ကျွန်မက ပထမရမှာသေချာပါတယ်
ကိုယ်ချစ်တဲ့သူတွေကိုပေးဆပ်ရင်းအချိန်ဖြုန်းနေရတာ ၀ါသနာပါတယ်
ကမ္ဘာပတ်တာကိုလဲဝါသနာပါတယ်
အမေ့ကိုဂျစ်တိုက်ရတာလဲဝါသနာပါတယ်
မောင်လေးလိုမခွဲတတ်ဘူး ကျွန်မက ခံစားချက်တွေကိုဖုန်းကွယ်တတ်တယ်
အေးအေးချမ်းချမ်းနဲ့တစ်ယောက်ထနြေရတာဝါသနာပါတယ်
ရည်းစားတစ်ယောက်လောက်လိုချင်ပေမယ့် ကျွန်မကိုအသဲခွဲသွားမှာ ကျွန်မကအချိန်မပေးနိုင်မှာကိုတွေးပူပါတယ်
ကွန်မဘ၀မှာကျွန်မကြိုက်တြ့သီချင်းတွေနဲ့ သူငယ်ချင်းတွေရှိရင် တော်ပါပြီ
ဘယ်အရာကိုမှ ကျွန်မကအတင်းလုပ်ရတာမကြိုက်ဘူး
ကိစ္စတစ်ခုကအစကတည်းကအဆင်မပြေရင် ဘာမှမလုပ်ချင်ဘူး
တစ်ခါတစ်လေ ဘာမဟုတ်တဲ့အကြောင်းအရာလေးနဲ့မျက်ရည်ကျတတ်တယ် (ဥပမာ အမေကမောင်လေးကိုမဆူပဲကျွန်မကိုဆူတဲ့အချိန်)
အမေ မောင်လေး သာရှိရင် ကျွန်မဘ၀ကအစစအရာရာပြည့်စုံနေပါပြီ

No comments: